Channel Myanmar

Robb Wells

The Boondock Saints II: All Saints Day (2009)
The Boondock Saints II: All Saints Day (2009) ဇာတ်ကားလေးကတော့ The Boondock Saints ဒုတိယမြောက်ကားပဲဖြစ်ပါတယ်ဒီဇာတ်ကားထဲမှာတော့ ကော်နာနဲ့မာဖီတို့ညီအစ်ကိုနှစ်ဦးဟာ အိုင်ယာလန်မှာပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းနေတုန်း ဘော်စတွန်မှာ အပြစ်မရှိတဲ့ဘုန်းတော်ကြီးတစ်ပါးအသတ်ခံရပါတယ် သတ်တဲ့ပုံစံဟာလည်း သူတို့သတ်တဲ့ပုံစံကိုတုပပြီးသတ်ထားတာကြောင့် ပြည်သူလူထုအကြားမှာ ဒီလူသတ်မှုဟာ သူတော်စင်တွေလုပ်တာလို့ထင်တဲ့သူနဲ့ သူတော်စင်တွေလုပ်တာမဟုတ်ဘူးလို့ထင်တဲ့သူနှစ်ခြမ်းကွဲသွားပါတယ်သူတို့နှစ်ယောက်ဟာ ထိုဘုန်းတော်ကြီးကိုသတ်တဲ့လူသတ်မှုကို ပြန်စုံစမ်းပြီးလက်စားချေဖို့ ဘော်စတွန်ကိုပြန်လာပြီး ရှင်းလင်းသုတ်သင်မှုတွေဆက်လုပ်ပါတယ် ကဲတပ်ဖွဲ့မှာလည်း အရင်က အထူးအေးဂျင့်ပေါ်လ်စမက်ကာနေရာမှာ ယူးနစ်ဘလွန်းဆိုတဲ့အမျိုးသမီးအေးဂျင့်ရောက်လာတဲ့အခါ ဘုန်းတော်ကြီးကိုသတ်တဲ့တရားခံအစစ်ကရောဘယ်သူလဲ ဘာကြောင့်သတ်ခဲ့တာလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်ဒီဇာတ်ကားလေးမကြည့်ခင်မှာ The Boondock Sanints(1999) ကိုအရင်ကြည့်သင့်ပါတယ် File size…(1.7 GB)/(877 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

The Boondock Saints II: All Saints Day (2009)

Hobo with a Shotgun (2011) 6.1
Hobo with a Shotgun (2011) Hobo with a Shotgun (2011)သွေးထွက်သံယို ကြမ်းကြမ်းရမ်းရမ်းမှ ကြိုက်တတ်တဲ့ ရုပ်ရှင်ပရိတ်သတ်များအတွက် ဒီဇာတ်ကားက လက်လွှတ်ခံလို့ မရတဲ့အထဲမှာပါပါတယ်။ ပြောင်းချောသေနတ်တစ်လက်နဲ့ ပတ်ကြမ်းနေတဲ့ အိမ်မဲ့ယာမဲ့တစ်ယောက်ကို ဒီဇာတ်လမ်းထဲမှာ တွေ့ရမှာပါ။သူဟာအစပိုင်းမှာ မြက်ရိတ်စက်လေးတစ်ခု ဝယ်ချင်တဲ့အတွက် ကြုံရာကြပန်းလုပ်ပြီး ပိုက်ဆံရှာဖို့ မြို့တစ်မြို့ကိုတက်လာခဲ့တယ်။ ဒါပေမယ့် သူရောက်လာခဲ့တဲ့မြို့ဟာ အထိန်းအကွပ်မရှိ ဗရမ်းဗတာဖြစ်နေတာကို တွေ့လိုက်ရတဲ့နောက်မှာ ...ရဲတွေကအစ တစ်မြို့လုံးဟာ လူတစ်ယောက်ရဲ့ လက်အောက်မှာ ဝပ်ဆင်းနေပြီး သူသေဆိုသေ ရှင်ဆိုရှင်ရတဲ့ဘဝမှာ နေနေကြရတာပါ။ နောက်ပိုင်း ဒီအရှုပ်တော်ပုံထဲကို ဘယ်လိုမှမလွဲသာ မရှောင်သာရောက်ရှိသွားခဲ့ပြီးတော့ လမ်းပေါ်က လူမိုက်လူရမ်းကားတွေကို တစ်ကိုယ်တော် ပြောင်းချောသေနတ်တစ်လက်တည်းနဲ့ လိုက်လံရှင်းလင်းပုံကို အက်ရှင် ဟော်ရာဆန်ဆန် ကြည့်ရှုခံစားရမှာဖြစ်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Zwel Zan Aung ပါ။)File Size          : 4.1GB, 1.3GB, 536MB Quality    ...
movie

Hobo with a Shotgun (2011)

2011
Would You Rather (2012) 5.7
Would You Rather (2012) "မင်းသာဆိုရင်ဘာလုပ်မလဲ" ဒီမုန့်ကို ဂျွန်ကိုကျွေးမလား ဒန်နီရယ်ကိုကျွေးမလား ဒါက ကလေးတွေကစားကြတဲ့ကစားနည်းတစ်‌ခုပေါ့ ဒီဇာတ်ကားထဲမှာလည်းဒီကစားနည်းကိုပဲဇာတ်အိမ်တည်ပြီးအသုံးပြုထားတာပါ။ အိုင်းရစ်ဟာ ငွေရေးကြေးရေးအခက်အခဲတွေကြားကနေ နာမကျန်းဖြစ်နေတဲ့မောင်လေးကိုတစ်ယောက်တည်းပြုစုစောင့်ရှောက်နေရတဲ့သူပါ။ တစ်ရက်မှာတော့ မောင်ဖြစ်သူ ရိုးတွင်းခြင်ဆီအစားထိုးကုသဖို့အတွက် လိုအပ်နေတဲ့ငွေကြေးကို လန်ဘရစ်ခ်ဖောင်ဒေးရှင်းကကူညီပေးနိုင်တယ်ဆိုပြီး ညစာစားပွဲတစ်ခုကို မက်လုံးပေးဖိတ်‌ခေါ်တာခံလိုက်ရပါတယ်။ညစာစားပွဲအရောက်မှာတော့ အိုင်းရစ်လို ငွေရေးကြေးရေး ကျဉ်းထဲကြပ်ထဲရောက်နေတဲ့လူ ခုနစ်ယောက်ပါရောက်ရှိနေပြီး လိုအပ်နေတဲ့ငွေကြေးအ‌ထောက်အပံ့ကိုရဖို့ရာ သနားညှာတာမှုကင်းမဲ့တဲ့ကစားပွဲတွေကိုတောက်လျှောက်ကစားပြီး နောက်ဆုံးအသက်ရှင်ကျန်ရစ်တဲ့တစ်ယောက်ကသာ ရရှိနိုင်မယ်ဆိုတာကိုသိလိုက်ရ‌ပါတော့တယ်။ ဒီကားထဲမှာ လူတွေရဲ့ ကိုယ်ကျင့်တရားတွေ ၊ ကျင့်၀တ်တွေ ၊သစ္စာဖောက်ပြားမှုတွေ ၊ တကိုယ်ကောင်းဆန်မှုတွေကို ဘေးကျပ်နံကျပ်ဖြစ်အောင်လုပ်ပြီးရွေးချယ်ခိုင်းထားတဲ့ ရက်စက်တဲ့ကစားနည်းတွေကိုကစားကြရာကနေတဆင့်ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ ဘယ်သူတွေက ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းပြီးအနစ်နာခံကြမလဲ၊ ဘယ်သူတွေကသူတစ်ပါးကိုချနင်းပြီး ရက်စက်ယုတ်မာကြမလဲ ၊ ကစားပွဲရဲ့အဆုံးသတ်မှာရော အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူကဘယ်သူဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဦး။ File size…(1.1 GB)/(490 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant 
movie

Would You Rather (2012)