Channel Myanmar
Roman Mitichyan
Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie
Message from the King (2016)
Quasi(2023) 6.7
Quasi(2023) Quasi(2023)***********ပြင်သစ်စာရေးဆရာ Victor Hugoရဲ့ ၁၈၃၁ခုနှစ်ထွက် ပြင်သစ်စာပေသမိုင်းမှာ နာမည်အကြော်ကြားဆုံးဖြစ်ခဲ့တဲ့The Hunchback of Notre-Dame(နိုထရာဒမ်မှ ခါးကုန်းကြီး)ဆိုတဲ့ ဝတ္ထုကို မှီငြမ်းရိုက်ကူးထားတဲ့ကားလေးပါပဲ။ မူရင်းဝတ္ထုမှာဆိုရင် ရုပ်ပျက်ဆင်းပျက် ခါးကုန်းကြီးတစ်ယောက်ရဲ့ စင်ကြယ်သောမေတ္တာသက်သက်နဲ့အနစ်နာခံခြင်း၊ စွန့်စားခြင်းတွေကို ပေါ်လွင်အောင်ရေးသားထားတာမို့ ခေတ်အဆက်ဆက်မှာ ဒီဝတ္ထုကိုပဲ ရုပ်ရှင်အဖြစ်၊ ကာတွန်းကားအဖြစ်ရိုက်ကူးခဲ့တာ မနည်းပါဘူး။ ဒီဇာတ်ကားကတော့ အဲ့ဝတ္ထုကို မှီငြမ်းထားပေမယ့် အဲ့ကခါးကုန်းကြီးအကြောင်းမဟုတ်ပါဘူး။ ခါးကုန်ကြီး ကွာစီမိုဒိုရဲ့သနားစရာဘဝကို ပြက်လုံးတွေနဲ့ ဟာသဆန်ဆန်ပြန်လည်ရိုက်ကူးထားတဲ့ သရော်ရုပ်ရှင်တစ်မျိုးပါ။ သို့ပေမဲ့လည်း plotအမျိုးမျိုး ဇာတ်ကွက်အမျိုးမျိုးက ဟာသတွေကြားမရိုးရအောင်ဆွဲဆောင်သွားနိုင်တာတော့ ဝန်ခံရမယ်ဗျ။ ဇာတ်လမ်းအကြောင်းကို အကျဥ်းချုပ်ပြောရရင် ခါးကုန်းကြီး ကွာစီမိုဒိုတစ်ယောက်အဲ့ခေတ်ကာလက အာဏာအရှိဆုံးလူနှစ်ယောက်ဖြစ်တဲ့ ဘုရင်နဲ့ ပုပ်ရဟန်းကြီးအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ဘဝအကြောင်းပါ။ နဂိုကတကည်းက ကျောကုန်းမှာဘုကြီးနဲ့ ရုပ်ပျက်ဆင်းပျက် လူရာမဝင်ဖြစ်နေပြီးသားကိုမှဘယ်လိုကံဆိုးမိုးမှောင်ကျဦးမလဲဆိုတာကို ရယ်မောကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါပဲ။File Size :(2.09GB) and (798MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:40:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded ...
movie
Quasi(2023)
Felon(2008) 7.4
Felon(2008)  အိပ်မက်ကောင်းလေး မက်နေတုန်း. ဆွဲကိုင်လှုပ်နှိုးခံလိုက်ရသလို ဘဝမှာ မျှော်မှန်းထားသမျှတွေ ဖြစ်လာရုံရှိသေးကြမ္မာဆိုးဝင်ကာ မရည်ရွယ်ဘဲ သတ်ခဲ့မိတဲ့ လူသတ်မှုတစ်ခုကြောင့် ဘယ်သူ့ကိုမှ ရှင်းပြခွင့်မရဘဲ ထောင်ထဲဝင်ကာ အချိန်နဲ့ပေးဆပ်ခဲ့ရတဲ့ ဝိတ်ဒ်.ဖြစ်လာသမျှကို အ‌ကောင်းဆုံး ရင်ဆိုင်ကျော်လွှားမယ် စိတ်ကူးရင်းကိုပဲ ဆုံးဖြတ်ချက်အမှားတွေ ထပ်ခါထပ်ခါ ကျူးလွန်မိရင်း အဆိုးဘက်ကို ရောက်လာခဲ့ပါတယ်။ ချစ်ဇနီး၊ သမီးတို့ကို ဆုံးရှုံးထားရပြီး လက်စားချေခြင်းကို ကိုယ််တိုင် အေးစက်စွာ စားသုံးပြီးတဲ့နောက် မှာတော့ထောင်ထဲမှာ ရှင်လျက်သေနေရတဲ့ဘဝမျိုးနဲ့ ဖြတ်သန်းနေခဲ့တဲ့ ဂျွန်စမစ် နဲ့ ဆုံမိတဲ့အချိန်မှာတော့. သာမန်စီးပွားရေးသမားဘဝကနေ အကျဉ်းထောင်ကျောင်းကြီးရဲ့ ပညာပို့ချပေးမှုတွေကြောင့် သတိမထားမိခင်မှာဘဲ ဒုစရိုက်သမား ဂိုဏ်းစတားဘဝကို တဖြည်းဖြည်း ပြောင်းလဲလာနေတဲ့ ဝိတ်ဒ်ရဲ့ စိတ်ခံစားချက်တွေအကျဉ်းထောင်အတွင်းက လူမိုက်ဂိုဏ်းတွေနဲ့ ထောင်စောင့်ရဲတွေကြားထဲက ပဋိပက္ခတွေ.ဝိတ်ဒ်ရဲ့ ဇနီးဖြစ်သူ လော်ရာတစ်ယောက် ယောကျ်ားဖြစ်သူကို အားကိုး၍ မရတော့သည့်အချိန် အပြင်လောကအခက်အခဲများကို ကိုယ်တိုင်ဖြေရှင်းရင်း Single Mother ဘဝနဲ့ ရုန်းကန်ရပုံများ.စသည် လက်တွေ့လူ့ဘောင်လောကကို အနီးစပ်ဆုံး ထင်ဟပ်ပြသထားတဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ကိုCM မှ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…2.28GB / ...
movie
Felon(2008)
Lou (2022) 5.9
Lou (2022) Lou (2022)(1080p ရပါပြီ)အသစ်ထွက်ရှိလာတဲ့ Action, Crime, Drama အမျိုးအစားဖြစ်ပြီး ဇာတ်ကောင်လေး လက်တစ်ဆုပ်စာရယ် Plot twist တွေရယ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားဖြစ်ပါတယ်။လူးက အမေရိကားနိုင်ငံက ကျွန်းလေးတစ်ကျွန်းမှာ ခွေးတစ်ကောင်နဲ့ တစ်ကိုယ်တည်း ဘဝကိုရှင်သန်နေတဲ့အမျိုးသမီးကြီးတစ်ဦးပါ။ဟန်နာနဲ့ ဗီကတော့ သူ့အိမ်ကိုငှါးနေရတဲ့ သားအမိနှစ်ယောက်ပေါ့။ ဗီလေးရဲ့ ဖခင်ကတော့ ဆုံးပါးသွားပြီလို့ ဆိုထားပါတယ်။မုန်တိုင်းထန်တဲ့တစ်ညမှာ ဗီလေးကို လူတစ်ယောက်က ပြန်ပေးဆွဲသွားတဲ့အခါ မိခင်ဖြစ်သူ ဟန်နာတစ်ယောက် အပေါက်ဆိုးပြီး ပဟေဠိဆန်တဲ့ လူးနဲ့အတူ သမီးပျောက်ရှာပုံတော်ထွက်ပါတော့တယ်ဒီလိုနဲ့ တဖြည်းဖြည်း လူးရဲ့ ရှုပ်ထွေးပွေလီတဲ့ နောက်ကြောင်းရာဇဝင်တွေကို တစွန်းတစ်စသိလာရတဲ့အခါ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu က ပါ။)File Size          : 2.3GB, 823MB, 385MB Quality          ...
movie
Lou (2022)
2022
Trauma Center (2019) N/A
Trauma Center (2019) (Unicode)မင်းသားကြီး Bruce Willis ပါဝင်ထားပြီဆိုမှတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ ကျိန်းသေနေပါပြီ၂၀၁၉ ခုနစ်ထွက် Thriller/Horror အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့... လောလောလတ်လတ်မိခင်ဖြစ်သူသေဆုံးထားပြီးေနာက်ဆေးရုံတွေကို မုန်းတီးနေတဲ့ မက်ဒီဆန်က စားပွဲထိုးအလုပ်ကိုလုပ်ရင်း ပန်းနာရင်ကျပ်ရောဂါသည် ညီမဖြစ်သူအတွက် ပိုက်ဆံရှာရပါတယ်...တစ်ည ညဆိုင်းဆင်းရင်း လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင်မြင်လိုက်ရကာ တရားခံ သေနတ်သမားရဲ့ကျည်ဆန်ကြောင့် ဆေးရုံရောက်သွားပါတော့တယ်....ကံကောင်းထောက်မလို့ အသက်မသေခဲ့ပေမယ့် မျက်မြင်သက်သေကို အပြတ်ရှင်းချင်တဲ့ တရားခံတွေကလိုက်လာပြီး အသက်ရန်ရှာတဲ့အခါမှာတော့....သူမ တစ်ယောက်တည်းအသက်ဘေးကလွတ်နိုင်ပါ့မလားဆိုတာကို အသည်းတယားယားနဲ့ကြည့်ရှုခံစားရမှာပါ....(ရှပ်ရှင်အညွှန်း နဲ့ ဘာသာပြန်သူကတော့ May Myat Thu ပါ)(Zawgyi)မင်းသားကြီး Bruce Willis ပါဝင်ထားပြီဆိုမှတော့ ဇာတ်ကားကောင်းတစ်ကားဆိုတာ ကျိန်းသေနေပါပြီ၂၀၁၉ ခုနစ်ထွက် Thriller/Horror အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့... လောလောလတ်လတ်မိခင်ဖြစ်သူသေဆုံးထားပြီးနောက်ဆေးရုံတွေကို မုန်းတီးနေတဲ့ မက်ဒီဆန်က စားပွဲထိုးအလုပ်ကိုလုပ်ရင်း ပန်းနာရင်ကျပ်ရောဂါသည် ညီမဖြစ်သူအတွက် ပိုက်ဆံရှာရပါတယ်...တစ်ည ညဆိုင်းဆင်းရင်း လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင်မြင်လိုက်ရကာ ...
movie
Trauma Center (2019)
2020
Rogue Warfare (2019) 3.2
Rogue Warfare (2019) ဒီကားလေးကတော့လျှို့ဝှက်စစ်ဆင်ရေးကို ထမ်းဆောင်ဖို့အမေရိကန်ပြည်ထောင်စုက မဟာမိတ်နိုင်ငံတွေစီကနေအတော်ဆုံးရွေးချယ်ထားတဲ့လူတွေကိုစေလွှတ်ဖို့သဘောတူလက်မှတ်ထိုးခဲ့တယ် စစ်ဆင်ရေးကတော့အရှေ့အလယ်ပိုင်းမှာ လက်နက်မှောင်ခိုရောင်းဝယ်နေတဲ့အကြမ်းဖက်သမားတွေက မျက်နှာဖုံးအနက်နဲ့သူတွေနဲ့အဆက်အသွယ်ရှိနေတာကိုစုံစမ်းဖို့အတွက်ဖြစ်တယ်မျက်နှာဖုံးအနက်နဲ့သူတွေကဘာတွေလျှို့ဝှက်ကြံစည်ပြီးတော့တော်လှန်မှုတွေလုပ်နေလဲဆိုတာကိုတော့စစ်ဆင်ရေးမှာပါဝင်နေတဲ့ စစ်သားတွေကစုံစမ်းဖော်ထုပ်ပေးရမှာဖြစ်တယ်စစ်သားတွေစစ်ဆင်ရေးလုပ်ရင်းအဆင်မပြေဖြစ်တာတွေ အခက်အခဲကြုံတွေ့ရတာတွေကို ကြည့်ရှု့ရမှာပါ File Size : ( 964 MB , 342 MB)Quality :  BluRay 720pRunning Time : 1 hr 43 minFormat : Mp4Genre : ActionSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by Moe Myint Lwin 
movie
Rogue Warfare (2019)
2019
10 Minutes Gone (2019) N/A
movie
10 Minutes Gone (2019)
2019
Escape Plan 2: Hades (2018) 3.8
Escape Plan 2: Hades (2018) Escape Plan 2: Hades (2018)ဒီတစ်ခါမှာတော့ စတားလုံးလို့ အများသိကြတဲ့ မင်းသားကြီးSylvester Stallone ရဲ့ 2018 ခုနှစ်ထွက် အက်ရှင်ဇာတ်ကြမ်းကားကို ထွက်ထွက်ချင်းပဲ တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ဒိတ်ဒိတ်ကြဲအက်ရှင်မင်းသားကြီးဖြစ်တဲ့ စတားလုံးနဲ့အာနိုးတို့နှစ်ဦး ပါဝင်သရုပ်ဆောင်ထားတဲ့ 2013 ခုနှစ်ထွက် Escape Plan ရဲ့နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားကြီးအာနိုးပါဝင်မှာမဟုတ်တော့ဘဲ Guardian of the Glaxy မှာ Drax အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့သူ WWE အကျော်အမော် Dave Bautista က စတားလုံးနဲ့အတူ အတွဲညီညီပါဝင်သရုပ်ဆောင်ထားပါတယ်။ဒါ့အပြင် နာမည်ကျော် အမေရိကန် Rapper ကြီး "50 cent" လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း ==========Ray Breslin ဟာ ထောင်ကိုဖောက်ထွင်းပြီးအရေးကြီးတဲ့လူတွေကို ကယ်တင်ဖို့အတွက် အထူးလေ့ကျင့်ထားတဲ့ အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးပါ။တစ်ရက်မှာသူ့ရဲ့ယုံကြည်ရသူတစ်ဦးဖြစ်တဲ့ Shu Ren ဆိုသူဟာ Hades လို့ခေါ်တဲ့ ကမ္ဘာ့အတင်းကျပ်ဆုံးထောင်ထဲမှာ ပျောက်ဆုံးသွားတာကြောင့် သူ့ရဲ့အဖွဲ့ကိုပြန်ဖွဲ့စည်းပြီး ကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်.....။မင်းသားကြီးစတားလုံးရဲ့ဇာတ်ကားဖြစ်တာကြောင့် ...
movie
Escape Plan 2: Hades (2018)
2018
The Promise (2016) 5.9
The Promise (2016) ဒီဇာတ်ကားလေးက ပထမကမ္ဘာစစ်ကာလအတွင်းက ဖြစ်ရပ်မှန်အပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။Batman မင်းသားကြီး Christian Bale ရဲ့ဇာတ်ကားလေးပါ။ပထမကမ္ဘာစစ်မဖြစ်ခင်အချိန်မှာ တူရကီအင်ပါယာက တန်ခိုးအာဏာ ကြီးမားခဲ့တဲ့အချိန်ပါ။တဖြည်းဖြည်းနဲ့ တူရကီအင်ပါယာလည်းပြိုယွင်းလုနီးနီး ဖြစ်နေပါပြီ။အဲဒီအချိန်ကတူရကီမှာ ခရစ်ယာန်ဘာသာဝင် လူနည်းစုဖြစ်တဲ့ အားမေးနီးယန်းမျိုးနွယ်စုတွေကိုအစ္စလာမ်ဘာသာကိုးကွယ်တဲ့ တူရကီလူမျိုးကြီးဝါဒရှင်တွေ  အများစုက  မနှစ်သက်ကြဘူး။ပထမကမ္ဘာစစ်ဖြစ်လာတဲ့အချိန်မှာတော့ တူရကီစစ်ခေါင်းဆောင်ပိုင်းတွေကအားမေးနီးယန်းတွေကို တိတ်တဆိတ် စစ်နဲ့အတူရောယောင်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့ကြတယ်။ခုချိန်ထိလည်း တူရကီအာဏာပိုင်တွေက ဒီလူမျိုးတုန်း သတ်ဖြတ်ခဲ့မှု ဘူးခံပြီး ငြင်းကွယ်နေဆဲပါပဲ။ဒီဖြစ်ရပ်မှန်အကြောင်းကို ဖော်ထုတ်ပေးခဲ့တာကတော့ အမေရိကန်သတင်းထောက်တစ်ဦးပါပဲ။ဒီဇာတ်ကားက စစ်ပွဲကိုအခြေခံထားတဲ့အချစ်ဇာတ်လမ်းပေမယ့်  အဓိကပေးသွားတဲ့ မက်ဆေ့ချ်လေးကတော့သတင်းမီဒီယာသမားရဲကျင့်ဝတ်သိက္ခာနဲ့ အခန်းကဏ္ဍပါပဲ။တကယ့်ကို စစ်မှန်တဲ့ သတင်းထောက် တစ်ယောက်ကြောင့် လူပေါင်းများစွာ လူမျိုးစုတစ်ခုကို ကယ်တင်နိုင်ခဲ့သလိုသတင်းမီဒီယာသမားတစ်ယောက်ဟာ အမှန်တရားကို အသက်နဲ့တောင် အလဲအထပ်လုပ်ရဲတဲ့အထိစိတ်ဓါတ်ခိုင်မာပြတ်သားတယ်။ဒီလိုစိတ်ဓါတ်မျိုးရှိပြီး အမှန်တရားကို ဖော်ထုတ်ရေးသားတတ်သူ သတင်းထောက်မျိုးကိုသာနိုင်ငံတကာက အသိအမှတ်ပြုပြီး သူရဲ့သတင်းက ယုံကြည်စိတ်ချရပြီးအားကိုးရမယ့်သူမျိုးဆိုတာကို ပါးပါးလေးပြသွားပါတယ်။သတင်းထောက်ကောင်းတွေဟာ ဘယ်လောက်တောင်အပြောအဆို လိမ္မာပါးနပ်မှုရှိသလဲဆိုတာကိုလည်း မြင်တွေ့ရမှာပါ။မြန်မာ့မီဒီယာလောကသတင်းထောက်တွေ ဒီလိုမျိုးဖြစ်လာအောင် ကျင့်သုံးအတုယူသင့်ပါတယ်။နောက်ပြီး ဘယ်သူတွေဘယ်လို ရန်ငြိုးနဲ့လူမျိုးရေးမုန်းတီးမှုပဲရှိရှိ သူငယ်ချင်းတွေ ...
movie
The Promise (2016)
2016