Channel Myanmar

Riley Davis

Curious Caterer: Foiled Plans (2024) 7.0
Curious Caterer: Foiled Plans (2024)  ဒီတစ်ခါမှာ​တော့...ကြည့်ရှုသူပရိတ်သတ်ကြီးကို...rating 7/10 အထိရရှိထားတဲ့ Curious Caterer Failed Plans ဆိုတဲ့၂၀၂၄ ခုနှစ်ကမှထွက်ရှိထားတဲ့ စုံ​ထောက်ဇာတ်ကား​ကောင်း​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်ဒီဇာတ်ကားကိုဒါရိုက်တာ Paul Ziller ကပုံ​ဖော်ရိုက်ကူးထားပြီး မင်းသား Riley Davis , Lochlyn Munro ,Vincent Gale , Ted Cole ,Andrew Kavadas တို့နဲ့နာမည်​ကျော်မင်းသမီး​တွေဖြစ်ကြတဲ့ Jaleese Green ,Nikki Deloach တို့ကပါ၀င်အားဖြည့်သရုပ်​ဆောင်ထားကြပါတယ်ဒီဇာတ်လမ်းမှာ အထူးသီးသန့်ဧည့်သည်​တော်​တွေပဲဖိတ်ကြားထားတဲ့ ပရဟိတရန်ပုံ​ငွေပွဲမှာ ဟိုက်ဒ်ရဲတိုက်ရဲ့ပိုင်ရှင် အဲလက်စ်တာအသတ်ခံရ​သော​ကြောင့်စုံစမ်းစစ်​ဆေး​ဖော်ထုတ်ကြပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်ဒီဇာတ်ကားကဇာတ်ညွှန်း​ရေးဆရာ​တွေရဲ့...မြှပ်ကွက်လှည့်ကွက်​တွေ​​ကြောင့် ကြည့်ရှုသူပရိတ်သတ်ကိုထိုင်ရာက​နေမထချင်​လောက်​အောင် စွဲ​ဆောင်ထားနိုင်မှာအ​သေအချာပါပဲ လူသတ်တရားခံက​ရောဘယ်သူဖြစ်မလဲသူ့ရဲ့လက်​ထောက် အမ်မာဆိုတဲ့​ကောင်မ​​လေးလား​ရန်ပုံ​ငွေပွဲကျင်းပတဲ့ညမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ​မီ​ဟေဗန်အကျဥ်း​ထောင်က​နေ ထောင်​ဖောက်ပြီးထွက်​ပြေးလာတဲ့ အန်မတ်ဒ်​ရှောဆိုတဲ့ ရာဇ၀တ်သားတစ်​ယောက်လား သူနဲ့က​ရော အဲလက်စ်တာနဲ့အတိတ်မှာဘယ်လိုပတ်သက်မှု​တွေရှိခဲ့ကြတာလဲ ဒါမှမဟုတ် အဲလက်စ်တာကလူ​ရှေ့မှာ​ပြောဆိုပြီး နည်းပြရာထူးက​နေ အနား​ပေးလိုက်​တော့မယ့်ပီယာ့ဆိုတဲ့နည်းပြဆရာလား ဒါမှမဟုတ် အဲလက်စ်တာကိုယ်တိုင်ခန့်ထားတဲ့ မီ​ဟေဗန်အကျဥ်း​ထောင်မှာ ​ထောင်ကျဖူးတဲ့ချာလီဆိုတဲ့​ထောင်ထွက်တစ်​​ယောက်လား ဒါမှမဟုတ် ဖိတ်ကြားထားတဲ့ဧည့်သည်​တော်​တွေထဲမှာမပါ၀င်ဘဲ​ရောက်လာခဲ့တဲ့ ဂျာ့ဆိုတဲ့သူလားအဲလက်စ်တာကိုသတ်ချင်တယ်လို့ ...
movie

Curious Caterer: Foiled Plans (2024)

Curious Caterer: Dying for Chocolate (2022) 6.4
Curious Caterer: Dying for Chocolate (2022)  Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre...Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Curious Caterer: Dying for Chocolate (2022)

Curious Caterer: Fatal Vows (2023)
Curious Caterer: Fatal Vows (2023)  ဒီတစ်ခါမှာ‌တော့ အသစ်ထွက်ရှိထားတဲ့ Curious Caterer ဇာတ်ကားအသစ် ကိုတင်ဆက်ပေးသွားမှာ ဒီဇာတ်ကားထဲမှာ စုံထောက်ကြီး တွမ်ရဲ့ ဇနီးဟောင်းဖြစ်သူ ဂျက်စ်ဟာ မင်္ဂလာဆောင်တော့မှာဖြစ်ပြီး မင်္ဂလာပွဲနေ့မှာပဲ သတို့သားဟာ သေဆုံးသွားပြီး သတို့သမီးဟာလည်း ပျောက်ဆုံးသွားပါတော့တယ်စုံထောက်တွမ်ဟာလည်း ဒီအမှုဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သက်ဆိုင်နေတဲ့အတွက် အမှုလိုက်ခွင့်မရ‌လိုက်ပါဘူး ဒါပေမဲ့ လက်မလျှော့တဲ့ စုံထောက်တွမ်ဟာ မင်္ဂလာကိတ်မုန့် လုပ်ပေးတဲ့ ဂိုဒီဆိုတဲ့ အမျိုးသမီးနဲ့ အတူ အမှုလိုက်ပါတော့တယ် သတို့သမီးကရော အသက်ရှင်လျက် ရှိနေသေးလား သတို့သားကိုရော ဘယ်သူသတ်သွားတာလဲဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦးခင်ဗျာ File size…(1.6 GB)/(873 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Tv Movie, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

Curious Caterer: Fatal Vows (2023)

Curious Caterer: Grilling Season (2023) 6.4
Curious Caterer: Grilling Season (2023) Curious Caterer: Grilling Season (2023) ============================= IMDb Rating - 6.4/10ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (590 MB) / (340 MB) Quality............WEB-RIP 1080p / 720p / 480P Duration.........1Hr 52Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery Translator.......Chit Min Thu Encoder..........SWM
movie

Curious Caterer: Grilling Season (2023)

2023