Channel Myanmar

Rob Kirtley

I, Daniel Blake (2016)
I, Daniel Blake (2016) ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီးဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနကအလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့်ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကိုလျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲအွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေးကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ?အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကိုမင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size…  ...
movie

I, Daniel Blake (2016)

2016
The Loch Ness Horror (2023)
The Loch Ness Horror (2023)  ရေအောက်မှာရှိတဲ့ ဒဏ္ဍာရီလာသတ္တဝါကြီးတွေအကြောင်းရိုက်ကူးထားတဲ့Pirates of the Caribbean တို့ The Meg တို့လိုမျိုး ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့The Loch Ness Horror ဖြစ်ပြီး ဇာတ်ကားနာမည်အတိုင်းလော့ချ်နက်စ်ဆိုတဲ့ပင်လယ်ရေအောက်နေ သတ္တဝါကြီးကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ သင်္ဘောတစ်စီးက ထူးဆန်းတဲ့အရာတစ်ခုကိုလိုက်ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ခဏအကြာမှာသူတို့ရှာနေတဲ့အရာကြီးကို တွေ့သွားခဲ့ပါတော့တယ်။သူတို့လိုက်ရှာနေတဲ့သတ္တဝါကြီးကို ရှာတွေ့ခဲ့တာ ကံကောင်းတယ်လို့ပြောရမယ်ဆိုပေမဲ့ အဲ့ဒီသတ္တဝါကြီးရဲ့ တိုက်ခိုက်မှုကိုခံရပြီး နှစ်မြှုပ်သွားတာကတော့ ကံဆိုးတယ်လို့ပြောရမှာပါပဲ။ဒီလိုနဲ့ သိပ်မကြာခင်မှာအဲ့ဒီနှစ်မြှုပ်သွားပြီး အဆက်အသွယ်ပြတ်သွားတဲ့ သင်္ဘောကိုရှာပြီး အပျက်အစီးတွေကိုပြန်လည်ဆယ်ယူဖို့အတွက်လာရာနဲ့ ဘရိုက်စ်တို့ရဲ့အဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။စစချင်းကတော့ သူတို့ရဲ့တာဝန်ကအပေါ်မှာပြောထားတဲ့အတိုင်း ရှာဖွေကယ်ဆယ်ရေးလို့ထင်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ဂျင်းထည့်ခံလိုက်ရတယ်ဆိုတာကို သိခဲ့ရပါတယ်။တကယ်တမ်းသူတို့ရဲ့ တာဝန်ကပထမနှစ်မြှုပ်သွားခဲ့တဲ့ သင်္ဘောအတိုင်း အဲ့ဒီလော့ချ်နက်စ်ဆိုတဲ့ သတ္တဝါကြီးကိုလိုက်ရှာရမှာဖြစ်ပါတယ်။ဒီလိုနဲ့သင်္ဘောပေါ်မှာ အချေအတင်တွေဖြစ်ကြပြီးနောက်ဆုံးမှာတော့ သေနတ်နဲ့ချိန်ပြီး အတင်းအကြပ်ခိုင်းတာကိုခံခဲ့ရပါတော့တယ်။ဒါပေမယ့် သူတို့တွေ့ချင်နေတဲ့ သတ္တဝါကြီးနဲ့တကယ်တမ်းရင်ဆိုင်လာရတဲ့အခါမှာတော့ဘယ်လိုတွေရင်ဆိုင်ကြမလဲ ဘာတွေဖြစ်ကြမယ်ဆိုတာကိုကြည့်ရမဲ့သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်.. File size…1.10 GB / 523 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 19m Genre ….. Action , Horror ...
movie

The Loch Ness Horror (2023)

The Old Oak (2023) 7.2
The Old Oak (2023) The Old Oak (2023) =============== IMDb Rating - 7.2/10The Old Oak ရုပ်ရှင်ကတော့ ဒရာမာကားလေးပါပဲ။ ဖြည်းဖြည်းလေးနဲ့ နင့်နင့်လေးခံစားရတဲ့ကားလေးပါ။ ဆုတွေလည်း တစ်သီကြီး ရယူထားတဲ့ ကားလေးဖြစ်တာကြောင့် ဇာတ်ကားကောင်းတစ်ခုဆိုတာ ပြောစရာတောင် မလိုပါဘူး။ဇာတ်လမ်းကတော့ အဂ်လန်အရှေ့မြောက်ဘက်ပိုင်းက ရွာလေးတစ်ရွာဟာ အရင်တုန်းက လုပ်ထားတဲ့ သတ္တုတွင်းမိုင်းလုပ်ငန်းတွေပိတ်လိုက်တဲ့အချိန်မှာ လူသူကင်းမဲ့လာပြီး မတက်မကြွဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေကို မကြိုက် ကြတဲ့သူတွေကလည်း ဒါကို ပြင်ဆင်ဖို့ကြိုးစားကြပေမယ့် ဘာမှမလုပ်နိုင်ကြ လို့ သူတို့ကိုယ်သူတို့စိတ်ပျက်နေကြတာပါ။ ဒီလိုအခြေအနေမှာ ဆီးရီယား နိုင်ငံရဲ့စစ်ဘေးသင့်ပြည်သူအချို့ဟာ ဒီရွာလေးမှာ ခိုလှုံဖို့ရောက်လာခဲ့ပါတယ်။အဲဒီအထဲမှာ ယာရာဆိုတဲ့အမျိုးသမီးလေးဟာ သူ့ပတ်ဝန်းကျင်ကို အမြဲတမ်း ကူညီလိုစိတ်ရှိတာကြောင့် ဒီရွာရဲ့ အခြေအနေဆိုးကို ကူညီဖို့ကြိုးစားရင်းက ဒီရွာမှာ ရှိနေကြတဲ့သူတွေနဲ့ ရင်းနှီးလာခဲ့ပါတယ်။ နိုင်ငံမတူ ၊ လူမျိုးမတူ ၊ ကိုး ကွယ်ရာမတူကြတဲ့သူတွေရဲ့ ထိတွေ့မှုကနေ ပြသနာတွေလည်း အများကြီးထွက် လာတာမို့ ဒီပြသနာကို ရင်ဆိုင်ဖြေရှင်းရင်း ဒီပတ်ဝန်းကျင်ကို ဘယ်လိုပြောင်း လဲနိုင်လိုက်သလဲဆိုတာကို ဆက်လက်ကြည့်ရှုကြရမှာပါ။ IMDb Rating 7.2 ရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားလေးပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File ...
movie

The Old Oak (2023)

2023