Channel Myanmar

Roland Kickinger

Terminator Salvation (2009) 6.5
Terminator Salvation (2009) Terminator ဇာတ်ကားတွေထဲက key word တွေ ရှာကြည့်ရမယ်ဆိုရင်တော့ သတ်ဖြတ်ရေးမုဆိုး၊ တီ ၁၀၀၀၊ ဘာညာ အဲဒါတွေ ကြားထဲကမှ အခုပြောမယ့် key word ကတော့ စိမ့်ဝင်ပူးတွဲနေထိုင်ခြင်းတဲ့။ဟုတ်ပါတယ်။ စက်တွေက လူသားနဲ့ သိပ်ကိုနီးနီးစပ်စပ်တူတဲ့ စက်ရုပ်တွေကို လူတွေထဲစိမ့်ဝင်၊ အလစ်အငိုက်ဖမ်းပြီး သတ်ဖြတ်တတ်ကြတယ်။ ဒါပေမဲ့ လူတွေက တစ်နည်းမဟုတ် တစ်နည်းနဲ့ အဲဒီစက်ရုပ်တွေကို ခွဲခြားနိုင်ခဲ့ပါတယ်။ ဒီတော့ စကိုင်းနက်ရဲ့ စိမ့်ဝင်ရောနှောလုပ်ကြံရေး လုပ်ဆောင်မှုတွေအားလုံး မအောင်မမြင် ဖြစ်ခဲ့ရတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ စကိုင်းနက်က သူမတူအောင် ထူးချွန်ပြီး လူသားတွေ လုံးဝမရိပ်မိနိုင်တဲ့၊ အစွမ်းအထက်ဆုံး စိမ့်ဝင်ရောနှောရေးစက်ရုပ်တစ်ရုပ်ကို လွှတ်လိုက်ပါတယ်။ သူ့ရဲ့တာဝန်ကတော့ ဂျွန် ကော်နာ ဆိုတာ ဖြစ်မလာရေးအတွက် သူ့ရဲ့ဖခင် ကိုင်းလ် ရိစ် ကို လုပ်ကြံရေးပါပဲ။အသိဉာဏ် သိပ်ကိုထက်မြက်နေပြီး လူသားစိတ်ပညာကို ကျွမ်းကျင်တဲ့ စကိုင်းနက်က လူသားတွေအပေါ် ...
movie

Terminator Salvation (2009)

2009
Lethal Weapon 4(1998) 6.6
Lethal Weapon 4(1998)    Lethal Weapon series ရဲ့ နောက်ဆုံးကားဖြစ်တဲ့ Lethal weapon 4 မှာတော့ ရစ်ဂ်စ်ဟာ ဆံပင်ညှပ်လိုက်ပါပြီ။ ရစ်ဂ်စ်ရော မာတော့ဖ်ရောဟာ အသက်အရွယ်တစ်ခုရောက်လာတာကြောင့် ဇရာရဲ့ဒဏ်ကို မသိမသာခံစားလာကြရပါပြီဗျ။ ဒါပေမဲ့ ရစ်ဂ်စ်ကတော့ အခုထိ ငါမအိုသေးဆိုပြီး ရူးရူးမိုက်မိုက် စွန့်စားခန်းတွေလုပ်ဆဲပါပဲ။ ဒီ နံပါတ် ၄ မှာလည်း ရစ်ဂ်စ်နဲ့ မာတော့ဖ်တို့ဟာ ကိုယ့်ဘာသာနေရင်း ပြဿနာက သူတို့ဆီ ရောက်လာပြန်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီကားထဲမှာ မင်းသားကြီး ဂျက်လီနဲ့အတူ ဟာသ သရုပ်ဆောင် Chris Rock လည်း ပါဝင်လာပါတယ်ဗျ။ မင်းသားကြီး မယ်လ်ဂစ်ဘ်ဆင်တို့နှစ်ယောက်နဲ့ ဂျက်လီတို့ အပြိုင်ကြဲကြတာကြောင့် ဒီကားက အရင်ကားတွေထက် အက်ရှင်ခန်းတွေ ပိုမိုက်လာတဲ့အပြင် Chris Rock လည်း ပါဝင်လာတဲ့အတွက် ကြည့်ရတာလည်း အရင်ထက် ပိုခွီနေရပါသေးတယ်။ ဒီ Lethal Weapon 4 ဟာဆိုရင် ဇာတ်လမ်းတစ်ခုကို လှလှပပလေးအဆုံးသတ်ပေးထားတဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်ဗျ...။File ...
movie

Lethal Weapon 4(1998)