Channel Myanmar

Ron Howard

Osmosis Jones (2001) 6.3
Osmosis Jones (2001)  ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ဇာတ်ကားလန်းလန်းလေးတွေကြည့်ချင်ရင်ဒီကားလေးကလည်း ကြည့်သင့်တဲ့အထဲပါသဗျ...။ဒါအပြင် ဇာတ်လမ်းပုံစံလေးက ရဲနှစ်ယောက်အမူလိုက်ကားဆိုတော့"Rush hour"ဇာတ်ကားတွေလို vibeမျိုးလေးလည်း ခံစားရမှာအသေအချာပါပဲ...။ဇာတ်လမ်းအကြောင်းပြောရရင် ဖရန့်ဆိုတဲ့လူတစ်ယောက်ရှိတယ်...။သူက ကျန်းမာရေးလည်းမလိုက်စား အစားအသောက်လည်းမဆင်ခြင်ဖြစ်ကတတ်ဆန်းနေတဲ့လူပေါ့....။အဲ့လိုနေချင်သလိုနေလို့ ခန္ဓာကိုယ်ထဲဝင်လာသမျှ ရောဂါပိုးတွေကိုတိုက်ဖျက်ပေးရတာကတော့ ကိုယ်တွင်းကသွေးဖြူဥလေးတွေပါ...။အိုစမိုစစ် ဂျုန်းဆိုတာ ဖရန့်ရဲ့ ကိုယ်တွင်းမြို့တော်ကြီးထဲက ရောဂါတွေကိုတိုက်ဖျက်ပေးရတဲ့ ရဲသားသွေးဖြူဥလေးတစ်ကောင်ဖြစ်ပါတယ်....။တစ်နေ့မှာတော့ ထုံးစံအတိုင်း အဆင်အခြင်မဲ့တဲ့ ဖရန့်ကြောင့် ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေထပ်ဝင်လာပြီး အအေးမိသလို ခေါင်းကိုက်သလိုလိုဖြစ်လာပါတယ်....။ဒီအခြေအနေကို ဖြေရှင်းဖို့ အိုစမိုစစ် ဂျုန်းတစ်ယောက် အခွင့်အရေးရလာတဲ့အခါမှာတော့....။ဘယ်လိုစွန့်စားခန်းတွေမြင်တွေ့ရမလဲဆိုတာ ဒီအိုင်ဒီယာဆန်းဆန်းလေးနဲ့ရုပ်ရှင်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ....။  File size…2.12 GB / 836 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 35m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Osmosis Jones (2001)

How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie

How the Grinch Stole Christmas (2000)

2000