Channel Myanmar

Ron Kelly

The Horseman (2008) 6.5
The Horseman (2008)  ကြမ်းကြမ်းရမ်းရမ်း R-rated movieတွေကို မျှော်လင့်နေကြတဲ့CMပရိသတ်တို့အတွက် IMDb 6.5ရထားတဲ့ Revenge dramaလေးဖြစ်တဲ့ The Horsemanဆိုတဲ့ရုပ်ရှင်‌လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ဆေးလွန်ပြီးဆုံးသွားတဲ့သမီးတစ်ယောက်ရဲ့အဖေဖြစ်သူက သမီးဖြစ်သူသေဆုံးရခြင်းအကြောင်းအရင်းကို စုံစမ်းပြီးတော့ လက်စားချေမှာဖြစ်ပါတယ်။ခရစ်စတီယန်ဟာ သမီးကိုသိပ်ချစ်တဲ့သူတစ်ယောက်၊ မမျှော်လင့်ဘဲရလာခဲ့တဲ့ကလေးဆိုပေမဲ့ အသက်နဲ့ထပ်တူချစ်ရတဲ့သမီးလေးဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ခရစ်စတီယန်ရဲ့အသဲနှလုံးကို ဆွဲထုတ်မယ့်သတင်းတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ စက်မှုဇုန်ကလမ်းကြားတစ်ခုမှာ သမီးဖြစ်သူသေဆုံးနေတာကိုတွေ့ရှိရကြောင်း ရဲဘက်ကအကြောင်းကြားလာတာပါ။သေဆုံးရတဲ့အကြောင်းအရင်းက ဘိန်းဖြူအသုံးလွန်ပြီး အန်ဖတ်ဆို့ပြီးအသက်ရှူကြပ်တာဆိုတာရယ်၊ လူတစ်‌ယောက်က အခပေးဖုန်းကနေဆေးရုံကားခေါ်ပေးတယ်ဆိုတာကလွဲလို့ တခြားဘာမှမသိရ ဘာသက်သေမှလည်းမရှိတော့ ခရစ်စတီယန်တစ်ယောက် အရူးမီးဝိုင်းပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သမီးဖြစ်သူရဲ့sex tapeကို သူ့ဆီကိုပို့လာတဲ့အခါမှာတော့ညစ်ညမ်းကားရိုက်ကူးရေးကနေ အစဆွဲထုတ်ပြီး သမီးဖြစ်သူသေဆုံးမှုနဲ့ပတ်သက်နေသူမှန်သမျှကို မိုက်မိုက်ကန်းကန်းနဲ့ ဘယ်လိုလက်စားချေမလဲဆိုတာရှုစားကြပါဦး။ File size…2.28 GB/ 1.15 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime ,  Thriller Subtitle….Myanmar Subtitle (Hard ...
movie

The Horseman (2008)

Road to Boston (2023) 8.2
Road to Boston (2023) Road to Boston (2023)၁၉၄၇ ခုနှစ်...အဲအချိန်က ကိုရီးယားနိုင်ငံက ဂျပန်လက်အောက်ကနေ လွတ်လပ်ရေးရပြီးခါစဖြစ်လို့ ဘယ်သူကမှ အသိအမှတ်မပြုကြတဲ့ နိုင်ငံသေးလေးတစ်ခု...၁၅၈၆ ခုနှစ် အိုလံပစ်မှာ မာရသွန်ရွှေတံဆိပ်ဆုရခဲ့တဲ့ ဆုန်းဂီဂျောင်းဟာ ဂျပန်အလံကိုဖုံးခဲ့တာကြောင့် ကစားသမားဘဝကနေ အနားယူလိုက်ရပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပြန်ကျင်းပမယ့် အိုလံပစ်ကို ဝင်ပြိုင်နိုင်ဖို့ အားထုတ်ခဲ့ပါတယ်အိုလံပစ်ဝင်ဖို့ကို ဘော်စတွန်နိုင်ငံတကာပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ လိုအပ်နေတဲ့အခြေအနေအရောက်မှာ ဆောယွန်းဘို့ဆိုတဲ့အရိုင်းတုံးလေးကို နည်းပြဆုန်းဂီဂျောင်းနဲ့ နည်းပြနမ်ဆွန်းယုံးတို့က သင်ကြားပေးခဲ့ကြပါတယ်ဒါပေမဲ့ ကိုရီးယားက ဒုက္ခသည်နိုင်ငံဖြစ်နေသေးတော့ ကျော်ဖြတ်ရမှာတွေက မလွယ်ကူခဲ့ပါဘူး... အဲတော့ ဘော်စတွန်မှာ မာရသွန်သွားပြိုင်ကြမယ့် သူတို့သုံးယောက်ဟာ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကြည့်ရတာတန်စေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ထူးခြားတာက တကယ့်ဖြစ်ရပ်မှန်ကို ပြန်ရိုက်ကူးထားခြင်းဖြစ်ပြီး ကာယကံရှင်တွေကတော့ အခုချိန်မှာ ကွယ်လွန်သွားကြပြီဖြစ်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုကတော့ အခုချိန်ထိ ကျန်ရှိနေဆဲပါ..Main cast အနေနဲ့ Ha Jung Woo, Im Si Won, Bae Sung Woo, Park Eun Bin တို့လို နာမည်ကျော်တွေချည်းပဲ ...
movie

Road to Boston (2023)

2023