Channel Myanmar

Roberta Angelica

Urban Legend (1998) 5.6
Urban Legend (1998) Urban Legend (1998) ===============အမြို့မြို့အနယ်နယ်မှာ ပါးစပ်ရာဇဝင်လို့ခေါ်ကြတဲ့ ဇာတ်လမ်းတွေ၊ အချင်းချင်း လက်ဆင့်ကမ်းလာခဲ့တဲ့ပုံပြင်တွေကိုယ်စီရှိတတ်ကြပါတယ်။ အဲ့ဒါတွေဟာ အမှန် တကယ်လား စိတ်ကူးယဉ်လား ဆိုတာ ဘယ်သူမှစေ့စေ့စပ်စပ်စုံစမ်းလေ့မရှိကြ ပေမယ့် ပြောတဲ့သူတိုင်းကတော့ ကိုယ်တွေ့ကြုံသလိုပြောလေ့ရှိကြတာပါပဲ။အဖြစ်အပျက်တွေက ပန်ဒယ်တန်တက္ကသိုလ်ကျောင်းသူ မီချယ်မန်စီနီဆိုတဲ့ကောင် မလေးတစ်ယောက် ကားနောက်ခုံမှာ ပါလာတဲ့လူသတ်သမားရဲ့ခေါင်းဖြတ်သတ်ခံ လိုက်ရချိန်မှာစတင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ ကျောင်းဝင်းတစ်ခုလုံးကို တုန်လှုပ်သွား စေခဲ့ပေမယ့် ထုံးစံအတိုင်းယုံကြည်တဲ့သူတွေ မယုံကြည်ပဲလှောင်ပြောင်သူတွေနဲ့ဝိဝါဒ ကွဲပြားနေကြတုန်းပါပဲ။ အဲ့ဒီမီချယ်နဲ့အထက်တန်းကျောင်းတုန်းက သူငယ်ချင်းဖြစ်ခဲ့တဲ့သူ နက်တလီကတော့ ဒီဖြစ်ရပ်ကြောင့်အထူးတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ဘေးက လက်လှမ်းမီသူတွေကို သတိပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူ့သူငယ်ချင်း တွေ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ရာဇဝင် ဇာတ်လမ်းတွေထဲက အတိုင်း ဆင်တူနည်းလမ်းတွေနဲ့ အသတ်ခံလာရတဲ့အချိန်မှာတော့ နက်တလီတစ်ယောက် ကိုယ့် အားကိုယ်ကိုးပြီးလူသတ်သမားကိုဖော်ထုတ်ဖို့ကြိုးစားရပါတော့တယ်။ ဂန္ဓဝင် Slasher Films တွေထွက်ခဲ့တဲ့ 90s ကာလက နာမည်ကျော်တွေထဲက တစ်ကားဖြစ်ပါတယ်။ Horror ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်မယ့်ဇာတ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.76 GB) / (751 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......Alias Encoder..........SWM
movie

Urban Legend (1998)

1998
The Boondock Saints (1999)
The Boondock Saints (1999)  ဒီတစ်ခါမှာတော့ IMDB 7.7/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ် Spider Man ထဲက လူဆိုးကြီးနော်မန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Willem Dafoe နဲ့ Walking Dead ထဲက မင်းသားNorman Reedus ကလည်း ဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ် ဒီဇာတ်လမ်းလေးကတော့ ကော်နာနဲ့မာဖီဆိုတဲ့အိုင်းရစ်လူမျိုးကတ်သလစ်ဘာသာကိုးကွယ်တဲ့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ တစ်ရက်မှာ မထင်မှတ်ပဲဂိုဏ်းစတားနှစ်ယောက်ကိုသတ်မိသွားတယ် ဥပဒေကလည်း မကောင်းတာလုပ်တဲ့သူတွေကို ထိထိရောက်ရောက်အပြစ်မပေးတာကြောင့် ညီအစ်ကိုနှစ်ယောက်ဟာ သူတို့နည်းသူတို့ဟန်နဲ့ ထိုလူမိုက်တွေကိုအပြစ်ပေးပါတော့တယ် သူတို့ကို ဘုရားသခင်က ဒီမြို့ကြီးကို သန့်စင်ပေးဖို့ တာဝန်ပေးထားတယ်လို့မှတ်ယူပြီး လူဆိုးတွေကို တစ်ယောက်ပြီးတစ်ယောက်ရှင်းလင်းသုတ်သင်ပါတော့တယ် သူတို့ရဲ့အမှုတွေကို အရမ်းတော်တဲ့ FBIအေးဂျင့် ပေါလ်စမတ်ကာက ဦးဆောင်စုံစမ်းဖို့တာဝန်ကျပါတယ် အရမ်းတော်တဲ့စုံထောက်ကပဲ ဖမ်းနိုင်မလား ဇာတ်လိုက်ညီအစ်ကိုနှစ်ယောက်ကပဲ သုတ်သင်မှုတွေကိုဆက်လုပ်နိုင်မလားဆိုတာ ဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာပါ File size…(1.7 GB)/(909 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

The Boondock Saints (1999)