Channel Myanmar

Ronnie Hooks

Black or White (2014) 6.6
Black or White (2014)   ဒီဇာတ်လမ်းလေးမှာ ဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါအဲလီရော့တ်အန်ဒါဆန်ဟာ သူ့မြေးမလေး အဲလူဝီးစ်ကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ပေးဖို့ ဖြစ်လာပါတယ်။အဲလူဝီးစ်ရဲ့ အမေ၊ အဲလီရော့တ်ရဲ့သမီးကတော့ နှလုံး‌ရောဂါအခံနဲ့ ကလေးမွေးဖွားစဉ်က ဆုံးပါးသွားခဲ့တာဖြစ်ပြီးအဖေဖြစ်သူကတော့ မူးယစ်ဆေးမှုတွေနဲ့ ပြစ်မှုမှတ်တမ်းတွေရှိပြီး သတင်းအစအနတောင် မကြားရတဲ့သူပါ။အဲလီရော့တ်က သမီးဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့အပြင်ဇနီးဖြစ်သူကိုပါ ဆုံးရှုံးရပြန်တော့ အရက်သောက်‌နေတဲ့အရက်သမားကြီးလို ဖြစ်နေပေမယ့် သူ့မြေးမလေးကိုတော့ဘယ်နေရာမှလစ်ဟင်းမှုမရှိအောင် ချစ်ခြင်းမေတ္တာအပြည့်နဲ့ဂရုစိုက်ပေးပါတယ်။ ဒါပေမဲ့ အဲလူဝီးစ်လေးရဲ့ တစ်ဖက်ကအဘွား ရိုဝီနာကတော့ သူ့မြေးမလေးကို အဘိုးဖြစ်သူအဲလီရော့တ် စောင့်ရှောက်တာကို စိတ်မချဖြစ်ပါတယ်။ဒီလိုနဲ့ ရိုဝီနာက သူ့မောင် ရှေ့နေနဲ့အတူ ကလေးအုပ်ထိန်းစောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်ပါတော့တယ်။ဒီနေရာမှာ ပြဿနာကတော့ အဲလူဝီးစ်လေးရဲ့ အဘိုးအဲလီ‌ရော့တ်ကလူဖြူဖြစ်ပြီး အဖေဘက်၊ အဘွားဝီဝီဘက်ကတော့ လူမဲတွေဖြစ်နေတာပါ။ ကလေး အုပ်ထိန်းခွင့်အတွက် တရားရင်ဆိုင်ကြတဲ့အခါ အဘိုးဖြစ်သူ အဲလီရော့တ်ကပဲ အုပ်ထိန်းခွင့်ရသွားမလား၊အဘွားဝီဝီကပဲ အုပ်ထိန်းခွင့်ရသွားမလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်လမ်းလေးဟာ မိသားစုချစ်ခြင်းမေတ္တာကို ဖော်ကြူးထားတဲ့အပြင် လူမဲ လူဖြူဆိုတာ အသားအရောင်သာကွာခြားတဲ့လူသားအချင်းချင်းပါပဲ ဆိုတဲ့ မက်ဆေ့ခ်ျလေးကို ရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက ...
movie

Black or White (2014)

The Final Girls (2015) 6.6
The Final Girls (2015) The Final Girls (2015) =================ဒီဇာတ်ကားဟာ 2015 ခုနှစ်ထွက် Horror/Comedy အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ မက်စ်နဲ့ အမန်ဒါဟာ နှစ်ယောက်တစ်ဘ၀ရုန်းကန်နေကြတဲ့ အမေတစ်ခု သမီးတစ်ခု မိသားစုလေးပေါ့။ မက်စ်ရဲ့အမေ အမန်ဒါဟာ ငယ်စဉ်တုန်းက Horror ရုပ်ရှင်တစ်ခုမှာ ပါ၀င်သရုပ်ဆောင်ဖူးသူဖြစ်ပြီး ရုပ်ရှင်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ အရမ်းစိတ်အားထက်သန်သူပါ။ မမျှော်လင့်ပဲ သူကြိုးစားနေတဲ့လမ်းခုလတ်မှာတင် ကားမတော်တဆမှုမှာ အမန်ဒါသေဆုံးသွားပြီးနောက် မက်စ်တစ်ယောက်ဟာ သူ့အမေကို အမြဲသတိရ‌နေခဲ့ပါတယ်။နှစ်တွေအကြာ တစ်ရက်မှာအကြောင်းအမျိုးမျိုးကြောင့် မက်စ်တစ်ယောက် သူ့သူငယ်ချင်းတွေနဲ့ အမန်ဒါသရုပ်ဆောင်ခဲ့တဲ့ Horror ရုပ်ရှင်ကို သွားကြည့်ကြဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ်နဲ့ သူ့သူငယ်ချင်းတစ်သိုက် မမျှော်လင့်ပဲ အဲ့ဒီရုပ်ရှင်ထဲကို ရောက်ရှိသွားတဲ့အခါမှာတော့... သူတို့အုပ်စု ရုပ်ရှင်ထဲကနေ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားကြ‌ပုံတွေကို သည်းထိတ်ရင်ဖိုနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။(ဇာတ်ကားနဲ့ အညွှန်းကို Chuck Chuck မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, 1GB Quality - 1080p, 720p IMDb Rating ...
movie

The Final Girls (2015)

2015