Channel Myanmar

Richard Chamberlain

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
Allan Quatermain and the Lost City of Gold (1986) 4.6
Allan Quatermain and the Lost City of Gold (1986) King Solomon's Mines ရုပ်ရှင်ရဲ့နောက်ဆက်တွဲဖြစ်ပြီး H. Rider Haggard ရဲ့ဝတ္တုကို အခြေခံကာ ရိုက်ကူးထားတဲ့ မုဆိုးကျော်အလန်ကွာတာမိန်းရဲ့ စွန့်စားခန်းနောက်တစ်ကားဖြစ်ပါတယ်။ ထွေထွေထူးထူး ညွှန်းဖို့လိုမယ်တော့မထင်ပါဘူး။ဇာတ်လမ်းရဲ့အစကတော့ ဆော်လမွန်သိုက်ကိုရှာတွေ့ပြီးတဲ့နောက်ပိုင်း ကွာတာမိန်းနဲ့ ဂျက်စီတို့ဟာ အာဖရိကမှာ ဆက်နေခဲ့ပါတယ်။ ထို့နောက် အမေရိကားကိုပြန်ကာ မင်္ဂလာဆောင်ဖို့ နှစ်ဦးသား စီစဉ်ခဲ့ကြပါတယ်။ သို့သော် ကွာတာမိန်းရဲ့ သူငယ်ချင်းဖြစ်တဲ့ ဒူမောင့်ဟာ ကွာတာမိန်းဆီကို ဆိုးဝါးတဲ့အနေအထားနဲ့ရောက်လာခဲ့ပါတယ်။ ဒူမောင့်ဟာ ပြင်းထန်တဲ့အဖျားရောဂါရနေပြီး အဖျားတက်ကာ ကွာတာမိန်းရဲ့ညီဖြစ်သူ ရော်ဘင်ဆန်ရဲ့နာမည်ကိုရေရွတ်ပြီးတော့ ရွှေတွေအကြောင်း ကယောင်ကတမ်းနဲ့ပြောပါတယ်။ကွာတာမိန်းလည်း သူ့ညီကို စိတ်ပူပြီး သေချာစုံစမ်းတဲ့အခါမှာတော့ ဒဏ္ဏာရီထဲက ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ကို ရော်ဘင်ဆန်တို့အဖွဲ့ သွားရှာကြောင်းသိရပါတော့တယ်။ အဲဒီတော့ ကွာတာမိန်းဟာ သူ့ညီကိုရှာဖို့ သူကိုယ်တိုင် ပျောက်ဆုံးနေတဲ့ရွှေမြို့တော်ဆီသွားဖို့လုပ်ပါတော့တယ်။ ထို့နောက်မှာတော့....အလန်ကွာတာမိန်းဇာတ်ကားများကို ဒီလင့်မှာ https://channelmyanmar.org/?s=allan+quatermain   ကြည့်ပါ။ File size…(2.1 GB) / (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:40:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias
movie

Allan Quatermain and the Lost City of Gold (1986)

Allan Quatermain : King Solomon’s Mines (1985)
Allan Quatermain : King Solomon’s Mines (1985) Sir H. Rider Haggard ရဲ့ King Solomon's Mines ဝတ္တုကို လူအတော်များများသိကြမှာပါ။ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း ဆော်လမွန်သိုက်ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးပြီး စာရေးဆရာအတော်များများလည်း ဒီဝတ္တုကို မြန်မာဘာသာနဲ့ပြန်ဆိုထုတ်ဝေခဲ့ဖူးပါတယ်။အခု ဒီဇာတ်ကားဟာလည်း King Solomon's Mines ကို မှီငြမ်းရိုက်ကူးထားတဲ့ကားပါ။ စာအုပ်ထဲကအတိုင်း တစ်ထပ်တည်းကျအောင်ရိုက်ကူးထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းပြန်ပြင်ထားတာဖြစ်လို့ စာအုပ်ဖတ်ဖူးတဲ့သူတွေအဖို့ နည်းနည်းစိတ်ကသိကအောင့်တော့ဖြစ်မိကြမှာပါ။ ဒါပေမဲ့ ဇာတ်လမ်းလေးက ခပ်မြူးမြူးလေးမို့ ကြည့်ရတာအတော်လေးအဆင်ပြေပါတယ်။မင်းသားကြီး ရစ်ချက်ချိန်ဘာလိန်းရဲ့  အလန်ကွာတာမိန်းဇာတ်ရုပ်က သူနဲ့လိုက်ဖက်သလို မင်းသမီးချော ရှရွန်စတုန်းကလဲ ဇာတ်ကိုကြွလာအောင် ထပ်မံဖြည့်တင်းထားနိုင်တာမို့ ဘယ်အချိန်ကြည့်ကြည့် အကြည့်ခံတဲ့ဇာတ်ကားလေးပါပဲ။အင်ဒီယာနာဂျုံးကြိုက်သူတွေ အလန်ကွာတာမိန်းကိုလည်း သဘောကျနှစ်ခြိုက်ကြမှာပါ။ ထိုခေတ်ထိုအခါက CGI တွေခေတ်မစားလေတော့ ရိုက်ကွင်းဆက်တင်တွေကို အဓိကအားကိုးပြီး အာဖရိကအထိသွားပြီး လူရိုင်းတွေနဲ့ အပင်ပန်းခံသွားရိုက်ထားတာပါ။ဇာတ်လမ်းဇာတ်ညွှန်းကို သိနေရင်တောင်မှ အက်ရှင်စွန့်စားခန်းအပြည့်နဲ့ Adventure Vibe အပြည့်ရစေတာမို့မိတ်ဆွေတို့ကို မပျင်းစေဘဲ အဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်ကားပါ။မိတ်ဆွေတို့နှစ်ခြိုက်တယ်ဆိုရင် ကျန်ရှိတဲ့ အလန်ကွာတာမိန်းဇာတ်ကားတွေကိုလဲ ထပ်မံတင်ဆက်သွားပါ့မယ်။ပုံ - Alias Quatermain File size…(2 GB) / (1 GB) Quality….BluRay HEVC ...
movie

Allan Quatermain : King Solomon’s Mines (1985)

HEVC 1080p