Channel Myanmar

Robin Mullins

The World Made Straight (2015) 5.5
The World Made Straight (2015) The World Made Straight (2015)=====================ဒီ "The World Made Straight" ဆိုတာကတော့ 2015 တုန်းက ထွက်ရှိထားတဲ့ ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဒုတိယကမ္ဘာစစ်တုန်းက သွေးမြေကျခဲ့တဲ့ အပါလာချီယန်နယ်မြေရဲ့ သမိုင်းကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဇာတ်ဆောင်ဖြစ်တဲ့ ထရာဗစ်ဆိုတဲ့လူငယ်လေးဟာ ငယ်စဉ်ကတည်းကအရမ်းဆိုးခဲ့တဲ့ အထက်တန်းကျောင်းထွက်တစ်ယောက်ဖြစ်ပါတယ်။ နယ်ခံဖြစ်တဲ့ ထရာဗစ်ဟာတစ်နေ့ မြို့နားကချောင်းငယ်လေးကိုသွားရင်း ဆေးခြောက်ပင်တွေကိုတွေ့သွားပါတယ်။ အဲဒီအခါမှာ သူငယ်ချင်းဖြစ်သူကိုပြောတော့ သူငယ်ချင်းဖြစ်သူက သူတို့နားတစ်ဝိုက်က ဆေးရောင်းဝယ်လုပ်သူဆီရောင်းဖို့အကြံပေးလိုက်ပါတယ်။ ဒီလိုနဲ့ ဆေးရောင်းဝယ်လုပ်နေတဲ့ လီယွန်နက်ဆိုတဲ့သူနဲ့ သိသွားကြပါတယ်။ နောက်တစ်နေ့ ထရာဗစ်က အဖေနဲ့ပြဿနာတက်လို့ အိမ်ကထွက်လာပြီး ဆေးခြောက်ပင်တွေရှိတဲ့ ချောင်းငယ်နားကိုသွားတဲ့အခါ ဆေးခြောက်ပင်ပိုင်ရှင်ထောင်ထားတဲ့ ထောင်ချောက်မှာမိပြီး ဒဏ်ရာရသတိမ​ေ့သွားခဲ့ပါတယ်။ ဆေးခြောက်ပင်ကို ပိုင်တဲ့လူမိုက်နှစ်ယောက်က ထရာဗစ်ကို ခြိမ်းခြောက်ပြီးပြန်လွှတ်ခဲ့ပါတယ်။ ဆေးရုံကအဆင်းမှာ ထရာဗစ်ရဲ့ အဖေက အိမ်ကိုမပြန်လာခိုင်းတာနဲ့ ထရာဗစ်က သူ့ရဲ့အသိဖြစ်တဲ့လီယွန်နက်ဆီကို ခြေဦးတည့်သွားဖို့ဖြစ်လာခဲ့ပါတယ်။ လီယွန်နက်အိမ်မှာနေခွင့်ရသွားတဲ့ ထရာဗစ်ဟာ တစ်နေ့ လီယွန်နက်ဖတ်နေတဲ့ စာအုပ်ကိုယူကြည့်လိုက်တဲ့အချိန် ...
movie

The World Made Straight (2015)

The Secret Life of Bees (2008) 7.2
The Secret Life of Bees (2008)    လီလီဆိုတဲ့ကောင်မလေးက သူမအရမ်းငယ်သေးတဲ့အချိန်မှာလုပ်မိတဲ့မတော်တဆမှုတစ်ခုကြောင့် အမေဖြစ်သူဆုံးပါးသွားခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်းမတည့်တဲ့မိန်းမငယ်လေး လီလီဟာ အဖေဖြစ်သူဆီကနေ အမေ့အကြောင်းတွေမေးပေမယ့် အဖေဖြစ်သူကမပြောပြတာမို့ လူမည်းအိမ်အကူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကနေထွက်ပြေးလာပြီး အမေ့အကြောင်းရှာပုံတော်ဖွင့်ပါတော့တယ်.....ဒီဇာတ်လမ်းကလေးဟာ 1900 ခုနစ်တွေမှာ လူဖြူလူမည်းလူတန်းစားခွဲခြားမှုတွေ လူမည်းတွေမတရားခံရမှုတွေကို မြင်တွေ့ရပြီး ဘဝရဲ့လောကဓံရိုက်ချက်တွေကို ပြသထားတာမို့ အများကြီးညွှန်းစရာမလိုဘဲ ကြည့်ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲရှင်............ File size…(1.6 GB)/(790 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

The Secret Life of Bees (2008)

Safe Haven (2013) 6.7
Safe Haven (2013) Safe Haven (2013)_____IMDb - 6.7/10   ဒီတစ်ခါတော့ ရိုမန်တစ်ဆန်ချင်တဲ့ RS တွေနဲ့ ရုပ်ရှင်ကြည့်ပြီး အားကျချင်တဲ့ FA တွေအတွက် Romance ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီရုပ်ရှင်ဟာ နာမည်ကျော်စာရေးဆရာ Nicholas Sparks ရဲ့ Safe Haven ဆိုတဲ့ ဝတ္ထုကို ရိုက်ကူးထားတာဖြစ်ပါတယ်။ Nicholas Sparks ကတော့ အားလုံးသိတဲ့ The Notebook, The Faults in Our Stars လို ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုလက်ရာရှင်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ကေတီဆိုတဲ့အမျိုးသမီးငယ်လေးဟာ မြောက်ကယ်ရိုလိုင်းနားကမ်းခြေမှာရှိတဲ့ မြို့ငယ်တစ်မြို့မှာ အခြေချပြီး ဘဝသစ်တစ်ခုစတင်ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စားပွဲထိုးတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ပြီး ဇာတ်မြုပ်နေခဲ့ပေမယ့် ဒီရပ်ကွယ် ဒီမြို့လေးက သူ့ကို ဝိုင်းဝန်းစောင့်ရှောက်ပေးကြ၊ ချစ်ခင်ကြပါတယ်။ အထူးသဖြင့် မိန်းမဆုံးပါးသွားပြီးနောက် ကလေးတွေနဲ့ကျန်ရစ်ခဲ့တဲ့ အဲလက်စ်က သူ့ကိုအတော်လေး ဂရုစိုက်ပေးပါတယ်။အဲလက်စ်နဲ့ သူ့ကလေးတွေကြောင့် ကေတီတစ်ယောက် လူတွေကို ...
movie

Safe Haven (2013)

2013