Channel Myanmar

Rina White

Every Day in Kaimukī (2022) 5.8
Every Day in Kaimukī (2022) အထီးကျန်မှုဆိုတာ လူတွေကို ရက်စက်စွာ နှိပ်စက်တတ်ပါတယ်။ လူတွေဟာ အထီးကျန်မှုခံစားရတိုင်း အိမ်ဆိုတဲ့အရာကို တောင့်တကြတယ်လေ။ ဇာတိမြိုမှ ကိုယ့်ရဲ့အိမ်လို မဆိုလိုပါဘူး။ ကိုယ်သိပ်ချစ်တဲ့မြိုလေးဟာ ဘယ်သူတွေက ပျက်စီးနေပြီလို ပြောနေပါစေ... ကိုယ်မြတ်နိုးရင်တော့ ကိုယ့်ရဲ့အထီးကျန်မှုတွေကို ဖြေဖျောက်ရာဘုံလေးပဲ မဟုတ်ပါလား...?ဒီဇာတ်ကားလေးကတော့ နာ့ဇ်ဆိုတဲ့‌ ကောင်လေးတစ်ယောက်ဟာ ဟာဝိုင်အီမြိုမှာ ကြီးပြင်းခဲ့ပြီး ဘော်ဒါဘော်ဂျက်တွေနဲ့အတူ ဝါသနာပါရာတွေ လျှောက်လုပ်နေခဲ့ပါတယ်။ လူငယ်ပီပီ စကိတ်စီးကြတယ်။ ညဘက်မှာဆိုလည်း နောက်ထပ်ဝါသနာတစ်ခုဖြစ်တဲ့ ရေဒီယို ရုပ်သံလိုင်းတစ်ခုကို ထုတ်လွှင့်ပါတယ်။ အဲဒီရေဒီယိုရုပ်သံလိုင်းမှာ အပြင်မှာလည်း တကယ်ရှိပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အဖော်မဲ့နေတဲ့လူတိုင်းအတွက် ရည်ရွယ်ပြီး အခုလိုထုတ်လွှင့်ဖြစ်တာပေါ့။ တစ်ခါတလေ လူငယ်လေးတွေကို ဖိတ်ပြီး အတူတကွ ထုတ်လွှင့်ဖြစ်နေရင်းပေါ့။အဖော်မဲ့တယ်ဆိုပေမယ့် ကောင်မလေးတော့ ရှိပါတယ်။ သူ့ကောင်မလေးက နယူးယော့ခ်မြိုတော်ကြီးမှာ အလုပ်အသစ်ရတဲ့အတွက် သွားဖိုပြင်ဆင်နေပါတယ်။ သူကလည်း ကိုယ့်ရဲ့မွေးရပ်မြေ ဟာဝါအီကို စွန့်ခွာပြီး "ဆံထုံးနောက် သျှောင်ပါ" ဖို ...
movie

Every Day in Kaimukī (2022)