Channel Myanmar

Robert Laenen

Lights Out (2024) 5.2
Lights Out (2024) Lights Out (2024)Boyka မင်းသား Scott Adkins နဲ့ MCU မှာ Crossbone အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Frank Grillo တို့လိုမျိုး ဝါရင့် အက်ရှင်မင်းသား ၂ ယောက် ပါဝင်ထားတဲ့ ၂၀၂၄ ခုနှစ် အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ကြိုတင်ပြီး ပြောချင်တာက ဒီဇာတ်ကားဟာ B အဆင့်ပဲ ရှိတဲ့ low budget အက်ရှင်ကားမျိုးပါ။ Budget အများကြီးသုံးထားတဲ့ A အဆင့် ရုပ်ရှင်လိုမျိုးတော့ မျှော်လင့်ပြီးမကြည့်ပါနဲ့ စိတ်ပျက်သွားပါမယ်။ ဒါပေမယ့် နာမည်ကြီးမင်းသားမင်းသမီးတွေသုံးပြီး ပေါတောနေတဲ့ ရုပ်ရှင်တွေထက်တော့ အပုံကြီးသာပါတယ်။ တချို့ အားမရစရာအပိုင်းတွေ ရှိပေမယ့် ဇာတ်လမ်းပိုင်းကတော့ မဆိုးပါဘူး။ဇာတ်လမ်းအကျဉ်းကတော့ ဒက်ဖ်ဟာ တာဝန်ကနေ အနားယူထားတဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ လျှောက်ပြီးလေလွှင့်နေရင်း ကြုံတဲ့ဘားတွေမှာ လောင်းကစားလိုက်လုပ်ပြီး ခရီးစရိတ်ရှာနေခဲ့ပါတယ်။ သူ့မှာ မပြီးဆုံးသေးတဲ့ ကိစ္စလေး တစ်ခုအတွက် အယ်လ်အေမြို့ကို ပြန်လာခဲ့တာပါ။ ဘားတစ်ခုမှာ ဖဲရိုက်ရင်း ...
movie

Lights Out (2024)

2024
Detective Knight: Independence (2023) 4.3
Detective Knight: Independence (2023) Detective Knight: Independence (2023) ============================Detective Knight တွေရဲ့အဆက်ဖြစ်တဲ့ မင်းသားကြီး ဘရုစ်ဝိန်းရဲ့ ဇာတ်ကားလေးထပ်မံထွက်ရှိလာပါပြီ။ဇာတ်လမ်းလေးကတော့ဘရုစ်ဝိန်းကဥပေဒေဘက်တော် သားဖြစ်ပြီး ဘဏ်ဓားပြတိုက်မှုမှာ တရားခံကိုမလိုအပ်ပဲ ပစ်သတ်မှုကြောင့် အပြင်မှာ တာဝန်မထမ်းဆောင်ရမှာဘဲ၊ ရုံးတွင်းမှာပဲစာရွက်စာတမ်းကိစ္စတွေကိုလုပ်နေရတယ်ပေါ့။ တစ်နေ့မှာ ဆေးရုံကမှုခင်းစစ်ဆေးရေးမှုးရဲ့ ရဲဝတ်စုံရယ်၊ သေနတ်ရယ်၊ တံဆိပ်ရယ်အကုန်လုံးအခိုးခံလိုက်ရတယ်။ဒီအမှုကို အထက်အရာရှိက ဘရုစ်ဝိန်းကိုပဲဖြေရှင်းဖို့တာဝန် ပေးလိုက်ပါတယ်။ ခိုးသွားတဲ့သူက ရဲဝတ်စုံကိုအသုံးချပြီး မကောင်းတာတွေလုပ်နေတဲ့အခါမှတော့ ဘရုစ်ဝိန်းတစ်ယောက် ဘယ်လိုတွေဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေး ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(1.87 GB) / (670 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......Tin Myo Lwin Encoder..........SWM
movie

Detective Knight: Independence (2023)

2023
Section 8 (2022) 4.2
Section 8 (2022) Section 8 (2022) =============ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့ Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက် ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူး ထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာ ပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော် ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီး ပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကို အနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက် သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကို သူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီး ကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ ...
movie

Section 8 (2022)

2022
Red Dawn (2012)
Red Dawn (2012)  ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ.........File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar ...
movie

Red Dawn (2012)

Cosmic Sin (2021) 3.0
Cosmic Sin (2021) Cosmic Sin (2021)==============ကျွန်တော်တို့ နေထိုင်ကြတဲ့ စကြဝဠာကြီးမှာ ကမ္ဘာဂြိုဟ်က သတ္တဝါတွေအပြင် တခြား မျိုးစိတ်တွေ ရှိနေဦးမယ်လို့ထင်ပါသလား ....ရှိနေရင်ရော ဘယ်လိုပုံစံတွေ ဖြစ်မယ်လို့ထင်လဲ၊ သူတို့ကရော ကမ္ဘာဂြိုဟ်ကလူတွေလို အသိဉာဏ်ရှိကြလား၊ဒါမှမဟုတ် နိမ့်ကျမလား သာလွန်နေမလား၊ ဒါတွေဟာ စဉ်းစားကြည့်မယ်ဆို စိတ်၀င်စားစရာပဲ . . .ပိုပြီး စိတ်၀င်စားဖို့ ကောင်းတာက ဒီလိုမျိုးစိတ်တွေသာ တကယ်ရှိပြီး လူတွေထက် အသိဉာဏ်နဲ့ ဖန်တီးနိုင်မှု စွမ်းအားကလည်း ပိုမြင့်နေမယ်၊ သူတို့က လူတွေကို အန္တရာယ်ပေးလာမယ်ဆိုရင် လူသားတွေအနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာပါပဲ။ ဒါဆိုရင် လူသားတွေအနေနဲ့ ဒီ ကြမ္မာဆိုးကြီးကို ကျော်ဖြတ်နိုင်ပါ့မလား လူသားတွေသက်တမ်းဟာ အဓွန့်ရှည်ပါ့မလား ......ဆိုတာဟာ စဥ်းစားစရာပါပဲ။ဒီဇာတ်ကားမှာ မင်းသားကြီး Bruce Willis က ဂျိမ်းစ် ဖို့ဒ်အမည်ရှိ အာကာသဆိုင်ရာ မဟာမိတ်ကောင်စီရဲ့ ဗိုလ်ချုပ်ဟောင်းကြီးအဖြစ် ပါ၀င်ထားပြီး Frank Grillo က ...
movie

Cosmic Sin (2021)

2021