Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ridhi Dogra
7.0
Tiger 3 (2023)
Tiger 3 (2023) "စလူးဘိုင်ရဲ့ တိုက်ဂါး၃" ============================ အကြည်ဆုံး AMZ WEB DL ဗားရှင်းကိုသာ တင်ဆက်ထားပါတယ်IMDb - 7.6/10နာမည်ကျော် ခန်းသုံးခန်းထဲက ဆယ်လ်မန်ခန်းရဲ့ တိုက်ဂါးရုပ်ရှင်တွေထဲက နောက်ဆုံးထွက်ရှိထားတဲ့ သုံးကားမြောက် ရုပ်ရှင်ကြီးကိုတင်ဆက်ပေးပါရစေ။ အကြည်ထွက်ဖို့ မျှော်လင့်ခဲ့တာအတော်ကြာပေမဲ့ ဒီနေ့မှာတော့ တကယ်အကြည်ထွက်လာပြီး စလူးဘိုင်ရဲ့တိုက်ဂါး၃ဟာ BOမှာဆိုရင်လဲ ကုဋေ၁၀၀ကျော်ထိ မြတ်ထားနေပါပြီ....အရင်ဆုံးဒီရုပ်ရှင်ကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာကိုကြည့်ရအောင်။မာနတ်ရှ် ရှာမာတဲ့။ ရှာရွတ်ခန်းရဲ့ Fan(2016) ရာနီးရဲ့ Hichki(2018)လိုရုပ်ရှင်တွေကို ရိုက်ကူးတင်ဆက်ခဲ့တဲ့ ဒါရိုက်တာကြီး။ အဓိကသရုပ်ဆောင်တွေအနေနဲ့ကတော့ အားလုံးသိကြတဲ့အတိုင်း မဆုံနိုင်လို့ ဝေးခဲ့ကြတဲ့ ကျန်ရစ်ကြီး ဆယ်လ်မန်ခန်းနဲ့ ကတ်သ်ရီးနားတို့ပဲပေါ့။ ကျွန်တော်တို့ရဲ့ ကင်းခန်းကြီးနဲ့ ရိုမန်းတစ်မင်းသားကြီး အင်မရန်းဟာရှ်မီလည်း ပါဝင်ထားပါသေးတယ်။တိုက်ဂါးနဲ့ ဇိုရာဆိုတာ စပြီးဆုံကတည်းက ယဉ်သကိုဆိုသလို အတိုက်အခိုက်လေးတွေနဲ့ဆိုတာ ကြည့်ရှုခဲ့ကြပြီးသားပေါ့။ နှစ်ယောက်လုံးက တာဝန်ကိုယ်စီတွေနဲ့ ထမ်းဆောင်နေကြချိန် မထင်မှတ်ထားတဲ့အရာတစ်ခုကို ချစ်သူနှစ်ဦးထဲက တစ်ဦး တွေ့ရှိလိုက်ရတဲ့အချိန်မှာတော့။ဆယ်လ်မန်ခန်းရဲ့ ရှေ့မှာထွက်ခဲ့တဲ့ရုပ်ရှင်ဇာတ်လမ်းကို အဆိပ်အနေနဲ့ခံစားခဲ့ကြရတယ်ဆိုရင် ဒီရုပ်ရှင်ဇာတ်လမ်းလေးက ဖြေဆေးအနေနဲ့ရော ကျွန်တော်တို့ချစ်တဲ့ ဆယ်လ်မန်းခန်းရဲ့ကြိုးစားအားထုတ်မှုတွေရောကို မြင်တွေ့ခံစားရမှာဖြစ်ကြောင်းပြောရင်း ခံစားကြည့်ရှုကြပါဦး။ (အညွှန်းကိုတော့ ဝါရင့်ဘာသာပြန်ကြီး Vမှ ရေးသားပေးထားပြီး ...
movie
Tiger 3 (2023)
2023
4K HEVC
7.5
Jawan (2023)
Jawan (2023) "စစ်သည်တော်"IMDb-7.5/10ဒီနှစ်ထဲမှာပဲ ဒုတိယမြောက်အောင်မြင်မှုကိုစိုက်ထူခဲ့ပြန်တဲ့ King Khanရဲ့ရုပ်ရှင်ကားကြီး Jawanကို တင်ဆက်ပေးလိုက်ပါပြီ။King Khanရယ်လို့ ဂုဏ်ပုဒ်တစ်ခုရတဲ့အထိ အောင်မြင်ခဲ့တဲ့ အောင်မြင်နေဆဲ မင်းသားကြီးရှာရွတ်ခန်းရဲ့ အသက်၅၈မွေးနေ့ဖြစ်တဲ့ နိုဝင်ဘာ ၂ရက်နေ့မှာပဲ မွေးနေ့အထိမ်းအမှတ်အနေနဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်ကိုရောက်ရှိလာခဲ့တာပါ။ပထန်မှာတုန်းက အမေရိကန်ဒေါ်လာ သန်း၁၃၀ဝန်းကျင်ထိရခဲ့ပြီး ဒီရုပ်ရှင်မှာတော့ သန်း၁၄၀ဝန်းကျင်ထိ ပြန်လည်ရရှိခဲ့ပါတယ်။ဒီကားမှာ ဘောလိ၀ုဒ်ရဲ့ဘုရင်ကြီး ကင်းခန်းနဲ့ တမီးလ်စတား မင်းသားကြီးဗီဂျေးစည်သူပတီတို့ အပြိုင်ကျဲထားတဲ့အပြင် အချောလေး ဒီပီကား မင်းသားကြီး ဆန်ဂျေးဒတ်နဲ့ ယိုဂီဘာဘူတို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။နောက်ပြီး မင်းသမီးချောအငယ်လေးတွေကိုလည်း တ၀ကြီးရှုစားရမှာပါ။ဥပဒေ...။ဥပဒေဆိုတာ ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းအတွင်းမှာ မမှားသင့်တာမမှားရအောင်၊ မှားခဲ့ပြန်ရင်လည်း အမှားကိုသက်သေထူပြီး အပြစ်ဒဏ်ပေးဖို့ပဲလို့ အလွယ်ဆိုကြပါစို့။ဒီလို လူ့ယဉ်ကျေးအသိုင်းအဝိုင်းဆိုတာကြီးထဲမှာပဲ ဥပဒေကိုလက်တလုံးခြားလုပ်ရင်း ကိုယ်ကျိုးရှာတတ်တဲ့ အတ္တသမားကြီးတွေက ဥပဒေအထက်မှာရောက်နေတတ်ကြတာကလည်း ဓမ္မတာလို့ပဲဆိုကြရလေမလား။ဒီလို ဝိသမလောဘသမားတွေကို ပညာပေးမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ အာဇဒ်နဲ့မိန်းမပျိုလေးတသိုက်ပေါ့။သူတို့တွေ ရထားတစ်စင်းကိုပြန်ပေးဆွဲကြပေမယ့် ပြန်ပေးဆွဲရတဲ့ အကြောင်းအရင်းခံကြောင့်ပြန်ပေးဆွဲခံရသူ ရထားပေါ်ကခရီးသည်တွေပါ သူတို့နဲ့တစိတ်တဝမ်းတည်းဖြစ်ကုန်ပါရောလား။ ဥပဒေရဲ့အပြင်ကနေ မလွှဲမရှောင်သာလုပ်ကိုင်နေရသူဖြစ်ပေမယ့်ရေစက်ဆုံချင်တော့လည်း ပြန်ပေးညှိနှိုင်းရေး အရာရှိအမျိုးသမီးလေးနဲ့မှ အာဇဒ်တစ်ယောက် ဖူးစာဆုံပါရော။အာဇဒ်နဲ့အဖွဲ့က နောက်ထပ်မစ်ရှင်တစ်ခုကိုထပ်လုပ်တဲ့အချိန်...၊အာဇဒ်ရဲ့ ဖုံးကွယ်ထားတဲ့ဇာတ်ရုပ်ကိုမသိဘဲ ...
movie
Jawan (2023)
2023
4K HEVC
6.5
Lakadbaggha(2023)
Lakadbaggha 2023 IMDb - 6.3/10Zee5 ကနေအသစ်ထွက်ရှိထားတဲ့ အိန္ဒိယမှုခင်းအက်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့က Asur ဇာတ်လမ်းတွဲမှာရဲမေအဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသမီးချောရီဒီး နဲ့ အက်ရှင်ကားတွေဆိုပိုင်နိုင်လှတဲ့ မင်းသားအန်ရှုမန်က အာဂျွန်အဖြစ်ပါဝင်ထားပါတယ်။ ခပ်သွက်သွက်အက်ရှင်တွေနဲ့ တိရစ္ဆာန်ချစ်တတ်တဲ့သူတွေ ပိုပြီးအကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်း အာဂျွန်ဟာ တိရစ္ဆာန်လေးတွေကိုချစ်တတ်တဲ့ သာမန်စာပို့သမားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ခွေးလေးပျောက်သွားတာကိုလိုက်ရှာရင်း တရားမဝင်တိရစ္ဆာန်မှောင်ခိုလုပ်ငန်းတစ်ခုကို တွေ့သွားခဲ့တယ်။ အဲ့ထဲမှာတော့ ရှားပါးအိန္ဒိယမျိုးစိပ်(Hyena)ဆိုတဲ့ ခွေးမျိုးစိပ်ကိုအဓိကထားမှောင်ခိုကြတယ်။ ဒါကိုသိတဲ့ အာဂျွန်ဟာ လူသိမခံဘဲ စေတနာ့ကင်းသမားတစ်ယောက်လို အသွင်ယူပြီး တားဆီးဖို့ကြံစည်ပေမဲ့ ဥပဒေဘောင်အတွင်းကလုပ်တာမဟုတ်တာကြောင့် ရဲတွေကသူ့ကိုအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်လိုက်တဲ့အခါမှာတော့ အာဂျွန်ဟာခွေးလေးတွေကိုကယ်တင်ပြီး မှောင်ခိုလုပ်ငန်းကို တားဆီးနိုင်ပါဦးမလားဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Moon~BpL~Cherry~V~ThaikSan~Zwe တို့ပဲဖြစ်ပါတယ်။ File size…2.01 GB / 900MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~BpL~Cherry~V~ThaikSan~Zwe
movie
Lakadbaggha(2023)
2023