Channel Myanmar

Ricky Velez

Good Burger 2 (2023)
Good Burger 2 (2023)  ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Good Burger 2 (2023)

I Love My Dad (2022) 6.3
I Love My Dad (2022) I Love My Dad (2022)James Morosini ရဲ့ တကယ့်ဖြစ်ရပ်မှန် ဘဝ အတွေ့အကြုံပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့... ချက်ခ် ဂရင်းဆိုသူဟာ မိန်းမနဲ့ကွဲပြီး သားနဲ့လည်း ခွဲနေရတယ်။ သားရဲ့ မွေးနေ့တွေကစလို့ ဘွဲ့နှင်းသဘင်တွေအထိ ဆင်ခြေပေါင်းများစွာ ကတိပေါင်းများစွာ ပေးပြီး ဘယ်တော့မှ ရောက်မလာခဲ့တဲ့ ဖခင်တစ်ဦးပေါ့။သားဖြစ်သူ ဖရန့်ကလင်းက စိတ်ရောဂါ အကြံပေးနဲ့ ဆွေးနွေး ကုသမှု ခံယူနေရတဲ့သူပါ။ တစ်နေ့ သူ့အဖေကို စိတ်ပျက်လာပြီး အွန်လိုင်းကနေ ဘလော့ခ် လိုက်တယ်။ ဒီလိုနဲ့ အဖေဖြစ်သူမှာ သူ့သား သူ့ကို အဆက်သွယ်ဖြတ်လို့ စိတ်အရမ်းပူ မတင်မကျဖြစ်ပြီး ဘက်ကာဆိုတဲ့ ကောင်မလေး နာမည်နဲ့ အကောင့်အသစ်ဖွင့်ပြီး သူ့သားဆီ ချဉ်းကပ်ခဲ့တယ်။အချဉ်းကပ်လွန်ပြီး ဖရန့်ကလင်းတစ်ယောက် ဘက်ကာဆိုတဲ့အကောင့်နဲ့ စကားတွေ ပြောပြီး ချစ်ကျွမ်းဝင်သွားတယ်။ ဒီလိုနဲ့ ဖရန့်ကလင်းတစ်ယောက် ဘက်ကာနဲ့ ...
movie

I Love My Dad (2022)

2022
The King of Staten Island (2020) 7.2
The King of Staten Island (2020) The King of Staten Island (2020)========================IMDb Rating - 7.2/10#Unicodeဒီဇာတ်ကားကတော့ ၂၀၂၀ ခုနစ်ထွက် Comedy/Drama ဇာတ်ကားပါ။ Comedy ဆိုတဲ့နေရာမှာခါတိုင်းလို Punch Lines ပေါင်းများစွာနဲ့ သောခနဲ ဝေါခနဲရယ်ရတာမျိုး မဟုတ်ဘဲ ရသတစ်မျိုးကိုပေးစွမ်းနိုင်တာမို့ ကိုယ်တိုင်ပဲ ခံစားလိုက်ပါ။ဇာတ်လမ်းအကျဉ်းကို မပြောခင် Pete Davidson အကြောင်းနည်းနည်းပြောပြချင်ပါတယ်...သူကတော့ Stand up Comedian တစ်ယောက်ပါ ။ Ariana Grande ရဲ့ Ex တစ်ယောက်အနေနဲ့လည်းသိကြမယ်ထင်ပါတယ်။ အခု ဒီ ၂ နာရီကျော်တဲ့ဇာတ်ကားက Pete ရဲ့ autobiography မဟုတ်ပေမယ့်သူ့ရဲ့ ဘဝမှန်ကိုလည်း ထင်ဟပ်နေတယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် တွဲဖက်ဇာတ်ညွှန်းရေးသားထားတယ်လို့လည်း သိရပါတယ် သရုပ်ဆောင်လည်း တော်တော်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့၇ နှစ်သားအရွယ်မှာ မီးသတ်သမားဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ စကော့ဆိုတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။ သူက ...
movie

The King of Staten Island (2020)

202020