Channel Myanmar

Richard Anderson

On the Count of Three (2022)
On the Count of Three (2022) Val နဲ့ Kevin တို့ဟာငယ်ကတည်းကပေါင်းလာတဲ့သူငယ်ချင်းတွေပါ။Kevin ဟာကလေးဘ၀တည်းကစိတ်ကျန်းမာရေးပြဿနာတွေရှိခဲ့သူပါ။တစ်ခါကဆေးသောက်ပြီးကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ကြိုးစားတဲ့အတွက်စိတ်ကျန်းမာရေးဆေးရုံကိုပို့ခံထားရပါတယ်။Val ဟာလည်းငယ်စဉ်ကဖခင်ဖြစ်သူရဲ့ရိုက်နှက်တာခံရလို့နာကျည်းနေသူပါ။သူမုန်းတီးတဲ့အလုပ်ကြောင့်လည်း စိတ်ဆင်းရဲနေပါတယ်။တစ်နေ့မှာတော့ Val ဟာ Kevin ကိုစိတ်ကျန်းမာရေးဆေးရုံကနေခေါ်ထုတ်ပြီး နှစ်ယောက်တူတူအဆုံးစီရင်ဖို့ သဘောတူလိုက်ကြပါတယ်။ဒါပေမယ့် မသတ်သေခင်နောက်ဆုံးတစ်ရက်မှာ သူတို့ရဲ့မပြီးပြတ်တဲ့ကိစ္စတွေကို လုပ်ဖို့ကြိုးစားရာကနေ တလွဲတွေဖြစ်လာပြီး ဘ၀အပေါ်အမြင်ပြောင်းလဲလာပုံကိုတင်ဆက်ထားပါတယ်။Jerrod Carmichael ကဒါရိုက်တာ‌အနေနဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါ၀င်ထားပါတယ်။ဘ၀ရဲ့တန်ဖိုးကိုဆန်းစစ်ပြပြီး သူငယ်ချင်းနှစ်ယောက်ကြား သံယောဇဉ်ကိုပါကြည့်ရမှာပါ။ Rotten tomatoes -85% Metacritic -74% File size…(1.6gb)/(746MB)/(349MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Comedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

On the Count of Three (2022)

The Player(1992) 7.5
The Player(1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player(1992)