Channel Myanmar

Ritika Badiani

Chaman Bahar(2020) 7.3
Chaman Bahar(2020) Chaman Bahar(2020)ဒီဇာက်ကားလေးဟာ IMDB rating 7.3ရရှိထားတဲ့ Drama ဇာတ်ကားလေးဖြစ်ပါတယ်...ဇာတ်လမ်းအကျဥ်း ဘိလ်လူးရဲ့အဖေဟာသစ်တောထိန်းသိမ်းရေးဌာန DFO ကအရာရှိကြီးရဲ့လက်ထောက်အဖြစ်အလုပ်လုပ်ပါတယ်။ဘိလ်လူးကတော့အဲ့ဒီအလုပ်ကဘာမှနာမည်မရတာကြောင့်ကိုယ်ပိုင်စီးပွားရေးတစ်ခုထူထောင်မယ် ဆိုပြီးခပ်တည်တည်ပဲ ကွမ်းယာဆိုင်ဖွင့်လိုက်ပါတယ်....သူ့ရဲ့ကွမ်းယာဆိုင်ဖွင့်ပြီးမကြာခင်မှာပဲပြည်နည်နယ်နိမိတ်ပြောင်းလဲသတ်မှတွချက်တွေနဲ့လမ်းကြောအသွားအလာတွေပါပြောင်းလဲကုန်ပါတယ်။သိပ်မကြာခင်မှာပဲသူရောင်းတဲ့ကွမ်းယာဆိုင်ရှေ့ကလမ်းတစ်ဖက်ခြမ်းကို အငယ်တန်းအင်ဂျင်နီယာမိသားစုတစ်စုပြောင်းရွှေ့လာကြပါတယ်။အဲ့ဒီမိသားစုထဲမှာကောင်မလေးတစ်ယောက်လဲပါခဲ့လေရဲ့..ဒီကောင်မလေးကလည်း ခင်ဗျားတို့ ချစ်သူနီးပါး လှလေတော့လူပျိုလှည့်မယ့်ကောင်တေွ တစ်ဝုန်းဝုန်းပေါ့...ဒီလိုလှည့်ရင်း အနီးနားက ဘိလ်လူးကွမ်းယာဆိုင်က အကောင်းဆုံး တည်းခိုရာ ဖြစ်နေလေရဲ့..ကွမ်းယာဆိုင်အတွက်တော့ ရောင်းအားတွေထိုးတက်ကုန်တာပေါ့...ဒါပေမဲ့ ဘိလ်းလူးက  အပြည့်အဝမပျော်နိုင်ရှာဘူး..ဘာလို့ဆို ဒီကောင်မလေးကို သူလည်း သိပ်ကြွေနေခဲ့ပြီကိုး...ကိုင်း ကွမ်းယာသည်ကောင်လေး သူချစ်တဲ့ကောင်မလေးကို ရနိုင်မလား ...သူ့အတွက်ရော ဘယ်လို အခက်အခဲမျိုးစုံကြုံရမလဲဆိုတာကိုတော့ခံစားကြည့်ကြပါဦီး...File Size : (950 MB) and (472MB) Quality : WEB-DL  720p Format…mp4 Duration…01:51:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Chaman Bahar(2020)

Airlift (2016) 8.0
Airlift (2016) ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်မှာထွက်ရှိခဲ့တဲ့ ဒီကားဟာ ထူးထူးခြားခြားဘဲ IMdb rating မှာ 9.1/10 ရှိထားတာကိုတွေ့ရပါတယ်။ ဒီဇာတ်ကားဟာ ၁၉၉၀ မှာ အီရတ်တွေ ကူဝိတ်ကို ကျူးကျော်ဝင်ရောက်ချိန်မှာ အိန္ဒိယနိုင်ငံသားတွေကို ကူဝိတ်မှာ ရှင်းလင်းသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်ဖြင့် သာမန်တွေ့မြင်နေကြ ဘောလိဝုဒ်ကားတွေနဲ့ မတူတာတခုကတော့ ရုပ်ရှင်ဒါရိုက်တာ ၂ယောက်က ရိုက်ကူးထားခြင်းဖြစ်ပြီး ပုံမှန်ကြည့်နေကြ ဘောလိဝုဒ် ဇာတ်ကားတွေနဲ့ မတူဘဲ တမူထူးခြားကွဲထွက်နေတာကိုတွေ့ရမှာပါ။ ၂၀၁၄ ခုနှစ် က စာရင်းကောက်ယူချက်များအရဆို အိန္ဒိယ အစိုးရဟာ ဆန္ဒဟူဆိန်ရဲ့ တပ်များကျူးကျေ်ာမှုကြောင့် ကူဝိတ်နိုင်ငံမှ အိန္ဒိယနိုင်ငံသားများကို Air India လေကြောင်းလိုင်းဖြင့် ၅၉ရက်အတွင်း ပျံသန်းမှုပေါင်း၄၈၈ကြိမ်ပြုလုပ်ခဲ့ပြီး လူပေါင်း တသိန်းတသောင်းတထောင်ခုနှစ်ရာခုနှစ်ဆယ့်နှ်စ့်ယောက် ကိုရွေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဇာတ်ကားက သမိုင်းကြောင်းတခုတည်းကိုသာမကဘဲ စစ်အတွင်း ငွေကြေးအာဏာတွေရဲ့ အရေးပါပုံ လူ့စရိုက် သဘောသဘာဝတွေကိုပါ မီးမောင်းထိုးရိုက်ကူးပြသပေးထားလို့ အများကြီးမညွှန်းတော့ပါဘူးဗျာ။ဘောလိဝုတ်ပရိတ်သက်တွေကတော့ အကြိုက်တွေ့မယ်ဇာတ်ကားကောင်းတကာားပါ။File size...(900MB) Quality...BR-Rip 720p Format...mp4 Duration....02:11:24 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay Translator.....Tariq L Walker အစမ်းကြည့်ရန်   
movie

Airlift (2016)