Channel Myanmar

Rocco Amato

The Ciambra (2017) 7.0
The Ciambra (2017) အခုတင်​ဆက်​မယ်​့ရုပ်​ရှင်​ကားက​တော့ A Ciambraဆိုတဲ့ Italyကား​လေးတစ်​ကားဘဲဖြစ်​ပါတယ်​။ရုပ်​ရှင်​ဆု ၁၃ဆုထိရထားတဲ့ မိသားစုဒရမ်​မာ ဇာတ်​လမ်​း​လေးတစ်​ပုဒ်​ဖြစ်​ပါတယ်​။IMDb 7ထိရရှိထားပြီး Rotten Tomatoes 88% ရရှိထားတဲ့ ဇာတ်​ကား​လေးဖြစ်​ပါတယ်။ဇာတ်​လမ်​းထဲမှအကျဉ်​းချုပ်​က​တော့ အီတလီမှာ ​ရွှေ့​ပြောင်​း​နေထိုင်​​နေတဲ့ ရို​မေးနီးယားမိသားစု​လေးတစ်​စုထဲက ပီယိုဆိုတဲ့​ကောင်​​လေးတစ်​​ယောက်​ရဲ့ဘဝဇာတ်​လမ်​းနဲ့ အာဖရိကလူမျိုး​တွေနဲ့​ရွှေ့​ပြောင်​း​နေထိုင်​သူ​တွေကို ဖိနှိပ်​ချုပ်​ချယ်​တဲ့အ​ကြောင်​းကို ရိုက်​ပြထားတာဖြစ်​ပါတယ်​။ဇာတ်​လမ်​းထဲမှာ​တော့ ​ရွှေ့​ပြောင်​း​နေထိုင်​​နေတဲ့မိသားစု​တွေဟာ ဖိနှိပ်​ချုပ်​ချယ်​မှု​ကြောင်​့ ပညာ​ရေး​ခေါင်​းပါး​နေပြီး က​လေးငယ်​များမှာပင်​ ​ဆေးလိပ်​နဲ့အရက်​ မကင်​းတာကို​တွေ့ရပါတယ်​။ထို့အပြင်​ ပီယိုရဲ့အစ်​ကိုကလည်​း သူခိုးတစ်​​ယောက်​ဖြစ်​ပါတယ်​​။ပီယိုဟာသူ့အစ်​ကိုဆီက​နေ ကားစက်​နှိုးတဲ့ပညာကို စတင်​သိရှိခဲ့ပါတယ်​။ပီယို့ဆီမှာ အရိဗ်​ဗာဆိုတဲ့ သူ့အစ်​ကိုရဲ့သူငယ်​ချင်​း အာဖရိကလူမျိုးသူငယ်​ချင်​းတစ်​​ယောက်​လည်​းရှိပါတယ်​။တစ်​​နေ့သူ့အစ်​ကိုအဖမ်​းခံလိုက်​ရပြီး သူတို့အိမ်​မှာ ​ငွေလိုလာတဲ့အချိန်​မှာ ပီယိုနဲ့သူ့အစ်ကို​သူငယ်​ချင်​းတို့ဘယ်​လိုရှာကြမလဲ။သူ့ကိုက​လေးလို့မြင်​တာမကြိုက်​ဘဲ လူကြီးလို့မြင်​​စေချင်​တဲ့ ပီယိုကဘာ​တွေလုပ်​မလဲ။အာဖရိကလူမျိုး​တွေကိုဖိနှိပ်​တဲ့​​နေရာ​ဒေသမှာ ဘာ​တွေဆက်​ဖြစ်​လာမလဲဆိုတာက​တော့..........(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ Zaya Phyoe  ဖြစ်ပါတယ်) File Size : (900 MB) and (340 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre : Crime, Drama Subtitle : ...
movie

The Ciambra (2017)

2017