Channel Myanmar

Robert Apisa

The Sandlot (1993)
The Sandlot (1993) Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။File size…(1.7 GB)/(1.5 GB)/(776 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated ...
movie

The Sandlot (1993)

The Last Boy Scout(1991) 7.0
The Last Boy Scout(1991) ကျွန်တော်တို့ရဲ့ Die Hard မင်းသားကြီး ဘရုစ်ဝီလီရဲ့ 90 ခုနှစ်က ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်.ဂျိုးဟယ်လမ်ဘက်ခ်ဟာ အကောင်ကြီးကြီး တစ်ပွေနဲ့ ပြဿနာဖြစ်ပြီးလျို့ဝှက်စုံစမ်းရေးအဖွဲ့ကနေ ရာထူးချခံခဲ့ရပြီး အလွတ်စုံထောက် လုပ်နေခဲ့သူ ဖြစ်ပါတယ်. တစ်ရက် အိမ်ပြန်လာချိန်မှာတော့.သူ့အချစ်ဆုံးသူငယ်ချင်းက သူ့မိန်းမ နဲ့ တကူကူးနေတာကို မိသွားခဲ့ပြီးသူ့အတွက် ကမ္ဘာကြီးပျက်သလို ခံစားနေရပေမယ့်. ပြောထွက်ခဲ့တဲ့ စကားလုံးတွေကဟာသဆန်နေခဲ့သလို သူ့သူငယ်ချင်း မိုက်အပေါ် လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်ခဲ့သော်လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့လို့ မိုက်တစ်ယောက် ကားဗုံးကွဲပြီး သေသွားခဲ့ပါတယ်သွားလေသူ မိုက် ရဲ့စောင့်ကြည့်ရေးအလုပ်ကို လကပြောင်းလွှဲယူခဲ့ကာသူ စောင့်ကြည့်ပေးနေတဲ့ မိန်းကလေး ကိုရီပါ အသတ်ခံရတဲ့အချိန်မှာတော့ဒီကိစ္စက သာမန်ကိစ္စမဟုတ်ဘဲ နောက်ကွယ်က အာဏာရှိတဲ့အဖွဲ့အစည်းတစ်ခုရဲ့လက်ချက်မှန်းသဘောပေါက် သွားခဲ့ပါတယ် ကိုရီသေဆုံးမှုကို သူ့ရဲ့ရည်းစား ဘောလုံးကစားသမားဟောင်း ဂျင်မီဒစ်ဇ် နဲ့ပူးပေါင်းပြီး ထောက်လှမ်းဖော်ထုတ်ပုံများကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.File size…2.5GB / 824.2MB Quality…Blu-Ray 1080p 5.1CH ...
movie

The Last Boy Scout(1991)

The Replacement Killers (1998)
The Replacement Killers (1998)  ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။File size…(2.4 ...
movie

The Replacement Killers (1998)

Executive Decision(1996)
Executive Decision(1996)  Executive ရုပ်ရှင်ကားကို ၁၉၉၆ခုနှစ်ပြသခဲ့ပြီးတော့ ကျွန်တော်တို့ ငယ်ငယ်က အနည်းနဲ့အများ​ကြည့်ဖူးကြတဲ့ အက်ရှင်ဇာတ်ကားတစ်ကားဆိုလည်းမမှားပါဘူး။ ဤရုပ်ရှင်မှာ မင်းသားကြီး Steven Seagal, Kurt Russelတို့သရုပ်ဆောင်ထားတဲ့အပြင် ထိုအချိန်က တက်သစ်စသရုပ်ဆောင်တွေဖြစ်တဲ့ John Leguizamo နဲ့ မင်းသမီး Halle Berry တို့ကလည်း ပါဝင်အားဖြည့်ထားပါသေးတယ်။ Harrison Ford သရုပ်ဆောင်ထားတဲ့ Air Force One ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီလိုဇာတ်လမ်းနဲ့ ရင်းနှီးနေမှာပါ။၁၉၉၀ ပြည့်နှစ်တွေတုန်းက အက်ရှင်ဇာတ်ကားအများစုရဲ့ ထုံးစံအတိုင်းပဲ အရှေ့အလယ်ပိုင်းက အစွန်းရောက်အကြမ်းဖက်သမားတွေဟာ ဒီရုပ်ရှင်ရဲ့ ဗီလိန်ပါပဲ။ ဒီအကြမ်းဖက်သမားတွေက ဂရိနိုင်ငံအေသင်မြို့ကနေ အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီကို ပျံသန်းနေတဲ့ လေယာဥ်တစ်စီးမှာ လိုက်ပါလာပြီးတော့ လမ်းခုလတ်မှာ လေယာဉ်ပြန်ပေးဆွဲစီးနင်းလိုက်ပါတော့တယ်။ သူတို့က အမေရိကန်စစ်တပ် ဖမ်းဆီးထားတဲ့ သူတို့ရဲ့ခေါင်းဆောင်ကို ပြန်လွှတ်ပေးဖို့ လေယာဥ်ကိုပြန်ပေးဆွဲတယ် ပြောပေမယ့် ထောက်လှမ်းရေးအရာရှိ ဒေးဗစ်ဂရန့်(Kurt Russel)ကတော့ အဲဒီလိုမထင်ခဲ့ပါဘူး။ အဲဒီမှာ ...
movie

Executive Decision(1996)

Hard Target (1993)
Hard Target (1993) အခုတင်ဆက်မယ့်အက်ရှင်ဇာတ်ကားကြီးရဲ့ မင်းသားကတော့ တစ်ခြားသူမဟုတ်ပါဘူး မင်းသားကြီးဗန်ဒိန်းပါ။ဗန်ဒိန်းက အက်ရှင်၊ဇာတ်ကြမ်းသာမက ဟန်ပန်အမူအရာတွေပါပိုင်နိုင်တဲ့ legend ကြီးတစ်ယောက်ရယ်ဆိုလဲ မမှားပါဘူး။အခုတင်ဆက်မယ့် ၁၉၉၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Hard Target ထဲမှာဆိုရင်လဲ ဗန်ဒိန်းရဲ့နုပျိုမှုတွေနဲ့ ကေဝဲကြီးနဲ့ အလွန်ပဲမိုက်ပါတယ်။ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင်မင်းသားကအသက်ဆိုရင် မင်းသမီးကလည်းသွေးကြောပါပဲ။အက်ရှင်ဇာတ်ကားကောင်းလေးကိုခံစားရင်း ဇာတ်ကားရဲ့အဓိကသွေးကြောသဖွယ်ဖြစ်တဲ့မင်းသမီးချောလေး ရန်စီဘက်တလာကိုပါရှု့စားနိုင်ဦးမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်လေးကိုပြောရမယ်ဆိုရင်တော့...ဆင်းရဲသူတွေဟာ တစ်ဒေါ်လာလောက်တောင်ပြူးပြဲရှာနေရချိန်မှာချမ်းသာတဲ့သူတွေအတွက်ကျ ဒေါ်လာသိန်းချီဟာအမှိုက်သာသာဆိုလောက်ဆိုတဲ့အတိုင်းချမ်းသာတဲ့သူ‌ တွေဟာ‌ဒေါ်လာသိန်းချီပေးပြီး လူသတ်အမဲလိုက်ပွဲကစားလေ့ရှိကြပါတယ်။အဲလိုလူသတ်အမဲလိုက်ပွဲကျင်းပရာမြို့ကို နတ်တာရှာဆိုတဲ့မိန်းက‌လေးတစ်ယောက်ရောက်လာပြီးစစ်ပြန်ကြီး ဘုဒရိုစ်ဆိုသူနဲ့တွေ့တဲ့အခါသူတို့နှစ်ယောက်ဘယ်လိုအရှုပ်ထုပ်ထဲရောက်သွားမလဲဘာတွေဆက်ဖြစ်သွားမလဲဆိုတာမကြည့်ဖူးတဲ့သူတိုင်းအတွက်အလွန်ကြည့်လို့ကောင်းစေမယ့်old but gold အက်ရှင်ကားလေး Hard Target ကိုခံစားရင်ခုန်ပေးကြပါဦးခင်ဗျာ။  File size…(2 GB) and (1.2 GB) Quality….Unrated Blu-Ray 1080p 5.1 CH & 720p (HEVC Encode) Format…mp4 Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie

Hard Target (1993)

HEVC 1080p 5.1