Channel Myanmar

Roman Polański

An Officer and a Spy (2019) 7.2
An Officer and a Spy (2019)  ၁၉၈၄ခုနှစ်ဝန်းကျင် ပြင်သစ်အရာရှိတစ်ဦးအကြောင်းဖြစ်ရပ်မှန်ဝတ္ထုကိုဇာတ်လမ်းပြန်လည်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီး...2020ခုနှစ်အတွက် ပြင်သစ်ရုပ်ရှင် ဆုပေးပွဲ César Awardsမှာဆိုရင် အကောင်းဆုံးဒါရိုက်တာ၊ဇာတ်ညွှန်းနဲ့ ဝတ်စုံဒီဇိုင်းဆုတွေပါရရှိထားပါတယ်...။ဇာတ်လမ်းအကျဥ်းဟာဆိုရင်တော့...၁၉၈၄ခုနှစ်မှာ ဒရက်ဖုစ်ဆိုသူ ပြင်သစ်စစ်ရေးသံတမန်လေးဟာ ဂျာမန်တွေအတွက်သူလျှိုလုပ်ပေးတယ်ဆိုပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းချမှတ်ခံရပါတယ်...။ဆန်းတာက ဒီအမှုအတွက် သက်သေဆိုလို့ စာရွက်အပိုင်းအစလေးတစ်စောင်ပဲရှိပါတယ်...။ဒီသက်သေတောင်မှ သူ့နာမည်လည်းအတိအကျမပါ...သူ့ကိုညွှန်းဆိုထားတာလဲရေရေရာရာမပါဘဲ လက်ရေးတူနေလို့ဆိုတဲ့အချက်လေးတစ်ချက်နဲ့တင် အမိန့်ချခံရတာပါ...။အဲ့ဒီခေတ်က ဂျူးဆိုရင်မျက်မုန်းကျိုးတဲ့ ဓလေ့လည်းရှိတာကြောင့် ဂျူးလူမျိုးတစ်ယောက်ဖြစ်တဲ့ဒရက်ဖုစ်ဟာ အပြစ်ကင်းကြောင်းပြန်လည်ချေပခွင့်တောင်မရလိုက်ဘဲနိုင်ငံ့သစ္စာဖောက်ဖြစ်သွားပါတယ်...။ဒါပေမဲ့ ပြင်သစ်စုံစမ်းထောက်လှမ်းရေးဌာနကကို ပီကရာဆိုတဲ့အရာရှိအသစ်ပြောင်းလာပြီးနောက်မှာတော့ ဒီအမှုဟာ တစ်ဆစ်ချိုးပြောင်းလဲလာခဲ့ပါတယ်....။လက်ရေးမူတစ်ခုတည်းနဲ့ စီရင်ချက်ချတာ...တရားခံရဲ့ ရည်ရွယ်ချက်၊ပြစ်ချက်ကိုရှင်းလင်းသည်အထိမစစ်ဆေးဘဲအလောတကြီးပြစ်ဒဏ်ချမှတ်တာတွေဟာ မှန်ကန်မှုမရှိဘူး တွေ့ရာပုဒ်မတပ်လို့မရဘူးလို့ယုံကြည်တဲ့ အရာရှိအသစ် ပီကရာဟာဒီအမှုနောက်ကို တစ်ဇွတ်ထိုးလိုက်ရင်းသပွတ်အူလိုရှုပ်ထွေးတဲ့ နိုင်ငံရေးကစားကွက်ထဲတိုးဝင်မိသွားတဲ့အခါ...။အမှန်တရားနောက်ကိုလိုက်ရင်းနဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီ"အရာရှိတစ်ဦးနဲ့သူလျှိုတစ်ယောက်"အကြောင်းဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။ File size…1.71GB / 727MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 12m Genre ….. Drama , History , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

An Officer and a Spy (2019)

Chinatown (1974) 8.1
Chinatown (1974) Chinatown (1974) ==================== IMDB rating - 8.2/10 Rotten Tomatoes - 99%   ၁၉၃၇ ရဲ့ နေ့တစ်နေ့မှာ LAမြို့က Jake Gittes ဆိုတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်ဆီကို Evelynဆိုတဲ့ အမျိုးသမီးတစ်ယောက်က အမှုအပ်ဖို့ရောက်လာပါတယ်   ရောက်လာတဲ့ အကြောင်းရင်းက သူ့ယောက်ျားဖောက်ပြန်နေတာကို စုံစမ်းပေးဖို့ပါ   သူယောက်ျားကလည်း သာမန်လူတော့ မဟုတ်ဘူး   LA Department of Water and Powerရဲ့ အကြီးတန်းအင်ဂျင်နီယာ တစ်ယောက်   Jakeလည်း သူ‌့ကို‌ေနာက်‌ေယာင်ခံလိုက်တယ်   ပြီးရင် အမျိုးသမီးတစ်ယောက်နဲ့ အတူတွဲမြင်နေရတဲ့ဓာတ်ပုံကိုရိုက်ပြီး နောက်နေ့သတင်းစာ ရှေ့ဖုံးမှာ ထည့်လိုက်တယ်   အဲ့နေ့မှာဘဲ Evelyn အစစ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မကျေမနပ်ဖြစ်ပြီး တရားစွဲမယ်လုပ်တယ်   Jakeလည်း ဒီကိစ္စကို တည့်‌ေဖြရှင်းချင်လို့ Mr.Mulwray နဲ့တွေ့ဖို့လုပ်ပေမယ့် မတွေ့ဖြစ်လိုက်ဘူး ဒါပေမယ့် နောက်နေ့ရောက်တော့ ရေနစ်သေနေတဲ့ Mr.Mulwrayကို တွေ့လိုက်ရတယ်   ဒီလူသေမှုက ထင်ထားသလောက်မရိုးရှင်းဘူး   Jakeတစ်ယောက် ဒီအမှုရဲ့ တရားခံ၊   နောက်ကွယ်က အမှန်တရားတွေကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ကြည့်ကြလိုက်ရအောင် ************************************** Chinatownဟာ Neo-Noir အမျိုးအစားဇာတ်ကားဖြစ်ပြီး California Water Warsကို ...
movie

Chinatown (1974)

1974