Channel Myanmar

Rigo Garay

Blackout (2023) 5.6
Blackout (2023)  Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါးပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက်လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန်မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချောပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ်သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ်အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီးကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန်ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးကမီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံကသူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Blackout (2023)

The Leech (2022) 5.5
The Leech (2022) The Leech (2022) =============အခုတင်ဆက်ပေးမယ့်ကားလေးက အစပိုင်းမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဟာသလေးတွေ ထည့်သွင်းတင်ဆက်ထားပြီး ဇာတ်လမ်း အရှိန်ရလာတာနဲ့ တစ်ပြိုင်နက် Horror ဖက်ကို ကူးပြောင်းသွားတဲ့ ပုံစံကိုတွေ့ရှိရမှာဖြစ်ပါတယ်။ အစနဲ့အဆုံးဟာ အတော်ကိုမှ မထင် မှတ်ထားလောက်အောင် ကွာခြားသွားတာကို မြင်တွေ့ရမှာပါ။ဇာတ်လမ်းအစမှာ ဘာသာရေးအရမ်းကိုင်းရှိုင်း ပြီး တစ်ဘဝလုံးကို ဘုရားသခင်ဆီပုံအပ်ထားတဲ့ ဖာသာ ဒေးဗစ်က တရားဟောပွဲ ထဲမှာ လာအိပ်နေတဲ့ တယ်ရီကို တွေ့ဆုံရပြီး အမျိုးမျိုး အကူအညီပေးရာက နေစလို့ ဇာတ်အိမ်တည်ထားတယ်လို့ပြောရပါမယ်။ ဘာသာရေးအလွန် ကိုင်းရှိုင်းပြီး သဘောကောင်းလှတဲ့ ဖာသာဒေးဗစ်နဲ့ ဖြစ်သလိုနေဖြစ်သ လိုစား ဟစ်ပီဆန်ဆန် တယ်ရီတို့ရဲ့ အမြင်၊ စိတ်ကူး၊ စောင့်ထိန်းမှုတွေက အလွန့်အလွန်ကိုကွဲပြားလှပါတယ်။သို့သော်လည်း တယ်ရီ နဲ့ လက်ဆီ(တယ်ရီရဲ့ရည်းစား) ကို သဘောကောင်း လှတဲ့ ဖာသာဒေးဗစ်က နေစရာနေရာပေးခဲ့ပါတယ်။ အဲဒီကစလို့ ဖြစ်ပျက် လာမယ့် အလွဲလေးတွေနဲ့ နောက်ပိုင်းမှာ ပြောင်းလဲသွားတဲ့ ဇာတ်လမ်းကျော ရိုးကိုတော့ အောက်ကလင့်တွေကနေ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်)File Size..........(1.1 GB) / (350 MB) ...
movie

The Leech (2022)

2022