Channel Myanmar

Robert Wilfort

Save the Cinema (2022) 6.7
Save the Cinema (2022) ပြဇာတ်ဆန်ဆန် ​အေး​အေးငြိမ့်ငြိမ့်​လေး ခံစားလို့ရမယ့် Drama ရုပ်ရှင်​လေးတစ်ကားကို တင်​ဆက်​ပေးချင်ပါတယ်။ ၁၉၉၃ခုနှစ် ဝေးလ်နိုင်ငံ၊ ကာမာသန်မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အ​ခြေခံ၍ ရိုက်ကူးထားတာပါ။ IMDb - 6.7 နဲ့ Rotten Tomatoes 70%ထိရရှိထားပြီး Gotham series မင်းသမီး​ချော Erin Richards နဲ့Draco Malfoyအ​နေနဲ့ လူသိများတဲ့ Tom Feltonတို့ ပါဝင်ထားပါတယ်။ကာမာသန်မြို့ရဲ့ လစ်ရစ်ဇာတ်ရုံက ဟိုးနှစ်​ပေါင်းများစွာတည်းက စင်တင်ပြဇာတ်​​တွေနဲ့ ​အော်ပရာတွေ တင်ဆက်လာတဲ့ ဇာတ်ရုံကြီးဖြစ်သလို ​နောက်ပိုင်းနှစ်​တွေမှာ ရုပ်ရှင်ရုံအဖြစ် ပြောင်းခဲ့​​ပေမယ့် လာ​ရောက်ကြည့်ရှုသူ မရှိသ​လောက်နည်း​နေသလို ၂လ၃လ​နေမှ တစ်ခါပြတဲ့ ​ပြဇာတ်​တွေနဲ့ အသက်ဆက်​နေရတာပါ။ဒီလို​ဒေဝါလီခံရကာနီး​နေတဲ့ ရုပ်ရှင်ရုံကိုဖြိုချပြီး ​ဈေးဝယ်စင်တာ ​ပြောင်း​ဆောက်ဖို့ ကြံ​နေသူ​တွေက​တော့ ကာမာသန်မြို့​တော်ဝန်နဲ့သူ့ရဲ့ ခရိုနီ​တွေပါ။ လစ်ရစ်ရုံဟာ ဝင်​​ငွေမရ​တော့​ပေမယ့် မြို့​ခံလူ တချို့​အတွက်​ မ​​မေ့နိုင်တဲ့အမှတ်တရ​များစွာ ရှိ​နေတဲ့နေရာတစ်ခု ဖြစ်သလို မြို့ရဲ့ အထိမ်းအမှတ်လည်းဖြစ်​လို့ ဖြိုချမယ့် အကြံကို လုံးဝလက်မခံခဲ့ကြပါဘူး။ ဒါ​ပေမဲ့ ...
movie

Save the Cinema (2022)

The Dig (2021) 7.1
The Dig (2021) The Dig (2021) ===========IMDb Rating - 7.1/10"ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxons‌တွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ...
movie

The Dig (2021)

2021
Harry Potter and The Goblet of Fire (2005) 7.7
Harry Potter and The Goblet of Fire (2005) Harry Potter (2001-2011)Platform 9¾ ကနေ ပြန်လည် ကြိုဆိုပါတယ်။ Hogwarts ရထားကြီးနဲ့ wizarding world ကို အလည်တစ်ခေါက် ထပ်သွားပြီး Chapter တစ်ခုချင်းစီကို အစဉ်လိုက် ပြန်အလွမ်းသည်ကြမယ်ဗျာ ...ခင်ဗျားက muggle မဟုတ်ရင်တော့ အသက်ရှင်ကျန်ခဲ့သူ ကောင်လေးအကြောင်း ကြားဖူးပြီးသားဖြစ်မှာပါ ... သူ့နာမည်က Harry Potter တဲ့ .. ထင်ရှားတဲ့အမှတ်အသားဆို နဖူးမှာ အမာရွတ်လေးနဲ့ မှန်ကြောင်ကောင်လေးတစ်ယောက်ပါပေါ့ ။ဒီ အမာရွတ်လေး ရခဲ့တဲ့ ညကနေ စလို့ သူဟာ သူကိုယ်တိုင် မသိပါဘဲ မှော်လောကမှာ ကျော်ကြားလာခဲ့တယ်... မနာခံသူ မှန်သမျှ အရှင်မထားတတ်တဲ့ မှော်ဆရာကြီး တစ်ယောက်ရဲ့ လက်က လွတ်မြောက်ခဲ့သူအဖြစ်ပေါ့... မှော်ဆရာကြီးက ဘယ်သူလဲတော့ လာမမေးပါနဲ့ ... ကျွန်တော်တို့ သူ့နာမည်ကို ထုတ်မပြောကြဘူး ...သိုပေမဲ့ Harry Potter ဆိုတဲ့ မှော်ဆရာလေးကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိအပြည့်မွေးပြီး ရွန်၊ ဟာမွိုင်နီဆိုတဲ့ သူငယ်ချင်း ၂ ...
movie

Harry Potter and The Goblet of Fire (2005)

2005
4K HEVC
The Brothers Grimsby (2016) 6.6
The Brothers Grimsby (2016) ၂၀၁၆ ထွက် စုံထောက် ဟာသကားကို တင်ပေးလိုက်ပါတယ်။ Imdb 6.6 နဲ့ပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂရင်းစ်ဘေးမြို့သား အရမ်းချစ်ကြတဲ့ ညီအစ်ကို ၂ ယောက်ဟာငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့ပါတယ်။အစ်ကိုကြီးက အပေအတေ ဘောလုံးအားပေးသူ တစ်ယောက်ဖြစ်လာပြီးညီငယ်ကတော့ MI-6 ရဲ့ လျို့ဝှက်စုံထောက်တစ်ယောက်ဖြစ်လာပါတယ်။နှစ်ပေါင်း ၃၀ ကြာတဲ့ထိ ညီငယ်ဖြစ်သူကို ရှာဖွေနေတဲ့ အစ်ကိုကြီးဟာ ပါတီပွဲတစ်ခုမှာစစ်ဆင်ရေးနဲ့ရောက်နေတဲ့ ညီငယ်ကိုပြန်ရှာတွေ့သွားလို့ ဝမ်းသာအားရ နှုတ်ဆက်မိချိန်မှာ...အလွဲတွေ ဖြစ်ကုန်ပြီး လူသတ်သမားအစစ်လဲ လွတ်မြောက်သွားစေသလိုဟယ်ရီပေါ်တာမင်းသားကို AIDS ကူးသွားစေတဲ့အပြင် WHO ဥက္ကဌပါ သေဆုံးသွားစေတဲ့အခါမှာတော့ညီအစ်ကို ၂ ယောက် ကမ္ဘာပတ်ပြေးပြီး သူတို့ အရှုပ်ထုပ်တွေကို ပြန်ရှင်းရပါတော့တယ်။ဇာတ်လမ်းဟာ လိင်အသားပေးဇာတ်ကားမဟုတ်ပေမဲ့ ညစ်ညမ်းတဲ့ အသုံးအနှုန်းအချို့နဲ့ ပြကွက်အချို့ ပါဝင်နေတာကြောင့်မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးများကြည့်ဖို့ မသင့်တော်ကြောင်း သတိပေးပါတယ်။ File size…(1.4 GB ) / (800 MB) Quality…BluRay 1080p / ...
movie

The Brothers Grimsby (2016)

The Huntsman: Winter’s War (2016) 6.1
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)_________IMDb - 6.1/10   IMDb rating 6.1/10 ပဲ လက်ရှိမှာရထားသေးပေမယ့်ပရိတ်သက်တော်တော်များများကြိုက်နှစ်သက်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ . . . ပါဝင်ထားတဲ့မင်းသားကကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီး Thor မင်းသား Chris Hemsworth က Huntsman အဖြစ်သရုပ်ဆောင်ထားပါတယ်။တကယ်တော့ ဒီဇာတ်ကားဟာ 2012 ခုနှစ်ကထွက်ခဲ့တဲ့Snow White and the Huntsman ရဲ့ အဓိကဇာတ်အိမ်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းအစောပိုင်းမှာစုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့Snow White ကားပြီးတော့ ထပ်မံဖြစ်ပေါ်လာတဲ့ အချိန်ကာလနှစ်ခုကိုပြန်လည်ဆက်စပ်ပေးထားတဲ့ ဇာတ်ကားဆိုလည်းမမှားပါဘူး။Snow White ရဲ့လက်ချက်နဲ့သေဆုံးခဲ့တဲ့ ရဗန်နာကဒီဇာတ်လမ်းမှာပြန်လည်ရှင်သန်လာတာလည်း တွေ့ရပြီး . သူ့ရဲ့မှော်ကြေးမုံဟာ ဒီဇာတ်ကားမှာအဓိကနေရာကပါဝင်တဲ့ပစ္စည်းတစ်ခုဖြစ်လာပါတယ်။ကဲ ဇာတ်လမ်းကောင်းကောင်းကို spoiler ...
movie

The Huntsman: Winter’s War (2016)