Channel Myanmar

Richard Jutras

Dream Scenario (2023) 7.2
Dream Scenario (2023) Dream Scenario (2023) ================= IMDb Rating - 7.2/10ဇာတ်လမ်းအဆန်းအကောင်းတွေကို ထုတ်လုပ်နေကျ A24 ရဲ့ Dark Comedy ရုပ်ရှင် အသစ်လာပါပြီ။ A24 ရဲ့ Nick Cage နဲ့ ပထမဆုံး တွဲလုပ်တဲ့ရုပ်ရှင်ပါပဲ။ ဒါရိုက်တာ Ari Aster က အစမှာ Adam Sandler နဲ့ ဒီရုပ်ရှင်ကို ရိုက်မလို့ပေမဲ့ နောက်ပိုင်းမှာ ပရို ဂျူဆာအဖြစ်ပါ ပါဝင်ခဲ့ပြီး ဒါရိုက်တာ Kristoffer Borgli ကို စိတ်ကြိုက်ရိုက်ကူးစေခဲ့ တာပါ။ Kristoffer Borgli ရဲ့ အကြံပြုချက်အတိုင်း Nick Cage နဲ့ ရိုက်ခဲ့ပြီး အခုလိုပဲ ရုပ်ရှင်ကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Dark Comedy တွေရဲ့ထုံးစံအတိုင်း သူများ ဒုက္ခရောက်နေတာတွေ ငိုရခက် ရယ်ရခက် ကြည့်ရဦးမှာပါပဲ။ A24 ရဲ့ ထုံးစံအတိုင်း ရုပ်ရှင်ဟာ အဓိပ္ပါယ်တစ်ခု၊ လမ်းတစ်ခုတည်းကို ပြနေတာမဟုတ်ဘဲ၊ ကြည့်ရှုသူတွေ စိတ်ကြိုက်တွေးစရာ ...
movie

Dream Scenario (2023)

2023
4K HEVC
I’m Not There (2007) 6.8
I’m Not There (2007)   တကယ့်ဟောလီးဝုဒ် ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ Heath Ledger, Christian Bale, Cate Blanchett နှင့် အခြားသောနာမည်ကြီးသရုပ်ဆောင်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ထားပြီး အမေရိကန်သီချင်းရေးဆရာ အဆိုတော် Bob Dylan အကြောင်းကို ကျောရိုးယူရိုက်ကူးထားတဲ့ ဒါရိုက်တာ Todd Haynes ရဲ့ Experimental Biographical Film လေးဖြစ်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့အလှကို ရင်သပ်ရှုမောဖွယ်ကြည့်ရတဲ့ Nomadland ဆိုတဲ့ဇာတ်ကားလေးကို သွားပြန်သတိရပြီး တော်တော်လေး melancholy ဖြစ်တဲ့ဇာတ်ကားလေးမို့ Filmphile တို့ကို မဖြစ်မနေ ကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဉ်း —-------------------- အမေရိကန် ဖောခ့်တေးဂီတအဆိုတော် ဂျက်ရိုလန်ရဲ့ ဘဝအကြောင်း၊ အနုပညာလမ်းကြောင်းတစ်လျှောက် အနိမ့်အမြင့်ဘဝဇာတ်ခုံအကြောင်းကို ဂျက်ရိုလန်အကြောင်းကို ပြန်ရိုက်ထားတဲ့ရုပ်ရှင်မှာပါဝင်ထားတဲ့ ရော်ဘီကလာခ့်၊ နာမည်တစ်လုံးနဲ့ လက်ဦးဖော့ခ်ဂီတအဆိုတော် ဂျုဒ်ကွင်းန်၊ ရစ်ဒယ်ဆိုတဲ့မြို့ငယ်လေးမှာ လာရောက်ပုန်းခိုနေတဲ့ ဝရမ်းပြေး ဘီလီမက်ကာတီ၊ ဂီတာလေးတစ်လက်နဲ့ အမေရိကန်ပြည်ထောင်စုကို ...
movie

I’m Not There (2007)

Mirror Mirror (2012) 5.6
Mirror Mirror (2012) Mirror Mirror 2012 The Ant Bully, Smurfs, Michael Collins အစရှိတဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးကောင်း Julia Robertsနဲ့ Emily in Paris, Abduction, Tarzan, The Mortal Instruments: City of Bones အစရှိတဲ့ ရုပ်ရှင်ကောင်းတွေ များစွာမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေး Lily Collinsတို့ အတွဲညီညီ သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေး လာပါပြီ။ ဇာတ်လမ်းက ​စနိုးဝှိုက် remakeပါ။ ဒါပေမယ့် ဒီဇာတ်လမ်းက တခြားကြည့်ဖူးနေကြ ရိုးအီနေပြီဖြစ်တဲ့ စနိုးဝှိုက် ဇာတ်လမ်မျိုး မဟုတ်တော့ပါဘူး။ ဒီဇာတ်လမ်းက ဇာတ်ညွှန်းကို ဆန်းသစ်ထားတဲ့ စနိုးဝှိုက်လေးပဲဖြစ်ပါတယ်။ စနိုးဝှိုက်ဆိုတော့ သိကြတဲ့အတိုင်း ဘုရင်မ စုန်းမကြီးရယ် စနိုးဝှိုက်တို့ရဲ့ ပြိုင်ဆိုင်မှုဇာတ်လမ်းပေါ့။ ဒါပေမယ့့် မတူတာက အရင်င်စနိုးဝှိုက်တွေက ...
movie

Mirror Mirror (2012)

The Whole Nine Yards (2000) 6.7
The Whole Nine Yards (2000) The Whole Nine Yards (2000)~ IMDb rating - 6.7/10 ~Nicholas "Oz" Oseransky ဟာ လူချစ်လူခင်များပြီး စိတ်ထားကောင်းတဲ့ ကူညီတတ်တဲ့ သွားဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အိမ်မှာတော့ သူ့ကိုတစ်ချိန်လုံးထိုင်နှိပ်စက်နေတဲ့ဇနီးဆိုးနဲ့ ယောက္ခမဆိုးတွေကြောင့် ဒီအိမ်ထောင်ရေးကနေထွက်ပေါက်ရှာချင်နေတဲ့သူပါ။တစ်နေ့မှာတော့ သူတို့ဘေးအိမ်ကိုပြောင်းလာတဲ့လူဟာ သူ့ဂိုဏ်းခေါင်းဆောင်ကိုလက်ထောက်ချပြီး လာရှောင်တိမ်းနေတဲ့ နာမည်ကျော် ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy The Tulip ဆိုတာကို သူသိလိုက်ရပြီး သူ့မိန်းမကိုပြောပြမိခဲ့ပါတယ်။ အဲဒီမှာပဲ မလည်ရှုပ်လုပ်ချင်တဲ့ သူ့မိန်းမဟာ ကြံကြီးစည်ရာလို့ပြောရမယ့် အကြံကြီးတစ်ခုကိုစိတ်ကူးပေါက်ပြီး သူ့ကိုအတင်းအကျပ်ခိုင်းပါတော့တယ်။ အဲဒီအကြံကတော့ Jimmy ရဲ့ ဂိုဏ်းကိုသွားဆက်သွယ် Jimmy ကို လက်ထောက်ချပြီး ဂိုဏ်းကပေးတဲ့ဆုကြေးကိုထုတ်ဖို့ပါပဲ။ ကြေးစားလူသတ်သမားဖြစ်တဲ့ Jimmy ကတော့ Oz ကိုခင်ခင်မင်မင်လာပေါင်းတဲ့အတွက် Oz ကသူ့ဇနီးခိုင်းတာကိုမလုပ်ချင်ပေမယ့် မလွန်ဆန်နိုင်တဲ့အတွက် ရှေ့ဆက်တိုးရတဲ့အခါမှာတော့...ကြေးစားလူသတ်သမားဖြစ်ချင်တဲ့ Oz ရဲ့ လက်ထောက်ကောင်မလေး Jill, ...
movie

The Whole Nine Yards (2000)

2000
Pawn Sacrifice (2014) 7.0
Pawn Sacrifice (2014) [Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie

Pawn Sacrifice (2014)

The Twentieth Century 2019 6.9
The Twentieth Century 2019 ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File Size   ...
movie

The Twentieth Century 2019

Secret Window (2004) 6.6
Secret Window (2004) Secret Window (2004) IMDb - 6.6/10_____Rotten - 46%   တချို့ဇာတ်လမ်းတွေက ဇာတ်လမ်းအကျဉ်းချုပ်ရေးလိုက်ရင် မကြည့်ရသေးတဲ့လူတွေအတွက် အရသာပျက်သွားတာမျိုးဖြစ်သွားတတ်တဲ့အတွက် ဒီဇာတ်လမ်းကိုတော့ နည်းနည်းလောက်ပဲပြောပြထားချင်ပါတယ်…ဘာလို့လဲဆိုတော့ ဇာတ်လမ်းကအရမ်းကောင်းနေလို့ပါ..ဇာတ်လမ်က အေးပါတယ် ..ဒုန်းဒုန်း ဒိုင်းဒိုင်းတွေမပါပါဘူး.အေးပါတယ်ဒါပေမယ့် ပျင်းစရာမကောင်းပါဘူး…မင်းသားကြီး Johnny Depp ရဲ့ထုံးစံအတိုင်း စိတ်ဝင်စားစရာတွေအပြည့်နဲ့ သေသေချာချာအာရုံစိုက်ကြည့်ရှုပါမှ ဇာတ်ရည်လည်မယ့် ဇာတ်လမ်းမျိုးပါ..ဒီဇာတ်လမ်းက ဘာဖြစ်ပါသည်ခင်ဗျာ..ဆိုတာမျိုး ပြောမပြချင်တော့ပါဘူး သည်းထိတ်ရင်ဖို လျှို့ဝှက်ဆန်းကြယ်အမျိုးအစားလို့ပဲပြောပါရစေ..။စဉ်းစားတွေးခေါ်ချင်သူတွေအတွက်တော့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်..။အရုပ်ဆိုးတဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် စာရေးဆရာဟာ သူ့မိန်းမကို နယူးယောက်မြို့ကသူပိုင်တဲ့အိမ်မှာထားခဲ့ပြီး သူကတော့ တောအိမ်ကလေးမှာ တစ်ယောက်တည်း အထီးကျန်စွာနေရင်း စာရေးနေခဲ့ပါတယ်။ဒီလိုနဲ့နေလာတာ ခြောက်လလောက်ကြာလာတော့ အိမ်တံခါးကိုလူတစ်ယောက်လာခေါက်ပြီး အဲ့ဒီလူက စာရေးဆရာကို သူ့စာတစ်ပုဒ်ကို ပုံတူကူး ခိုးယူရေးသားခဲ့တယ်လို့ စွပ်စွဲပါတော့တယ်..။စာရေးဆရာက ငြင်းဆိုတဲ့အခါ အဲ့ဒီညမှာ စာရေးဆရာရဲ့ခွေးကိုသတ်သွားပြီးနောက် နောက်ထပ်ခြိမ်းခြောက်မှုတွေနဲ့အတူ..နောက်ထပ်လူသတ်မှုတွေ…?????2004 မတ်မှာ ထွက်ခဲ့တာဖြစ်ပြီး Rating တွေက IMDb- 6.6/10 Roger Ebert – ¾ rotten ...
movie

Secret Window (2004)

2004
The Young and Prodigious T.S. Spivet (2013) 7.1
The Young and Prodigious T.S. Spivet (2013)  အခုမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ အဟောင်းထဲကအကောင်းလေးတစ်ကားဖြစ်တဲ့၂၀၁၃ ကထွက်ခဲ့တဲ့The Young and Prodigious T.S.Spivet ဆိုတဲ့ကားလေးပါ IMDb 7.1 ထိရထားပါတယ် ဒီထဲမှာ မွန်တာနာက ကော်ပါတော့ခြံလေးမှာနေထိုင်တဲ့မိသားစုလေးအကြောင်းပါဒီမိသားစုမှာကောင်းဘွိုင်အလုပ်ကိုရူးသွပ်တဲ့အဖေဖြစ်သူရယ် အင်းဆက်တွေကို လေ့လာဖို့ ရူးသွပ်တဲ့အမေဖြစ်သူရယ် မစ်ယူအက်စ်အေဖြစ်ဖို့ ရူးသွပ်တဲ့ အစ်မဖြစ်သူရယ် ကာရိုက်တာချင်းလုံးဝမတူကြတဲ့အမြွာညီအစ်ကို ၂ ယောက်ရယ်ရှိကြပါတယ် တီအက်စ်စပစ်ဘက်ကတော့ သိပ္ပံပညာရှာဖွေမှုတွေကို အရမ်းရူးသွပ်ပြီး သူ့အစ်ကို လေတန်ကတော့ သူ့အဖေလိုကောင်းဘွိုင်ဖြစ်ချင်သူပါ သူတို့မိသားစုမှာ ကိုယ်စီရူးသွပ်မှုတွေနဲ့ နေထိုင်ရင်း မတော်တဆမှုနဲ့လေတန်သေဆုံးသွားပါတယ် တီအက်စ်ကတော့ ၁၀ နှစ်အရွယ်မှာပဲ တီထွင်ဆန်းသစ်မှုတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ် သူ့ရဲ့တီထွင်မှုကို စမစ်ဆိုနီယမ်ကပေးတဲ့ ဆုကိုရတာကနေစပြီး တီအက်စ်ရဲ့ နေ့စဉ်လည်ပတ်နေတာဟာ စွန့်စားခန်းတစ်ခုဖြစ်လာခဲ့ပါတယ် သူဘာတွေလုပ်မလဲဆိုတာကိုတော့ ကြည့်ရှုအားပေးကြပါလို့ ဇာတ်ကားတစ်ကားလုံးမှာ ငိုက်နေစရာအကွက်မရှိအောင်စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကားလေးပါ တကယ်ကိုကြည့်သင့်တဲ့ကားလို့ ညွှန်းပေးပါရစေ Qty - Blu ray 720pDuration -1hr 45minGern - Fantasy/ DramaSubtitle - Myanmar HardsubTranslator - May Tharaphi LwinReview -  May Tharaphi LwinEncoder - Kyaw Ye ...
movie


2013