Channel Myanmar

Rod Britt

The Craft (1996)
The Craft (1996) လော့စ်အိန်ဂျလိစ်ရဲ့ အထက်တန်းကျောင်းတစ်ခုမှာ နန်စီ၊ ဘွန်နီနဲ့ ရိုချယ်ဆိုတဲ့ ထူးထူးဆန်းဆန်း ကောင်မလေးသုံးယောက်ရှိတယ်။ ကျောင်းက တခြားသူတွေက သူတို့ကို စုန်းမတွေလို့ စွပ်စွဲခံထားရတဲ့ ကောင်မလေးသုံးယောက်ပေါ့။ တစ်နေ့တော့ သူတို့ကျောင်းကို ဆာရာဆိုတဲ့ ခပ်ချောချော ကျောင်းသူအသစ်တယောက် ပြောင်းလာတယ်။ ဆာရာကတော့ နဂိုကတည်းက စုန်းဗီဇပါလာတဲ့ ဝမ်းတွင်းစုန်းပေမဲ့ သူ့ကိုယ်သူ စုန်းလို့ မခံယူထားတဲ့သူ။ ဆာရာကျောင်းကို ရောက်ပြီး မကြာဘူး။ သူ့ကို နန်စီတို့က သတိထားမိသွားပြီး သူတို့နဲ့ ပေါင်းမိသွားတယ်။ လေးယောက်စုံသွားတဲ့ ဆယ်ကျော်သက်စုန်းမလေးတွေဟာ အစီအရင်တွေကို အပျော်စမ်းသပ်ရာကနေ ထိန်းမနိုင်၊ သိမ်းမရတွေ ဖြစ်ကုန်ပါတော့တယ်။ The Craft ဆိုတဲ့ ဒီရုပ်ရှင်ဟာဆိုရင် 1996 ခုနှစ်မှာ ထွက်ရှိခဲ့ပြီး တော်တော်လေးကို ကြည့်လို့မိုက်တဲ့ Teen, horror, fantasy ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်း၊ ဇာတ်အိမ် ကောင်းတဲ့အပြင် အထူးပြုလုပ်ချက်တွေကလည်း တော်တော်လေးပီပြင်ပြီး မင်းသမီးတွေကလည်း ...
movie

The Craft (1996)

My Name Is Khan (2010) 7.9
My Name Is Khan (2010) IMDb Rating (7.9) / Rotten Tomatoes (83%)မင်းသားရှရွတ်ခန်းနဲ့ မင်းသမီးကာဂျိုးတို့တွဲရိုက်လိုက်တိုင်း နာမည်ကြီးနေကျဆိုသလို ဒီဇာတ်ကားကလဲ ကမ္ဘာ့အလည်မှာ နာမည်ရခဲ့တဲ့ Bollywood ရုပ်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ရှရွတ်ခန်းဟာ ဒီဇာတ်ကားမှာ Asperger's syndrome ရောဂါဝေဒနာရနေတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပြီး သူ့ရဲ့သရုပ်ဆောင်မှုတွေက ပြောစရာမရှိအောင် ပြည့်စုံခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့....Khan ဟာ Asperger's syndrome  လူမှုဆက်ဆံရေးချွတ်ချော်တဲ့ရောဂါလို ဂေါက်တောက်တောက်ပုံစံဖြစ်နေတာမလို့ သူ့ညီဖြစ်သူက သူ့ကိုဆို မကြည်ဖြူပေမယ့် မိဘတွေကတော့ သူ့ကိုအချစ်ပိုကြပါတယ်။ဒီလိုနဲ့သူ့မိဘတွေဆုံးတော့ Khan တစ်ယောက် အိန္ဒိယကနေ သူ့ညီရှိရာ အမေရိကကိုပဲ  လိုက်ပါသွားဖို့ ဖြစ်လာပါတော့တယ်။Spoiler Alert....(ဇာတ်ကားကြည့်မည့်သူများ အောက်ကစာကိုမဖတ်ဘဲ ကြည့်သင့်ပါတယ်။)သူဟာ သူ့ညီကုမ္ပဏီက အလှပြင်ပစ္စည်းတွေ ရောင်းချပေးနေရင်း Mandira နဲ့ တွေ့ဆုံမိပြီး  မြင်မြင်ချင်းသဘောကျသွားပါတော့တယ်။ Mandira ဟာ အလှပြင်ဆိုင်မှာလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး သူ့မှာ သားတစ်ယောက်ရှိပါတယ်။ သူ့ယောကျာ်းနဲ့တော့ ကွဲနေပါတယ်။ သူမဟာ မကြာခင် အိမ်ပြောင်းဖို့ရှိနေပြီး ကိုယ်ပိုင်အလှပြင်ဆိုင်လေးတစ်ခုဖွင့်ဖို့ ...
movie

My Name Is Khan (2010)

4K HEVC
Blast from the Past (1999) 6.7
Blast from the Past (1999) ပရိတ်သတ်ကြီးရေ ထူးဆန်းထွေလာ စိတ်ကူးယဉ်ဇာတ်လမ်းတွေနဲ့ ပတ်သတ်လာရင် The Mummy, George of the Jungle, Journey ကားတွေလို ္Fantasy တွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Brendan Fraserကို မေ့ထားလို့မရပါဘူး။ ကျွန်တော်ဆိုလည်း ငယ်ငယ်ကတိုင် သူ့ရဲ့ဇာတ်လမ်းတွေကို သိပ်သဘောကျခဲ့တာပါ။အခုလည်း စီအမ်ပရိသတ်ကြီးအတွက် မင်းသားကြီးရဲ့ အချစ်/ဟာသ ဇာတ်လမ်းလေဟောင်းတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ၁၉၉၉ ခုနှစ်ကထွက်တာဆိုတော့ ကျွန်တော်နဲ့ သက်တူရွယ်တူပဲဗျ။ ဖေဖော်ဝါရီလမှာ ထွက်တာဆိုတော့ ကျွန်တော့်ထက်တောင် လပိုင်းကြီးသေးဗျာ။ ဘရန်ဒန့်ဇာတ်လမ်းပီပီ သောင်းပြောင်းထွေလာတွေ မပါမှာကလည်း ပူစရာမလို့ပါဘူးဇာတ်လမ်းအစမှာတော့ သူ့ရဲ့နောက်ခံဝန်းကျင်က ၁၉၆၂ ခုနှစ် ဆိုဗီယက်တွေနဲ့ အမေရိကန်တို့ တင်းမာမှုတွေ ရှိနေတဲ့ အချိန်ကာလပေါ့၊ အဲဒီမှာ ကယ်ဗင်ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်က နျူကလီးယား တိုက်ခိုက်မှုတွေ ရှိလာတဲ့အခါ ဘေးရှောင်နိုင်ဖို့ မြေအောက်ဗုံးခိုကျင်းကြီး တစ်ခု တည်ဆောက်ခဲ့တယ်။ နျူကလီးယားကိုတောင် ခံနိုင်ရည်ရှိတယ်ဆိုတော့ ...
movie

Blast from the Past (1999)