Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Robert Hy Gorman
Leprechaun (1992)
Leprechaun (1992)Friends ထဲက Rachel နေရာမှာ Jennifer Aniston ကို ဒီဇာတ်ကားကြည့်မိပြီး ရွေးလိုက်တာလို့ ထင်မိတယ်။ ဖေဖေ့ပိုက်ဆံနဲ့ လောကကြီးအကြောင်းဘာမှမသိ၊ လူမှုရေးနားမလည်ပေမဲ့ အမြင်ကပ်စရာမကောင်းဘဲ ချစ်စရာကောင်းနေဖို့က သူကလွဲပြီး တခြားသူတွေ လုပ်ဖို့ ခက်လိမ့်မယ်လို့ထင်ပါတယ်။ Friends ပရိသတ်တွေ ဒီကားကိုကြည့်ပြီး Jen ကိုထပ်ချစ်သွားမှာ အသေအချာပါပဲ။လက်ပရာခွန်ဆိုတာကတော့ တိုက်ရိုက်ဘာသာပြန်ရင် လူသေးသေးလေးလို့ ပြောတာပါတဲ့။ ပုံပြင်တွေမှာတော့ သူက ဖိနပ်ချုပ်တဲ့သူ၊ ဦးထုပ်အဝိုင်းဆောင်းထားတဲ့ ကုတ်အင်္ကျီနဲ့ လူသေးသေးလေးလို့ ပြောကြပါတယ်။ သူ့မှာ ဖိနပ်ချုပ်တာကနေရတဲ့ ရွှေတွေ အိုးလိုက်ရှိတယ်ဆိုပဲ။ သက်တံ့ရဲ့အဆုံးမှာ သူ့ရွှေအိုးကို မြှုပ်ထားပါသတဲ့။ကျွန်တော်တို့ဆီက လူနီလေးလိုမျိုးပဲ သူ့ကို နိုင်တယ်ဆိုရင် သူပိုင်ထားတဲ့ ရွှေအိုးကို ယူလို့ရတယ်တဲ့။ ပုံပြင်တွေထဲမှာတော့ လက်ပရာခွန်က အန္တရာယ်ပေးတတ်တယ်ဆိုတာမပါဘဲ ကျီစယ်တာသန်တဲ့ ရွှတ်နောက်နောက်ကောင်လေးတွေအဖြစ်နဲ့ ပုံဖော်ကြပါတယ်။ဒီဇာတ်ကားထဲမှာတော့ Horror ဆိုတဲ့အတိုင်းပဲ ဒီလက်ပရာခွန်က နောက်တာမဟုတ်ဘဲ တကယ်လုပ်တာပါ။ ...
movie
Leprechaun (1992)
1992
5.7
Sometimes They Come Back (1991)
Sometimes They Come Back (1991) ==========================အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ နာမည်ကျော်လျှို့ဝှက်သည်းဖို ဆရာကြီး Stephen King. ရဲ့ဝတ္ထုတိုကိုပွားထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ မူရင်းအနေနဲ့ Stephen King's Cat's Eye ထဲမှာဇာတ်ကားတိုအဖြစ်ပါရှိခဲ့ ပြီး အခုကတော့ သီးသန့်ဇာတ်ကားရှည်အဖြစ်ဖန်တီးထားတာပါ။ဂျင်မ်နော်မန်ဟာ ငယ်ဘဝစိတ်ဒဏ်ရာတွေခြောက်လှန့်ဆဲဖြစ်တဲ့ တမင်တ ကာစွန့်ပစ်ထားခဲ့တဲ့ မွေးရပ်မြေနယ်မြို့လေးကိုမဖြစ်မနေ အကြောင်းကိစ္စ တစ်ခုကြောင့် ပြန်လာခဲ့ရပါတယ်။ ဂျင်မီအသက်ကိုးနှစ်တုန်းကသူတို့ညီအစ် ကိုနှစ်ယောက်ကို အနိုင်ကျင့်တတ်တဲ့လူငယ်လူရမ်းကားတစ်စုက မီးရထား လှိုဏ်ခေါင်းထဲမှာ လုယက်အနိုင်ကျင့်ရာကနေ သူ့အစ်ကို ဝိန်းသေဆုံးသွား ခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ထဲမှာပဲ ကားနဲ့အတူထွက်ပြေးဖို့ကြိုးစားတဲ့လူရမ်းကားတစ်စု လည်းရထားတိုက်သေဆုံးသွားခဲ့ပါသေးတယ်။ ဒီတစ်ခေါက်မြို့ကိုပြန်အ ရောက်မှာတော့ ဂျင်မီမှာ သူ့အစ်ကိုအသတ်ခံရမှုအကြောင်းအိမ်မက်ဆိုး တွေပြန်မက်စပြုလာပါတယ်။ မကြာခင်မှာပဲ သူ့အတန်းထဲကကျောင်းသား တွေတစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးလာခဲ့သလို တစ်ယောက်ပျောက် သွားတိုင်း သူ့အစ်ကိုကိုသတ်ခဲ့တဲ့ အုပ်စုထဲကကျောင်းသားတစ်ယောက် အဲ့ဒီနေရာကိုပြန်ရောက်လာတဲ့အခါမှာတော့..၊ပြန်ရောက်လာတဲ့လူတွေက သူ့အစ်ကိုကိုသတ်ခဲ့စဉ်က အသက်အရွယ်အတိုင်း ဖြစ်နေပြီး ဂျင်မီကိုလည်းကောင်းကောင်းမှတ်မိနေကြပါတယ်။ ဒါပေမယ့်လည်း အာဏာပိုင်တွေက ကျောင်းသားတွေပျောက်ဆုံးမှုတွေအတွက် သူ့အပေါ်ကို သံသယဝင်စပြုလာပြီး ပြန်ရောက်လာတဲ့ အတိတ်တစ္ဆေတွေကလည်းပိုပြီး ကြမ်းကြမ်းတမ်းတမ်းသောင်းကျန်းလာတဲ့နောက် ဂျင်မီတစ်ယောက် လွန်ခဲ့တဲ့ နှစ် ၃၀ နီးပါးကဇာတ်လမ်းကို အဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။ '90s Cult Classics တွေထဲကတစ်ကားဖြစ်ပြီး အခုချိန်ထိဇာတ်လမ်းဇာတ်အိမ်တင်ဆက် ပုံတွေဆွဲဆောင်မှုရှိဆဲဖြစ်သလို၊ jump scare တွေမပါပဲနဲ့ကျောထဲကစိမ့်လာ စေတဲ့ချောက်ချားမှုမျိုးပေးနိုင်တဲ့ Horror ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File ...
movie
Sometimes They Come Back (1991)
1991