Channel Myanmar

Roberto Citran

Diabolik (2021) 5.9
Diabolik (2021) Diabolik (2021)၁၉၆၂ ခုနှစ်မှာ အီတလီအပြင် ဥရောပ တခွင် ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့တဲ့ ရုပ်ပြတစ်ခုရှိပါတယ်။ ဒီယာဘောလစ်ပါ။ဒီယာဘောလစ်ရဲ့ ပထမဆုံး Live Action ကိုတော့ ၁၉၆၈ ခုနှစ်မှာ ရိုက်ကူးခဲ့ပြီး အာရှတိုင်းပြည်တွေအထိပါ ပေါက်ရောက်ခဲ့ပါတယ်။လူဆိုးတကာ့ လူဆိုးထဲမှာ ဉာဏ်ရည်ထက်မြက်တဲ့ လူဆိုးက ကြောက်ဖို့အကောင်းဆုံးပါပဲ။ ဒီယာဘောလစ်ဟာ အဲဒီလိုဖောက်ထွင်းဝိဇ္ဇာမျိုးပါ။အခုဇာတ်လမ်းကတော့ ၁၉၆၀ ဝန်းကျင် အီတလီနိုင်ငံကို ဇာတ်အိမ်တည်ထားပြီး အဲဒီခေတ်ကာလမှာ ကလာဗေးလ်မြို့ကရဲတွေ ခေါင်းခဲနေရတဲ့ကိစ္စတစ်ခုရှိပါတယ်။ ရဲတွေကို အမြဲနောက်ကောက်ချနိုင်တဲ့ သူမတူအောင် တော်လွန်းတဲ့ ဖောက်ထွင်းဝိဇ္ဇာ ဒီယာဘောလစ်ပေါ့။သူ့ရဲ့ မျက်နှာအမှန်ကို မြင်ဖူးတဲ့သူမရှိတဲ့အပြင် ဒီယာဘောလစ်ဟာ တကယ်တော့ သာမန်လူမဟုတ်ဘဲ မိစ္ဆာတစ်ကောင်လို့ လူတွေကပါ ပြောကြတဲ့အထိ သူ့ရဲ့ ရာဇဝင်ဟာ လျှို့ဝှက်နေပါတယ်။အေဗာကန့်ဟာ သေဆုံးသွားပြီဖြစ်တဲ့ တောင်အာဖရိက စီးပွားရေးသမားကြီးတစ်ဦးရဲ့ ဇနီးပါ။ သူဟာ အဖိုးတန် ပန်းရောင်စိန်နဲ့အတူ ကလာဗေးလ်ကို ပြန်လာခဲ့ပြီး အဲဒီစိန်ကြောင့်ပဲ အဖိုးတန်တာမြင်ရင် ...
movie

Diabolik (2021)

2021
Hotel Rwanda (2004) 8.1
Hotel Rwanda (2004) Hotel Rwanda (2004) IMDb - 8.1/10______Rotten - 91%ဒီကားလေးက IMDB 8.1/10 ရရှိထားပြီး 1990 ကာလပိုင်းကရဝမ်ဒါနိုင်ငံမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ လူသားမျိုးနွယ်ရဲ့ အဆိုးရွားဆုံးလို့သတ်မှတ်ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြီးတစ်ခုကိုအခြေခံထားတဲ့ ဖြစ်ရပ်မှန် Historical Dramaဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ စက်ဆုပ်ရွ့ံ့ရှာဖွယ်ကောင်းတဲ့ လူသားမဆန်မှုတွေကိုကြည့်ပြီးအသိတရား ရရှိစေမယ့် ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းမကြည့်ခင်Rwanda နိုင်ငံရဲ့ Hutu နဲ့ Tusti တွေအကြောင်းနည်းနည်းသိထားမှ ကြည့်ရတာ ပိုအသက်ဝင်ပါလိမ့်မယ်။Rwanda နိုင်ငံကို ဘယ်လ်ဂျီယံတွေအုပ်ချုုပ်စဉ်က Rwanda နိုင်ငံသားတွေကိုလူမျိုးနှစ်စုခွဲခဲ့ပါတယ်။ နှာခေါင်းရှည်ရှည်နဲ့အသားဖြူဖြူ ရုပ်သန့်သန့်ကောင်တွေကို Tusti တွေအဖြစ် သတ်မှတ်ပြီးတော့အုပ်ချုပ်ရေးပိုင်းမှာ အလုပ်တွေခန့်ပြီး နေရာပေးခဲ့ပါတယ်။အဲဒီကတည်းကအခွဲခြားခံ Hutu တွေဟာ ဘယ်လ်ဂျီယံအစိုးရနဲ့တစ်ပါတည်း Tusti တွေကိုပါမုန်းတီးစိတ်ဝင်သွားကြတာပါ။ ဘယ်လ်ဂျီယံတွေ အာဏာပြန်လွှဲချိန်ကျတော့Hutu တွေဆီ အာဏာလွှဲအပ်လိုက်ရတာနဲ့ ခေတ်အဆက်ဆက်အဖိနှိပ်ခံ Hutu တွေဟာ Tusti တွေကို အခဲမကျေဘဲရက်ရက်စက်စက် လက်စားချေဖို့ လုပ်ကြတာဖြစ်ပါတယ်…1990 လို ...
movie

Hotel Rwanda (2004)

2004