Channel Myanmar

Rickey Smiley

Friday After Next (2002) 5.8
Friday After Next (2002) Friday After Next (2002)IMDb-5.8ဇာတ်လမ်းအညွှန်းခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေးခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီးတိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာသူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size…  ...
movie

Friday After Next (2002)

2002
First Sunday (2008)
First Sunday (2008) Rapper‌ လောကအပြင် ဟာသဇာတ်ကားတွေမှာ နာမည်ကြီးတဲ့ Ice Cubeရဲ့ နောက်ထပ် ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒူရွဲနဲ့ လီဂျွန်ဆိုက တကယ့်ဖွတ်ကျားနှစ်ကောင်။ အလုပ်မယ်မယ်ရရမရှိ ထောင်နဲ့တရားရုံးခဏခဏရောက် တရားသူကြီးကတောင်ဩချရတဲ့ ဘ၀မှာဘာရည်ရွယ်ချက်မှမရှိကြတဲ့ သူငယ်ချင်းတွေ။ ခပ်တုံးတုံး လီဂျွန်မွှေလာတဲ့ပြဿနာတခုကြောင့်ရော ဒူရွဲရဲ့သားဖြစ်သူကြောင့်ရော ငွေအပူတပြင်းလိုအပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက် ဒီတခေါက် ရွှေဉာဏ်တော်စူးရောက်လိုက်ကြတာကတော့ အနီးအနားက ဘုရားကျောင်းတခုရဲ့ ရန်ပုံငွေတွေကို ဓားပြတိုက်ဖို့ပါပဲ။ ဒါပေမယ့် သူတို့အစီအစဉ် စစပြီးချင်း စတက်တဲ့ ပြဿနာကတော့ သူတို့ထက် အရင်ဦးပြီး ပိုက်ဆံကို တယောက်ယောက်ကခိုးသွားတာပါ။ ဒူရွဲတို့ထက် ဘယ်သူကအရင်ခိုးသွားတာလဲ။ အဲ့သည်ငွေတွေကရော အခုဘယ်မှာလဲ။ ဘုရားကျောင်းက အဖွဲ့၀င်တွေရဲ့လက်ချက်လား။ အဆုံးမှာ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ မဟာအစီအစဉ်ကြီး ဘယ်လိုမျိုးအဆုံးသတ်သွားမလဲဆိုတာကို ရယ်မောရင်းကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ File size…  1.83 GB /  871 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 36m Genre .....  Crime , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
movie

First Sunday (2008)

2008