Channel Myanmar

Roland Rába

Háromezer számozott darab(Three Thousand Numbered Pieces) (2022) 6.6
Háromezer számozott darab(Three Thousand Numbered Pieces) (2022)  အခုတင်ဆက်မယ့်ဇာတ်ကားကတော့ review ရေးမယ်ဆိုရင် plot ကိုအကျဉ်းရေးပြလို့ကောင်းတဲ့ ဇာတ်ကားမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဇာတ်လမ်းဇာတ်ကွက် plot ပိုင်းကိုဦးစားပေးတည်ဆောက်ထားတဲ့ ရုပ်ရှင်မျိုးမဟုတ်လို့ပါပဲ။ Reality Show တစ်ခု၊ ပြဇာတ်တစ်ခုကို အဓိကမူတည်တင်ဆက်ပြီးမှ drama ရောမွှေထားတဲ့ ရုပ်ရှင်ကားမျိုးဖြစ်ပါတယ်။ဇာတ်ကောင်တွေရဲ့ နောက်ခံအကြောင်းအရာတွေကိုလည်း အဓိကအသားကိုပံ့ပိုးပေးတဲ့ ဟင်းခတ်အမယ်တွေကို တို့ကနန်းဆိတ်ကနန်း ဖြူးထည့်ထားတဲ့ ဟင်းတစ်ခွက်လို အစီအစဥ်တကျမဟုတ်ဘဲ အလျဉ်းသင့်သလို တင်ပြထားပါတယ်။ ဒါရိုက်တာအနေနဲ့ သူတင်ပြချင်တဲ့ အကြောင်းအရာနဲ့ ပေးချင်တဲ့သင်ခန်းစာ၊ သတင်းစကားကို သူ့စိတ်ထဲရှိသလို တင်ဆက်ထားတာဖြစ်လို့ ကြည့်ရှုသူအနေနဲ့တော့ သဘောတွေ့ချင်မှ တွေ့ပါလိမ့်မယ်။သူအဓိကပြောချင်တဲ့ ဟန်ဂေရီက လူမျိုးရေးခွဲခြားမှု (အထူးသဖြင့် ဂျစ်ပစီ) လူမျိုးများရဲ့ ခံစားချက်တွေ၊ ကြေကွဲစရာအဖြစ်တွေနဲ့ နစ်နာမှုတွေကို ပြဇာတ်အသွင်ပြောင်းပြီး တင်ဆက်ထားတာဖြစ်လို့ တမူထူးခြားတဲ့ ရသမျိုးခံစားရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီး လူမျိုးရေးခွဲခြားမှုဆိုတာ တစ်ကမ္ဘာလုံးအနှံ့ ဘယ်နေရာမဆိုရှိနေနိုင်တဲ့ အယူဝါဒတစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာနိုင်မှာဖြစ်ပါတယ်။ လူမျိုးတစ်မျိုးဟာ မိမိကိုယ်ကိုအရမ်းမြင့်မြတ်တယ်၊ တော်တယ်လို့ ထင်နေခြင်းဟာ ...
movie

Háromezer számozott darab(Three Thousand Numbered Pieces) (2022)