Channel Myanmar

Richard Fleeshman

The Admirer (2023) 4.9
The Admirer (2023) The Admirer (2023) ===============ဒီ Thriller အမျိုးအစားဇာတ်ကားလေးကတော့ အမျိုးသမီးတစ်ယောက် ကိုလိုက်ပြီးခြောက်လှန့်နေတဲ့ လူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ ‌ ဇာတ်လမ်းလေးရဲ့အစမှာတော့ နန်စီ ဆိုတဲ့အမျိုးသမီးဟာ သူနဲ့လက်ထပ် တော့မယ့်ကောင်လေးကို လက်မထပ်ခင်ညမှာတင် ဆုံးရှုံးလိုက်ရပါတယ်။ video call ပြောနေရင်း တစ်ယောက်ယောက်ကတိုက်ပေါ်ကနေတွန်းချသွား တာမလို့ သူ့မျက်စိရှေ့မှာတင်ဖြစ်ပျက်ခဲ့တာပါ။ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း မှာလည်း နန်စီ အတွက် ထူးထူးဆန်းဆန်းကိစ္စတွေ၊ လူသတ်သမားက သူ့ကောင် လေးဖုန်းက‌နေတစ်ဆင့် မက်ဆေ့တွေပို့ပြီး ခြိမ်းခြောက်နေတာတွေ၊ အလုပ်မှာ ပါချောက်တွန်းခံရတာတွေကြောင့်မလို့ နန်စီ လည်းလူသတ်သမားကိုလိုက်ရှာ ပါတော့တယ်။လူသတ်သမားကဘယ်သူလဲ၊ နန်စီ အနီးနားကလူတွေပဲလား၊ နန်စီ တစ်ယောက် လူသတ်သမားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရင်ခုန်စိတ်၀င်စားဖွယ်ကြည့် ရှုရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်)File Size..........(1.78 GB) / (600 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 27Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Theo Kat Encoder..........SWM
movie

The Admirer (2023)

2023
R.I.P.D. 2: Rise of the Damned (2022)
R.I.P.D. 2: Rise of the Damned (2022)  2013 တုန်းက RIPD ရုပ်ရှင်ကို ကြည့်ဖူးသူကြည့်ဖူးမှာပါ။ Deadpool မင်းသားနဲ့ ရိုက်ထားတဲ့ကားရှိပါတယ်။ မကြည့်ဖူးသေးရင်လည်း ချန်နယ်မြန်မာမှာ တင်ထားပါတယ်။ အခုကားကတော့ အဲဒီ ၂၀၁၃ ကားရဲ့ ခေတ်မတိုင်ခင် ၁၈ ရာစု ကောင်းဘွိုင်ခေတ်က ရွိုင်ရဲ့ မူလဇာတ်လမ်းပါ။ ဒီတော့ ဓာတ်ဘူးမင်းသား ရိုင်ရန်ရေးနိုးတော့ မပါတော့ပါဘူး။ဒါပေမဲ့ RIPD 1 လိုပဲ အတော်လေး ကောင်းပါတယ်။ ကောင်းဘွိုင်ခေတ်အရသာတစ်မျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရွိုင်ဆိုတဲ့ ရဲမှူးတစ်ယောက်ဟာ ရထားတွဲကို လာတိုက်တဲ့ ဓားပြတွေကို ပြန်တိုက်ရင် သေသွားခဲ့ပါတယ်။ သူသေသွားပြီးတော့ ကောင်းကင်ဘုံနဲ့ငရဲကိုမရောက်ခင် RIPD ကိုရောက်သွားပါတော့တယ်။RIPDကတော့ငရဲပြည်ကနေထွက်ပြေးလာပြီးလူ့ပြည်မှာ သောင်းကျန်းနေတဲ့ ဝိညာဉ်တွေကို ဖမ်းဆီးနှိမ်နင်းရတဲ့ တမလွန်ရဲဌာနတစ်ခုပါပဲ။ ဒီရုပ်ရှင်မှာလည်းငရဲကနေ လွတ်လာတဲ့ ငရဲပြေးတစ်သိုက်ဟာ ငရဲတံခါးကိုဖွင့်ပြီး ငရဲကျဝိညာဉ်တွေအကုန်လုံးကို ကမ္ဘာကြီးထဲကိုဆွဲခေါ်ပြီး ကမ္ဘာကိုအုပ်စိုးဖို့ ပြင်ဆင်နေကြတာကို RIPD ရဲ့ အေးဂျင့်နှစ်ယောက်က ဘယ်လိုတားဆီးမလဲဆိုတာ တွေ့ရမှာပါပဲ။ ...
movie

R.I.P.D. 2: Rise of the Damned (2022)