Channel Myanmar

Ron Pardo

Undercover Brother (2002) 5.9
Undercover Brother (2002) Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie

Undercover Brother (2002)

2002
PAW Patrol: The Mighty Movie(2023) 6.7
PAW Patrol: The Mighty Movie(2023) PAW Patrol: The Mighty Movie(2023)********************************** ရုံတင်ပြသသွားတယ် ခွေးပေါက်လေးတွေ ကာတွန်းအသစ်လာပါပြီ။နာမည်ကျော် PAW Patrol ကာတွန်းစီးရီးကနေ ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။မိသားစုလိုက်ကြည့်ဖို့နဲ့ ကလေးငယ်လေးတွေကိုပြဖို့ အသင့်တော်ဆုံး ကာတွန်းရုပ်ရှင်ပါပဲ။ရိုင်ဒါဆိုတဲ့ ကောင်လေးမှာ PAW Patrol ဆိုတဲ့အဖွဲ့လိုက်ခွေးပေါက်လေးလေးတွေရှိပြီး သူတို့တွေဟာ စွန့်စားခန်းမြို့တော်ကြီးကို ကာကွယ်ရတဲ့ အဖွဲ့ပဲဖြစ်ပါတယ်။တစ်နေ့မှာတော့ ဗန့်စ်ဆိုတဲ့ အရူးသိပ္ပံပညာရှင်တစ်ယောက်က ဥက္ကာခဲတစ်ခုကို ကမ္ဘာပေါ်ကို ဆွဲယူခေါ်လိုက်တဲ့အခါ PAW Patrol တွေကဥက္ကာခဲကို တားဆီးရင်းနဲ့ စူပါပါဝါတွေ ကိုယ်စီရကုန်ပါတယ်။ အဲဒီ စူပါပါဝါတွေကို သိပ္ပံပညာရှင်ဗန့်စ်ကလည်းလုယူပြီး ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြံစည်လာတဲ့အခါခွေးပေါက်လေးတွေအဖွဲ့နဲ့ တိုက်ပွဲဖြစ်လာပါတော့တယ်..File size… 1.7GB / 817MB Quality…WEB-D  1080P 5.1CH / 720p Format…mp4 Duration….1hr 28min Genre ….. Animation , Adventure , Action Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Mr. Anderson
movie

PAW Patrol: The Mighty Movie(2023)

PAW Patrol: The Movie (2021) 6.4
PAW Patrol: The Movie (2021)  Paw Patrol : The Movie (2021)IMDb - 6.4/10CM Fanများအတွက် Paw Patrol : The Movieဆိုတဲ့ ဒီ​နေ့ထွက် animation ကားသစ်​လေးကို တင်ဆက်​ပေးလိုက်ပါတယ်။အသစ်ထွက်တဲ့ရုပ်ရှင်တိုင်း action, horror, drama​တွေပဲ ဖြစ်​​နေလို့ ငြီး​ငွေ့​နေကြတဲ့ ပရိတ်သတ်တို့အတွက် အချိန်တစ်နာရီခွဲလောက် စိတ်ကြည်နူး​ပျော်ရွှင်​စေနိုင်မယ့် animation​လေးဖြစ်မှာ ​အ​သေအချာပါပဲ ဇာတ်လမ်းအကျဥ်းက​တော့ Paw Patrol​လေးတို့ရဲ့ ရန်သူ​​​တော်ကြီး Humdingerတစ်​​​ယောက် Adventure Cityဆိုတဲ့မြို့​လေးမှာ မြို့​တော်ဝန်သွားလုပ်ပြီး ဒီကမ္ဘာကြီးကိုအန္တရာယ်ကျ​ရောက်​စေမယ့် စမ်းသပ်မှုတစ်ခုကို လုပ်ဖို့ ကြိုးစားလာပါတယ်ရန်သူ​တော်ကြီးရဲ့အဖျက်လုပ်ငန်းကို ​အဖွဲ့ခေါင်း​ဆောင် Ryderနဲ့ သူ့ရဲ့အဖွဲ့ဝင် ပါပီ​လေးတို့တသိုက် ဘယ်လို​ခေတ်မှီနည်းပညာ​တွေ၊ စက်ပစ္စည်း​တွေနဲ့ ရ​အောင်တားကြမလဲ?အဖွဲ့ဝင်ပါပီ​လေးတစ်​ကောင်ရဲ့ အတိတ်​ဇာတ်ကြောင်းက​နေ ..... အဖွဲ့အ​ပေါ် ဘယ်​လောက်ထိရိုက်ခတ်မှုရှိမလဲ?Patrol အဖွဲ့ဝင်အသစ်​လေးက ဘယ်သူဖြစ်မလဲဆိုတာကို...ချစ်စရာ​ကောင်းတဲ့ ကာတွန်းဇာတ်​ကောင်လေး​တွေနဲ့ ရယ်စရာ၊​ပျော်စရာ၊ သနားစရာ ရသမျိုးစုံကိုခံစားရင်း ကြည့်ရှုရမှာပါ။ Animationဇာတ်​ကား​လေးဖြစ်တာမို့ ကိုယ့်မိသားစုနဲ့၊ သားသားမီးမီးတို့နဲ့တူတူ ကြည့်ဖို့အတွက်လည်း အဆင်​ပြေပါတယ်။ချစ်ရတဲ့မိသားစုနဲ့အတူ ​ပျော်ရွှင်ကြည်နူးစရာအချိန်တစ်နာရီခွဲခန့်ကို ဒီ Animationကား​လေးနဲ့ တူတူကုန်ဆုံးလိုက်ပါReview - JimxFile size…1.7GB and 1Gb and ...
movie

PAW Patrol: The Movie (2021)

2021