Channel Myanmar

Robert Lott

Sin City: A Dame to Kill For (2014) 6.5
Sin City: A Dame to Kill For (2014) Sin City: A Dame to Kill For ( 2014 )2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ ...
movie

Sin City: A Dame to Kill For (2014)

1080p HEVC
The Life of David Gale(2003) 7.5
The Life of David Gale(2003) The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie

The Life of David Gale(2003)