Channel Myanmar

Roh Jeong-eui

Badland Hunters (2024)
Badland Hunters (2024) Badland Hunters (2024)အားလုံးစောင့်မျှော်နေတာကြာပြီဖြစ်တဲ့ Concrete Utopia Universe ရဲ့အဆက်ဖြစ်တဲ့ Badland Huntersထွက်ရှိလို့လာပါပြီ။ ဇာတ်လိုက်ကျော်ကြီး မာဒုံဆော့ပါဝင်အားဖြည့်ထားတာဖြစ်လို့ ဘဲကြီးရဲ့actionတွေကို မျှော်နေသူတွေလည်း ဒီညအတွက်ကြည့်စရာရပြီပေါ့။Concrete Utopia မှာတုန်းက ဆိုးလ်မြို့ငလျင်အကြီးအကျယ်လှုပ်ခတ်ပြီး စည်ကားတိုးတက်တဲ့ဆိုးလ်မြို့ နေချင်စဖွယ်‌ဆိုးလ်မြို့လေးကနေ နေ့ချင်းညချင်း ဖုန်းဆိုးမြေဖြစ်သွားပါတော့တယ်။ Post apocalyptic survival ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူနည်းစုပဲကျန်တဲ့ ပြည်သူတွေဟာ သဘာဝဘေးအန္တရာယ်တွေ မိုးခေါင်ရေရှား အစာရေစာရှားတဲ့ဘေးကနေ ခက်ခက်ခဲခဲရှင်သန်ဖို့ ကြိုးစားရပါတော့တာပေါ့။Badland huntersကတော့ ဒီအဖြစ်ဆိုးကြီးအပြီး ၃-နှစ်တာကာလကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ၃ နှစ်တာအခက်အခဲကို ဖြတ်သန်းပြီးတဲ့နောက် သင်ခန်းစာတွေ အတွေ့အကြုံ‌တွေ လောကဓံအထုအထောင်းတွေလည်း အတော်လေးကြုံရပြီးပြီဖြစ်တဲ့ ပြည်သူတစ်စုကတော့ ဘတ်စ်ကားဝင်းလေးထဲမှာစုပြီး ရွာငယ်လေးတစ်ခုလို သိုက်သိုက်ဝန်းဝန်းနေထိုင်ကြတာပေါ့။ ဒီဖုန်းဆိုးမြေကြီးလို စားစရာသောက်စရာမရှိတဲ့နေရာမှာ လူတွေအားကိုးအားထားပြုနေရတာကတော့ ဇာတ်လိုက်ကျော်မုဆိုးကြီး နမ်ဆန်းကိုပါပဲ။ ဘယ်လိုအန္တရာယ်ကိုမှမမှုတဲ့ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် လူကြမ်းကြီးနမ်ဆန်းရဲ့ ရင်နှစ်သည်းချာလေးကတော့ ငယ်စဉ်က သူကိုယ်တိုင်ကယ်ထားတဲ့ ယန်ဂီဆုဆိုတဲ့ကလေးမလေးရယ် သူ့ရဲ့လက်ထောက်ဂျီဝမ်နဲ့ ဘတ်စ်ကားဝင်းထဲကပြည်သူတွေပါပဲ။နေစရာစားစရာတောင်မရှိတဲ့ကာလမှာ ဥပဒေဆိုတာ စေ့စေ့တွေးလို့ ရေးရေးတောင်မပေါ်နိုင်တဲ့အရာဖြစ်နေပြီဆိုတော့ သ‌ဘာဝဘေးကတစ်ဖက် လောဘသား လူမိုက်တွေကတစ်ဖက် ဒီကြားထဲက သူအလေးထားတဲ့အရာတွေကို နမ်ဆန်းတစ်ယောက် ကာကွယ်သွားနိုင်မလားဆိုတာ ...
movie

Badland Hunters (2024)

2024
I Want to Know Your Parents (2022) 7
I Want to Know Your Parents (2022) I want to know your parents (2022)အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်း‌ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား?ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin ...
movie

I Want to Know Your Parents (2022)

2022
Fantasy of the Girls (2016) 6.9
Fantasy of the Girls (2016) [Unicode]Fantasy of the Girls 2018LGBT Supporter တို့အတွက် Lesbian Teen Romance Movie လေးတစ်ခုပေါ့အချစ်ဆိုတာ အသက်အရွယ်မရွေး Genderမရွေးမှာ ဖြစ်ပေါ်လာတတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံရပြီး မဖြစ်သင့်တဲ့ ဒဏ်ခတ်အချစ်ဆိုတာမျိုးရှိပါတယ်...ချစ်နေကြပေမယ့်လည်း မဖြစ်သင့်လို့ မချစ်ခဲ့သလိုနေခဲ့လိုက်ရမယ့် အချစ်ဇာတ်လမ်းလေးကို ဒီကားလေးမှာ ပုံဖော်ထားပုံကတော့ပထမနှစ်အထက်တန်ကျောင်းသူလေး ဆွန်းဟွာဟာ သူမရဲ့ကျောင်းက နောက်ဆုံးနှစ် စီနီယာကျောင်းသူ ဆူယွန်းနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ရာကဆူယွန်းရဲ့မျက်စိကျသွားမှုကြောင့် ရိုမီယို ဂျူလီးယက် ပြဇာတ်အတွက် ဂျူးလီးယက်နေရာကို အရွေးခံခဲ့ရပါတယ်ရိုမီယိုနေရာမှာ သရုပ်ဆောင်မယ့် စီနီယာကျောင်းသူ ဟာနမ်ဟာ ဂျူနီယာတိုင်းရဲ့ အသဲစွဲစံပြ ကျောင်းသာတစ်ယောက်ဖြစ်တာမို့ တွဲသရုပ်ဆောင်ခွင့်ရခဲ့တဲ့ ဆွန်းဟွာကို လူတိုင်းက အားကျနေခဲ့ရတဲ့အဖြစ်ပေါ့ဒီလိုနဲ့ ပြဇာတ်အတွက် လေ့ကျင့်ကြရင်း ရင်းနှီးသွားတဲ့အခါဆွန်းဟွာဟာ သူမစီနီယာ ဟာနမ်အပေါ် ခံစားချက်ရှိလာခဲ့အခါ...ဆွန်းဟွာရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုဖြစ်သွားမယ်ဆိုတာကို ကြည့်ရှုလိုက်ကြရအောင်ပါ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Deer ပါ ) [Zawgyi]Fantasy ...
movie

Fantasy of the Girls (2016)

The Day I Died: Unclosed Case (2020) 7.3
The Day I Died: Unclosed Case (2020) The Day I Died (2020)ဘဝမှာတစ်ယောက်တည်းအထီးကျန်နေတာမျိုး၊ ကိုယ့်အမှားမဟုတ်ဘဲ တစ်ခြားသူအမှားကြောင့် အပစ်ပယ်ခံရတာမျိုးကို ကြုံနေရတဲ့ကောင်မလေးတစ်ယောက်အကြောင်းကို စုံထောက်တစ်ယောက်က စုံစမ်းတာနဲ့ ဇာတ်လမ်းလေးကို စဖွင့်ထားပါတယ်ဒီကားထဲမှာပါဝင်တဲ့သူတွေကတော့ နာမည်ကြီးမင်းသမီး Kim Hye-soo၊ တက်သစ်စ မင်းသမီးလေး No Jeong-ee (18 Again) နဲ့ မင်းသားချော Lee Sang-Yeob တို့က ပါဝင်ထားပြီး ၂၀၂၀မှာထွက်ရှိထားပြီး IMDB 10/7.3 ထိ ရထားတဲ့ Drama/Crime ဇာတ်ကားကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်ဇာတ်လမ်းကို ပြန်ပြောရရင် မတော်တဆမှုတစ်ခုကြောင့် အလုပ်နားထားရတဲ့ ဂင်ယောင်းဆွန်း အမှုစစ်ကို အထက်လူကြီးဖြစ်သူကခေါ်ပြီး အလုပ်ခွင်နားထားရတဲ့မတော်တဆပြစ်မှုနဲ့ ရာထူးတိုးချင်တယ်ဆိုရင် အမှုတစ်ခုကိုလိုက်ပြီး အမှုပိတ်ဖို့အတွက်အစီရင်ခံစာတင်ဖို့တောင်းဆိုခဲ့ပါတယ် ဂင်ယောင်းဆွန်းကိုယ်တိုင်ကလည်း ယောက်ျားနဲ့ကွာရှင်းဖို့အမှုရင်ဆိုင်နေရပြီး မတော်တဆမှုကြောင့် လက်အကြောဆိုင်းတဲ့ဝေဒနာကိုခံစားနေရတဲ့အပြင် အလုပ်ကလည်းမတော်တဆမှုအတွက်နဲ့ ပြုတ်မလိုဖြစ်နေခဲ့သူပါ အဲ့ဒီအချိန်အထက်ကစုံစမ်းခိုင်းတဲ့ ဆယ်ဂျင်းဆိုတဲ့ သူဌေးသမီးကောင်မလေးတစ်ယောက် သေကြောင်းကြံစည်မှုကို အစီရင်ခံစာဖို့လုပ်ရင်း မထင်မှတ်ထားတွေပါ ဆက်လက်သိရှိလာခဲ့ပါတယ် ကောင်မလေးအဖေဖြစ်သူကလည်း မတရားမှုများစွာလုပ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပြီး အစ်ကိုဖြစ်သူကလည်း ဆေးမှုနဲ့ထောင်ကျနေပါတယ် ဆယ်ဂျင်းကိုလည်း သူ့အဖေပြစ်မှုတွေအတွက် သူမသေကြောင်းမကြံခင်မှာ ရဲတွေဖက်ကစစ်ဆေးခဲ့ကြပြီး အဲ့ဒီအချိန်တုန်းက ဂင်ဆွန်းယောင်းကမတော်တဆမှုကြောင့်ဆေးရုံရောက်နေချိန်လည်းဖြစ်ပါတယ် ဂင်ယောင်းဆွန်း ဆေးရုံက ဆင်းလာပြီးနောက် အထက်က ယာယီအလုပ်ဆင်းခိုင်းခဲ့ချိန် ဆယ်ဂျင်းက သေဆုံးသွားခဲ့ပြီး အားလုံးက အပြီးသတ်ချင်နေတဲ့အမှုက ...
movie

The Day I Died: Unclosed Case (2020)

2020