Channel Myanmar

Robert Stephens

Romeo and Juliet (1968) 7.6
Romeo and Juliet (1968) Romeo and Juliet (1968) ~ IMDb - 7.6/10, Rotten Tomatoes - 95% ~" မိုက်မိုက်ကန်းကန်း ချစ်ခဲ့ကြရုံတင်မကဘဲ တစ်ခါတလေ အချစ်လွန်သွားတဲ့အခန်းလေးတွေပါ ပါလို့ မိသားစုနဲ့ အတူမကြည့်သင့်ပါဘူး "ရှိတ်စပီးယားရဲ့ နာမည်အကျော်ဆုံးပြဇာတ်တစ်ဖြစ်လဲ သမိုင်းတစ်လျှောက် နာမည်အကြီးဆုံးရိုမန့်ဇာတ်လမ်းဖြစ်တဲ့ ရိုမီရိုဂျူးလိယက်ကို ရုပ်ရှင်အနေနဲ့ ပြန်တင်ဆက်ထားတဲ့ ဂန္ထဝင်ရုပ်ရှင်ပါ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးလိယက်ဟာ ခေတ်အဆက်ဆက်အတင်စားဆုံးအချစ်ဇာတ်လမ်းလည်းဖြစ်ခဲ့တော့ အမျိုးမျိုးအဖုံဖုံပြန်တင်ဆက်ကြတာတွေရှိပေမဲ့ ဒီတစ်ခုကတော့ စာအုပ်နဲ့တော်တော်လေးထပ်တူကျပါတယ်။ ဒီစကားက မှားတောင်မှားနေလောက်တယ်။ စာအုပ်ကြီးအတိုင်းပါပဲဆို ပိုမှန်လိမ့်မယ်။ အမှန်ဆို ဒီကားကို ကျွန်တော်ငယ်ငယ်ကတော့ တစ်ခါကြည့်ဖူးခဲ့တယ်။ ဘာသိမှာလဲ ကြားဖူးနားဝအတိုင်း ရိုမီရို ဂျူးလိယက်ဆိုတဲ့ အသက်ပေးပြီးချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်လမ်းလို့ပဲ ထင်မှတ်ခဲ့တယ်။ ဒါပေမဲ့ ဒီတစ်ခေါက်ပြန်ကြည့်တဲ့အချိန်မှာ ရှိတ်စပီးယားဟာ အဲဒီလောက်ပဲပြတတ်တဲ့ ဘဲမဟုတ်ဘူးဆိုတာ ပိုသိလာတယ်။ပြောရရင် သူ ရိုမီရိုကို ပုံဖော်ခဲ့တဲ့ပုံတွေက လူငယ်လေးတစ်ယောက်ရဲ့ ...
movie

Romeo and Juliet (1968)

1968
Cleopatra (1963) 7.0
Cleopatra (1963) CLEOPATRA (1963)Cleopatra ဆိုတဲ့နာမည်ကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ ကမ္ဘာ့သမိုင်းစာမျက်နှာမှာ လူတကာငေးရတဲ့အလှပိုင်ရှင်အဖြစ်၊ အီဂျစ်ဘုရင်မာယာရှင်အဖြစ် Cleopatra ကိုမှတ်တမ်းတင်ခဲ့ကြပါတယ်။ Cleopatra ပါဝင်ကပြတဲ့ ကမ္ဘာ့သမိုင်းဇာတ်ကွက်က ကြီးကျယ်ခမ်းနားခဲ့သလို အဲဒီအကြောင်းကို ပြန်လည်ရိုက်ကူးတဲ့ ရုပ်ရှင်ဟာလည်း ရုပ်ရှင်သမိုင်းမှာဆိုစမှတ်ပြုရလောက်အောင် ကြီးကျယ်ခမ်းနားခဲ့ပါတယ်။Roman emperor ရဲ့အထင်ကရ စစ်သူကြီး Julius Caesar ဟာ ရန်သူတော် Pompey ကို တိုက်ခိုက်အနိုင်ယူလိုက်တဲ့ Battle of Pharsalus အပြီးမှာ ဇာတ်အိမ်တည်ထားပါတယ်။ Rome ရဲ့ အဓိကကုန်ဝင်ရာ နိုင်ငံဖြစ်တဲ့ Egypt မှာ Cleopatra ဘုရင်မနဲ့ မောင်ဖြစ်သူ Ptolemy တို့ထီးနန်းအတွက် တင်းမာနေတဲ့အခြေအနေကို Caesar ကဖြေရှင်းပေးဖို့ Egypt ကိုရောက်လာခဲ့ပါတယ်။ အချုပ်ပြောရရင် Cleopatra ကိုလုပ်ကြံရန်ကြိုးစားမှုနဲ့ Ptolemy နယ်နှင်ဒဏ်ပေးခံရပြီး Cleopatra က အီဂျစ်ရဲ့ဘုရင်မဖြစ်လာခဲ့တဲ့အပြင် Caesar နဲ့ Cleopatra ...
movie

Cleopatra (1963)

1963
1080p HEVC
Empire of the Sun (1987) 7.7
Empire of the Sun (1987) စတီဗင် စပီးဘက်ရဲ့ Epic war dram ရုပ်ရှင်တစ်ခု တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်မှာ ဒါရိုက်တာက အသက် 13 နှစ်အရွယ် မင်းသား ခရစ်ရှန်ဘေးကို အယောက် ၄၀၀၀ လောက် ဝင်အရွေးခံတဲ့အထဲကမှ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အဓိက ဇာတ်ကောင်ကတော့ ဂျေမီဆိုတဲ့ ဗြိတိန်လူမျိုး ကောင်ကလေးပါပဲ။ သူက သူ့မိဘနှစ်ယောက်နဲ့အတူ ရှန်ဟိုင်းမှာ မွေးကတည်းက နေခဲ့တာပါ။ တကယ်တော့ တရုတ်နဲ့ ဂျပန် စစ်မကြေညာဘဲ စစ်ဖြစ်နေတာ လေးနှစ်လောက်ကြာနေပါပြီ။ ဒါပေမဲ့ နိုင်ငံတကာ သံတမန်လုံခြုံရေးအရ ရှန်ဟိုင်းမှာ အေးအေးလူလူ နေထိုင်နေကြတဲ့ အနောက်တိုင်းသားတွေ အများကြီးပါပဲ။ သူတို့အေးအေးလူလူ နေနိုင်တဲ့အချိန်တွေ ကုန်တော့မှာကို မသိကြသေးပါဘူး။ ပုလဲဆိပ်ကမ်းကို ဂျပန်တွေဗုံးမကျဲခင်အထိပေါ့လေ။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကြီးထဲမှာ ဂျပန်တွေ ရှန်ဟိုင်းကိုဝင်လာချိန်မှာမှာ ဗြိတိန်သားတွေအလုအယက် ထွက်ပြေးကြရပါတော့တယ်။ ထွက်ပြေးကြတဲ့အချိန်မှာမှ ဂျေမီလေးက တစ်ယောက်တည်း မိဘတွေနဲ့ ကွဲပြီးကျန်နေခဲ့တာပေါ့။ ဂျေမီလေးက လေယာဉ်တွေကို အရမ်းစိတ်ဝင်စားပြီး ဂျပန်တွေကိုလည်း သတ္တိရှိတယ် လေယာဉ်တွေပိုကောင်းတယ်ဆိုပြီး လေးစားတဲ့စိတ်ရှိပါတယ်။ ကလေးတစ်ယောက်ရဲ့ ရိုးရှင်းတဲ့အတွေးပေါ့။ ဒါပေမဲ့ ဘေစီဆိုတဲ့ အမေရိကန်တစ်ယောက်နဲ့အတူ ဂျပန်ချွေးတပ်စခန်းမှာ နှစ်အတော်ကြာနေလိုက်ရတဲ့အခါမှာတော့ ဂျေမီ တစ်ဖြည်းဖြည်းပြောင်းလဲလာရတာကို စစ်သမိုင်းနောက်ခံနဲ့ လှလှပပ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ သေသွားတဲ့သူရဲ့ ဖိနပ်တွေကို မချွတ်ဖို့အတင်းတားခဲ့ဖူးတဲ့ ကောင်လေး အဖြစ်ကနေ သူသေသွားရင် သူ့ဖိနပ် ကျွန်တော့်ကိုပေးနော်ဆိုတဲ့ ကောင်လေးဖြစ်လာတဲ့ဂျေမီ။ ...
movie

Empire of the Sun (1987)