Channel Myanmar

Richard Wasserman

Cape Fear (1991) 7.3
Cape Fear (1991)  သေသောသူကြာလျှင်မေ့ဆိုသလို ဟိုးအရင်တုန်းကတကယ်ကောင်းခဲ့တဲ့ဇာတ်ကားဟောင်းလေးတွေကို အခုအချိန်မှာမေ့နေကြလောက်မှာပါ။အဲ့ဒါကြောင့်မလို့ သည်းထိတ်ရင်ဖိုကြိုက်တဲ့လူတွေအတွက် 1991 ခုနှစ်ကထွက်ရှိခဲ့တဲ့ Cape Fear ဆိုတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 7.3 ရရှိထားပြီး သူ့ခေတ်သူ့အခါကအတိုင်းအတာနဲ့ဆိုရင်တော်တော်အောင်မြင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလို့ပြောရပါမယ်။တရားဥပဒေလောကမှာ တကယ်တမ်းတရားမျှတမှုကိုရရှိနိုင်ဖို့အတွက်ဥပဒေဘောင်အပြင်က လုပ်လိုက်ရတဲ့အခိုက်အတန့်တွေရှိကြပါတယ်။ဒီကားထဲက ဆမ်ဘိုဒန်ဆိုတဲ့ရှေ့နေတစ်ယောက်ကလည်း သူ့ရဲ့အမှုသည်အတွက် တရားမျှတမှုစစ်စစ်ကိုရရှိနိုင်အောင် အချက်အလက်ထိမ်ချန်ပြီးဥပဒေဘောင်အပြင်ကနေ လုပ်ခဲ့ပါတော့တယ်။သူ့အမှုသည်ကတော့ မုဒိမ်းမှုကိုယ်ထိလက်ရောက် ရိုက်နှက်မှုတို့နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး အမှုကနေလွတ်အောင်လုပ်ပေးချင်ရင် လုပ်ပေးလို့ရတယ်ဆိုပေမဲ့ ရက်စက်လွန်းတဲ့အမှုသည်အတွက် မထိုက်တန်ဘူးလို့ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီအမှုသည်ဖြစ်တဲ့ကေဒီက ၁၄ နှစ်အကြာမှာတော့ ထောင်ထဲကနေလွတ်လာပါတော့တယ်။ထောင်ထဲက လွတ်လာတာနဲ့ရှေ့နေဆမ်ဆီကို လက်စားချေဖို့ပြန်လာခဲ့ပါတော့တယ်။ဒါပေမယ့် သူ့ရဲ့လက်စားချေပုံက သတ်ဖြတ်တာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းနဲ့ ဆမ်ရဲ့မိသားစုကို လုံးပါးပါးအောင်ဉာဏ်သုံးပြီးလက်စားချေနေတာပဲဖြစ်ပါတယ်။ဒီတော့ ဆမ်တစ်ယောက် ကိုယ်လုပ်ခဲ့တဲ့အတိတ်က ကိုယ့်နောက်ကိုပြန်လိုက်လာတဲ့ အချိန်မှာတော့ ဘာတွေဘယ်လိုလုပ်ပြီး ဖြေရှင်းမလဲ။ကေဒီကရောဘယ်လိုနည်းလမ်းတွေသုံးပြီး သူတို့မိသားစုအပေါ်မှာ လက်စားချေမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size… 2.05 GB / 988 MB Quality… Blu-Ray 1080p  / 720p Format…mp4 Duration….2h 8m Genre …..  ...
movie

Cape Fear (1991)

The Year I Started Masturbating (2022) 5.2
The Year I Started Masturbating (2022) The Year I Started Masturbating (2022)Netflix ကထွက်ထားတဲ့ The Year I Started Masturbating ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်ကားနာမည်ကြည့်ပြီးတော့ ကျောင်းသားကားဆိုပြီး တွေးနေရင်တော့ မှားသွားပါလိမ့်မယ်။ ၁၈ ယောက်စုကြည့်ရမယ်ထင်နေရင်လဲ သင့်ရဲ့ စိတ်ကို အမှောင်ဘက်ခြမ်းကနေ ပြန်ခေါ်လိုက်ပါ။ ဒီဇာတ်ကားလေးဟာ မိန်းကလေးတွေ ကိုယ့်ကိုကိုယ် ဘယ်လိုတန်ဖိုးထားရမယ်ဆိုတာ ပြသွားမဲ့ကားမျိုးပါ။ ဒါပေမဲ့ စကားလုံးတွေက ပွင့်ပွင့်လင်းလင်းပြောထားတော့ မိသားစုနဲ့တွဲကြည့်လို့လဲ အဆင်ပြေမှာမဟုတ်ပါဘူး။ (ဥပမာဆို လူတိုင်းသိကြတာက ဂျီစပေါ့ လောက်ပါပဲ ဒါပေမဲ့ ဒီထဲမှာတော့ ဂျီစပေါ့တင်မကဘဲ အိုစပေါ့ အမ်စပေါ့ ဒီစပေါ့ တွေပါ ပါပြီးတော့ ဘယ်နေရာမှပါ ရှိတယ်ဆိုတာ ညွှန်ပြထားပါသေးတယ်)။ဇာတ်လမ်းအကျဉ်းလေးကတော့ ဟန်နာဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ အလုပ်တွေကြိုးစားပြီး မိသားစုကို အချိန်မပေးနိုင်ဘဲ အလုပ်ပဲဖိလုပ်တဲ့သူပါ။ ယောကျာ်းဖြစ်သူဟာလဲ ကြာလာတေ့ ငြိုငြင်လာပါတယ်။ ဟန်နာအတွက်ကတော့ ကလေးတွေယူပြီး အလုပ်လုပ် ပိုက်ဆံရှာပေးနေရင် မိသားစုကိစ္စပြီးပြီလို ထင်နေပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ယောကျာ်းဖြစ်သူနဲ့ ပြဿနာ ဖြစ်ပြီး ...
movie

The Year I Started Masturbating (2022)

2023