Channel Myanmar

Richard Keats

Christmas at the Golden Dragon (2022) 6.6
Christmas at the Golden Dragon (2022) Christmas at the Golden Dragon (2022) =============================ဒီဇာတ်ကားကလေးကတော့ ခရစ်စမတ်ဟာသ ကားလေးပဲ ဖြစ်ပါတယ်။ Romy နဲ့ Rick ဆိုတဲ့ မောင်နှမနှစ်ယောက်နဲ့ သူ တို့မိသားစုဟာ ခရစ်စမတ်တိုင်း မပိတ်ပဲဖွင့်တဲ့ Golden Dragon ဆိုတဲ့စားသောက်ဆိုင်ကြီးရဲ့ ပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ခရစ် စမတ်ဆိုရင် Wichita ကအခြားဆိုင်တွေက ပိတ်ထားတော့ လူတွေက Golden Dragon ကိုပဲလာကြတော့ သူတို့အတွက် ခရစ်စမတ်ဟာ အလုပ်အရှုပ်ဆုံးအပတ်ဆိုတာအသေချာပါပဲ။ဒါပေမယ့် တစ်နေ့ Romy သူ့ကောင်လေးမိဘတွေနဲ့  သွားတွေ့ဖို့ ရပ်ခြားကိုရောက်နေတဲ့ အချိန် မထင်မှတ်ထားတဲ့ သတင်းတစ်ခု ကို ကြားလိုက်တဲ့အခါ ဘာတွေ ဖြစ်လာမလဲ၊ ဘာအလွဲလေးတွေ ဖြစ်မလဲဆိုတာကို ဟာသဆန်ဆန်လေး‌ ဖော်ပြထားပါတယ်။ မိသား စုနှင့်အတူကြည့်သင့်တဲ့ကားလေးဖြစ်ပြီးတော့ ကြည့်ရတာ ပျော်စရာ ကောင်းသလို Wichita မြို့လေးကလူတွေ ဖော်ရွေကြပုံ တစ်ယောက် ကို တစ်ယောက် ဘယ်လောက်ရိုင်းပင်းကြပုံက ရင်ကိုနွေးထွေးစေ မှာပါ။ IMDBအနေနဲ့လဲ 6.6/10 ရထားတာမလို့ မဆိုးလှပါဘူး။ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကြည့်ဖို့သိပ်ကိုကောင်းတဲ့ ဇာတ်ကား‌ လေးတစ်ခုဖြစ်လို့ ကြည့်ကြည့်ကြပါလို့ပဲ ...
movie

Christmas at the Golden Dragon (2022)

Circle of Deception (2021) 5.1
Circle of Deception (2021) Circle of Deception (2021)====================ဇာတ်ကြောင်းလေးမပြောခင်မှာ ဒီဇာတ်လမ်းရဲ့မူလဝတ္ထုကိုရေးတဲ့ Ann Rule အကြောင်းကိုအရင်ရှင်းပြမှဖြစ်ပါမယ်။Ann Rule ဆိုတာက တစ်ကယ်ဖြစ်ပျက်ခဲ့တဲ့မှုခင်းတွေအကြောင်းကို ဝတ္ထုရေးတဲ့ မှုခင်းဝတ္ထုစာရေးဆရာမကြီးတစ်ဦးပါ။သူရေးခဲ့တဲ့ " Stranger beside me" ဝတ္ထုဆိုရင် ၁၉၇၀ကာလကအမေရိကန်မှာနာမည်ကြီးခဲ့တဲ့ကွင်းဆက်လူသတ်သမားTed Bundy နဲ့ သူကြုံတွေ့ခဲ့ရတဲ့အကြောင်းကိုရေးဖွဲ့ခဲ့ထားပြီး ၁၉၈၆, ၁၉၈၉ , ၂၀၀၀, ၂၀၀၈ခုနှစ်တွေထပ်မံပဲနှိပ်ထုတ်ဝေခဲ့ရတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။အခုဇာတ်ကားလေးကလည်း ၂၀၁၃ခုနှစ်မှာထုတ်ဝေခဲ့တဲ့ "Practice to Deceive"ဝတ္ထုကိုမှီငြမ်းရိုက်ကူးထားတာပါ။အိမ်ထောင်ရေးမှာမပျော်ရွှင်ဖြစ်နေပြီး ယောကျ်ားဖြစ်သူကိုသဘောမကျတော့တဲ့ Branny Douglas တစ်ယောက်သူ့သူငယ်ချင်း Peggy Sue Thomasကိုကြည့်ပြီးအားကျနေတာပေါ့။ Peggyဆိုတာက အလှမယ်ဟောင်းဖြစ်သလိုယုံကြည်မှုအပြည့်ရှိပြီးလွတ်လပ်တဲ့လူ။ ပြီးတော့ ချမ်းသာတဲ့သူ့ချစ်သူ Jim Hudleရဲ့ ဂရုစိုက်မှုကိုခံနေရတော့ Brannyတစ်ယောက်အားကျပြီး ကိုယ့်ရဲ့အိမ်ထောင်ရေးကိုကိုယ်တိုင်ဖြိုခွဲပစ်လိုက်ပါလေရော။ ဒါပေမယ့် Branny မသိလိုက်တာကPeggy ရဲ့ တစ်ဖက်ခြမ်းမှာဖုံးကွယ်ထားတဲ့အရာတွေ။ ဒီလိုနဲ့ အိမ်ထောင်ကွဲပြီးဘဝပျက်နေတဲ့ Branny နဲ့ Peggy က ဘယ်လိုဇာတ်လမ်းတွေပတ်သက်လာမှာလဲ ...
movie

Circle of Deception (2021)