Channel Myanmar

Ron Eldard

Freedomland (2006) 5.2
Freedomland (2006) Freedomland (2006) ================လူဖြူလူမည်းပြဿနာဆိုတာ ဟိုးအရင်ကတည်းကရှိခဲ့ပြီး အခုထိလည်း အနည်းနဲ့အများတော့ရှိကြပါတယ်။ လူမည်းတွေ အဓိကနေထိုင်တဲ့ ဒမ်ဆီ နဲ့ လူဖြူအဓိကနေထိုင်တဲ့ ဂန်နွန်တို့နယ်မြေနှစ်ခုကလည်း အဲ့ဒီအတိုင်းပါပဲ။ ဒမ်ဆီဘက်ကလည်း ဂန်နွန်ကိုသဘောမကျသလို ၊ ဂန်နွန်ဘက်ကလူကလည်း ဒမ်ဆီကိုမလိုလားကြပါဘူး။ ဒီနယ်မြေနှစ်ခုကို ဟန်ချက်ညီအောင်၊ ပြဿနာ မတက်အောင် ထိန်းပေးနေရတာ လူမည်းစုံထောက်ဖြစ်တဲ့ လိုရန်ဇို နဲ့ လူဖြူ စုံထောက်ဘော်ဘီတို့ပဲဖြစ်ပါတယ်။ပြဿနာကတော့ အသက်လေးနှစ်အရွယ် လူဖြူကလေး ကိုဒီ ပျောက်တဲ့အမှု ကနေစပါတယ်။ ကလေးအမေ ဘရန်ဒါက အလုပ်ကအပြန် ဒမ်ဆီမြို့ကိုဖြတ်ပြီး ဂန်နွန်မြို့ကိုပြန်ပါတယ်။ အဲ့ဒီမှာ ကားအလုခံရပြီး ကားထဲကလေးပါသွားပါတယ်။ အဓိကပစ်မှတ်ကတော့ လူမည်းရပ်ကွက်လို့ခေါ်လို့ရတဲ့ အမ်းစတောင်းအိမ်ယာ အနီးမှာဖြစ်သွားတာမို့ သာမာန်အမှုလိုက်တာနဲ့မတူပဲ လူမျိုးရေးတွေပါ ပါလာပါ တော့တယ်။ အဲ့ဒီကနေတစ်ဆင့် လူမျိုးရေးအဓိကရုဏ်းအထိ ဖြစ်မလာနိုင်အောင် လူမည်းစုံထောက်လိုရန်ဇို ကာကွယ်နိုင်ပါ့မလား၊ ကလေးပျောက်ရှာပုံတော်ဖွင့် နေရင်းနဲ့ ဘယ်လိုမျိုးမြှုပ်ကွက်တွေ ထပ်ပေါ်လာမလဲဆိုတာကိုတော့ ဇာတ်လမ်း ဆုံးတဲ့အထိ ဆက်ပြီးကြည့်လိုက်ပါတော့နော်.... ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(2.21 GB) / (977 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 53Min Subtitle...........Myanmar ...
movie

Freedomland (2006)

2006
Black Hawk Down(2001) 7.7
Black Hawk Down(2001) Black Hawk Down(2001)IMDb - 7.7/10_____Rotten - 76%Won 2 Oscars. Another 9 wins & 37 nominations ဆိုမာလီနိုင်ငံဟာ ၁၉၉၀ဝန်းကျင်က ငတ်မွတ်မှုကြောင့်ပြည်သူသုံးသိန်းကျော်သေဆုံးခဲ့ပါတယ်အကြောင်းရင်းကတော့ ယခုထိတိုင်မပြီးဆုံးနိုင်သေးတဲ့တစ်နိုင်ငံထဲနေမျိုးနွယ်စုတွေအချင်းချင်းဖြစ်ပွားတဲ့ ကာလရှည်ပြည်တွင်းစစ်ကြောင့်ဖြစ်ပါတယ်ဆိုမာလီယာအစိုးရဟာ မထိန်းချုပ်နိုင်ပဲငါတလူမင်းမူနေတဲ့ ခေါင်းဆောင်တွေကြားမှာMohamed Farrah Aididဟာ အာဏာအရှိဆုံးဖြစ်ခဲ့ပြီးထိုအချိန်က မြို့တော်မိုဂါဒစ်ရှူ;ကို အုပ်စိုးခဲ့ပါတယ်နိုင်ငံတကာကထောက်ပံတဲ့ရိက္ခာ အထောက်အပံတွေကိုငတ်မွတ်နေတဲ့ပြည်သူတွေဆီမဝေငပဲ အရက်စက်ဆုံးထင်ရာဆိုင်းမင်းမူနေတဲ့Aididကိုဖယ်ရှားပစ်မယ် အစီအစဉ်တွေထဲကတစ်ခုကို၁၉၉၃ခုနှစ်အတွင်း မြို့တော်မိုဂါဒစ်ရှူးမှာ ထုံးစံအတိုင်းအမေရိကန်တို့ လုပ်ခဲ့ပါတယ်Aididအစိုးရအဖွဲ့ရဲ့အစည်းအဝေးတစ်ခုကိုဝင်စီးကာ ဝန်ကြီးတွေကိုဖမ်းဖို့ဖြစ်ပြီးတစ်နာရီအတွင်းအပြီးသတ်ဖို့စနစ်တကျ စီစဉ်ထားတဲ့စစ်ဆင်ရေးဟာAididစစ်တပ်ရဲ့ မထင်မှတ်တဲ့ အပြင်းအထန်ခုခံမှုတွေကြောင့်ဘလက်ဟော့ဟယ်ရီကော်ပတာ တွေပျက်ကျမှုမှစတင်ကာ အလွဲလွဲချော်ချာ်ဖြစ်ပြီးအမေရိကန်စစ်တပ်ဟာ အချိန်မှီမြို့ထဲကပြန်မထွက်နိုင်ပဲ ပိတ်မိကာတစ်ရက်နီးပါးကြာမြင့်သွားပါတယ်ဒီဇာတ်ကားဟာထိုအခါက အမေရိကန်နဲ့ဆိုမာလီတွေရဲ့ အပြင်းအထန်တိုက်ခဲ့ကြပုံတွေစစ်ရဲ့မာန် စစ်ရဲ့ဓလေ့နဲ့ စစ်ရဲ့ကြေကွဲဖွယ်ရာတွေကို အပီပြင်ဆုံးရိုက်ကူးပြထားပြီးအကယ်ဒမီဆုတွေကို သိမ်းပိုက်သွားခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်Imdb 7.7နဲ့ RT 76%ထိရရှိထားပြီး စစ်ကားဆိုမှစစ်ကားကိုကြိုက်တဲ့သူတွေအနေနဲ့ကြည့်ဖူးတဲ့စစ်ကားတွေထဲမှာ ဒီကားမပါသေးရင်အမြန်ဆုံးသာ download လုပ်လိုက်ပါလို့တိုက်တွန်းချင်ပါတယ်  File Size :(14.55 GB) (4.3GB)  (1.4GB) Quality : Web-Dl 4K ...
movie

Black Hawk Down(2001)

4K HEVC
Deep Impact (1998) 6.2
Deep Impact (1998) Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deep Impact (1998)

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Scent of a Woman (1992) 8.0
Scent of a Woman (1992) Scent of a Woman(1992) IMDb..... 8.0/10________Rotten Tomatoes... 88% Won 1 Oscar. Another 5 wins & 14 nominationsဒီတစ်ခါ Old But Goldတွေထဲကပဲ ကျွန်တော်တို့သရုပ်ဆောင်အကောင်းဆုံး မင်းသားလို့သိကြတဲ့ Godfatherကြီး Alpacinoရဲ့ Leding Roleကနေအော်စကာရခဲ့တဲ့ ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားထဲက Alpacinoနဲ့ အတူသရုပ်ဆောင်ရမဲ့နေရာအတွက် Matt Damon, Braden Fraser, Ben Affleck တို့ Audience ဝင်ခဲ့ကြပေမဲ့Chris O'Donnell က ရသွားခဲ့ပါတယ်။ ဒီ ရုပ်ရှင်ရဲ့ နာမည်ကိုကအတော်လေး ဆွဲဆောင်မှု ရှိပါတယ် "Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့" ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခု လက်ခံခဲ့ပါတယ်။ သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။ သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက် ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoက ခပ်ကြမ်းကြမ်းဟောက်ချက်တွေOver ...
movie

Scent of a Woman (1992)

1992
Higher Power (2018) 4.8
Higher Power (2018) Higher Power (2018)_____IMDb - 4.8/10  ဂျိုးဆက် စတက်မန်းဆိုတဲ့ လူတစ်ယောက်ဟာ ဇနီးသည်သေဆုံးအပြီး စိတ်ဓာတ်တွေကျပြီး ဆေးတွေသုံးလို့…သမီးနှစ်ယောက်ကိုထားခဲ့ကာ ထွက်သွားခဲ့ပါတယ်.. .ကျန်ခဲ့တဲ့သမီးနှစ်ယောက်မှာ တစ်ယောက်က သူနာပြုကျောင်းကိုတက်နေပြီး အငယ်မကတော့ ဆေးသမားဖြစ်နေခဲ့တယ်…. ဒီလိုနဲ့နှစ်တွေကြာလာတော့ ဂျိုးဟာ..အမှားတွေပြန်ပြင်ဆင်ပြီး ဆေးဖြတ်တဲ့အဖွဲ့ကိုဝင်ပြီး တစ်နှစ်အကြာ ဆေးပြတ်အပြီး အမှားတွေပြန်လည်ပြင်ဆင်ဖို့ သမီးကြီးကိုသွားတွေ့တဲ့အခါ သမီးရဲ့အမုန်းတရားတွေနဲ့ပဲရင်ဆိုင်တွေ့ပြီးပြန်လာရပါတယ်.. သူတို့မိသားစုကို စောင့်ကြည့်နေတဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်.. ဒီအဖွဲ့အစည်းဟာ အဲ့ဒီနေ့မှာ ဂျိုးကိုဖမ်းခေါ်ကာပြန်ပေးဆွဲသွားပြီး..သမီးတွေကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ကာ ခိုင်းစေတာတွေလုပ်ပေးရပါတော့တယ်… ဒီခိုင်းစေမှုတွေထဲမှာ ဂျိုးဟာစမ်းသပ်ခံပစ်မှတ်တစ်ခုဖြစ်နေခဲ့တဲ့အတွက် သူဟာ ထူးခြားတဲ့စွမ်းအင်တွေရလာပြီးတဲ့နောက်… သူ့သမီးတွေကို ပြန်လည်ကယ်တင်နိုင်မလား.. ၂၀၁၈ မေလထဲမှာထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံကားတစ်ကားဖြစ်တဲ့အတွက် သိပ္ပံကားကြိုက်နှစ်သက်တဲ့သူတွေကြည့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)   File Size : (755 MB) Quality : AMZN WEB-DL 720p Running Time : 1hr 30min Format : Mp4 Genre : Action, Sci-Fi, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated ...
movie

Higher Power (2018)

2018
Super 8 (2011) 7.0
Super 8 (2011) လူငယ်ဇာတ်ကားကောင်းဟောင်းလေးတစ်ကားတင်ပေးချင်ပါတယ်။၂၀၁၁ခုနှစ်ထွက် Science Fiction/Thriller ကားကောင်းလေးဖြစ်ပြီး ငွေကြေးပိုင်းဆိုင်ရာတွင်အောင်မြင်မှုများစွာရရှိခဲ့ပြီး ဒေါ်လာသန်း၂၆၀အထိ ရုံဝင်ငွေရရှိ ခဲ့ပါတယ်။ထို့အပြင် များစွာသောဆုတွေရရှိခဲ့ပြီး အထူးသဖြင့် နည်းပညာပိုင်းဆိုင်ရာနှင့် ကွန်ပျူတာအထူးပြုလုပ်ချက်၊ ဂီတပိုင်းဆိုင်ရာနှင့် သရုပ်ဆောင်မှုများတွင် ဝေဖန်မှုကောင်းကောင်းရခဲ့တဲ့ကားလေး ဖြစ်ပါတယ်။ဇာတ်အိမ်ကိုတော့ ၁၉၇၉ခုနှစ် နယ်မြို့လေးတစ်မြို့ကိုအခြေတည်ထားပါတယ်။ နယ်ထိန်းရဲတစ်ယောက် ဖြစ်တဲ့ဂျက်နှင့် သူ့သားဖြစ်သူ ဂျိုးတို့ဟာ စတီးမိုင်းတစ်ခုမှ မတော်တဆမှုကြောင့် မိခင်ဖြစ်သူ အယ်လီဇဘယ် သေဆုံးသွားတဲ့အတွက် ပူဆွေးဝမ်းနည်းနေခဲ့ ရပါတယ်။ဒါတွေအားလုံးဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့်ဆိုပြီး အပြစ်တင်နေခဲ့ပါတယ်။ဒီလိုနဲ့လေးလလောက်ကြာတဲ့အခါမှာဂျိုးရဲ့သူငယ်ချင်းဖြစ်သူချားစ်က နိုင်ငံတကာရုပ်ရှင်ပွဲတော်ပြိုင်ပွဲအတွက် ရုပ်ရှင်အတိုလေးတစ်ခုရိုက်ကူးရန် စတင်လုပ်ဆောင်ပါတော့တယ်။ဇာတ်လမ်းကအဲဒီမှာစတာပါပဲ။အခြားသောသူငယ်ချင်းများရဲ့အကူအညီနဲ့အတူ ချားစ်တစ်ယောက်ဇာတ်လမ်းတိုလည်းစရိုက်ပါတယ်။တစ်နေ့ ညအချိန်ကြီး မီးရထားဘူတာအနီးတွင် ရိုက်ကွင်းတစ်ခုရိုက်ရန်လုပ်နေကြပါတယ်။အစမ်းလေ့ကျင့်နေကြစဉ်မှာပဲ အနီးနားက ဖြတ်သွားတဲ့ရထားရှေ့ကို ပစ်ကပ်ကားအဖြူတစ်စီး ပြေးဝင်သွားရကစပြီး ရထားတွဲလည်းပြိုလဲသွားကာ ဂျိုးစ်တို့သူငယ်ချင်းတစ်စုလည်း ပေါက်ကွဲမှုအရှိန်ကြောင့်တကွဲတပြားစီဖြစ်ကုန်ပါတယ်။အဲဒီနောက် လူတွေပြန်စုမိပြီး လူငယ်တွေသဘာဝအတိုင်းဖြစ်ပျက်ရသည့်အကြောင်းအရာကိုသွားစပ်စုကြည့်တဲ့အခါမှာတော့ ကားမောင်းသူမှ သူတို့ရဲ့ဇီဝဗေဒဆရာ ဒေါက်တာဝုဒ်ဝေါ့ဒ်ပဲဖြစ်နေပါတယ်။ ...
movie

Super 8 (2011)

2011