Channel Myanmar

Rosalie Craig

The Pod Generation (2023) 5.7
The Pod Generation (2023)  MDb 5.7 ရရှိထားတဲ့သိပ္ပံစိတ်ကူးယဉ်နဲ့ ဒရမ်မာအမျိုးအစားဇာတ်ကားဖြစ်ပြီး ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ စာရေးဆရာဖြစ်တဲ့ Sophie Barthes တစ်ယောက်ကတော့ ရုပ်ရှင်ပွဲတော်နှစ်ခုမှာ ဆုနှစ်ခုရရှိထားပါတယ် အနာဂတ်မှာသိပ္ပံနဲ့နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူတွေရဲ့နေ့စဉ်ဘဝတွေလည်းပြောင်းလဲသွားတာကိုရိုက်ကူးပြသထားတာပါ ဇာတ်လမ်းအကျဉ်း..... မဝေးတော့တဲ့အနာဂတ်မှာတော့ ကလေးကိုကိုယ်တိုင်ကိုယ်ဝန်ဆောင်ပြီးမွေးစရာမလိုဘဲ pod ဆိုတဲ့ တကယ့်သားအိမ်နဲ့တူအောင်စီမံထားတဲ့ အခန်းငယ် (တစ်နည်း - အိုး)လေးတွေနဲ့မွေးလို့ရနေပါပြီ ရေချယ်နဲ့အယ်လ်ဗီကတော့လင်မယားတွေဖြစ်ကြပြီး ကလေးယူဖို့အစီအစဉ်မရှိပေမဲ့ ရုတ်တရက်အခြေအနေပေးတာကြောင့် pod နဲ့ကလေးမွေးဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ် အနာဂတ်မှာနည်းပညာတွေ တအားခေတ်မှီတိုးတက်လာတာနဲ့အမျှ သစ်ပင်သစ်တောတွေလည်းရှားပါးလာပြီး ရုက္ခဗေဒပညာရှင်ဖြစ်တဲ့ အယ်လ်ဗီကတော့ pod နဲ့ကလေးမွေးတာကိုလုံးဝသဘောမကျပါဘူး ဒီလိုနဲ့သူတို့လင်မယားနှစ်ယောက်လည်း pod ထဲမှာကလေးမွေးထားကြရင်း ဒီနည်းပညာကတကယ်ရောစိတ်ချရပါ့မလား ဆိုတာကိုမယုံသင်္ကာဖြစ်လာပါတော့တယ် သဘာဝအတိုင်းကပိုကောင်းလား pod (အိုးလေး)ထဲမှာမွေးတာက ပိုကောင်းလားဆိုတာနဲ့ပတ်သက်ပြီး လူတွေကြားမှာလည်း ဂိုဏ်းတွေကွဲနေတဲ့အပြင် ဘယ်ဟာကပိုကောင်းလဲဆိုတာကိုမတွေးတတ်တော့ဘဲဖြစ်နေပါတော့တယ် သူတို့လင်မယားနှစ်ယောက်ကရော ဒီလိုနည်းနဲ့ကလေးမွေးတာအဆင်ပြေပါ့မလား သဘာဝဆိုတာကြီးကွယ်ပျောက်တော့မဲ့ကမ္ဘာမှာ သူတို့ဘယ်လိုရှင်သန်ကြမလဲ ဆိုတာကိုကြည့်ရှုရမှာပါ အေးအေးဆေးဆေး ဒရမ်မာဇာတ်လမ်းလေးဖြစ်တဲ့အပြင် လူတွေလစ်လျူရှူနေကြတဲ့ သဘာဝတရားရဲ့အရေးပါပုံကိုပါ မီးမောင်းထိုးပြသွားတာကို တွေ့ရမှာဖြစ်ပါတယ် File size…(1.3 ...
movie

The Pod Generation (2023)

The Nan Movie(2022) 4.7
The Nan Movie(2022)  The Nan movie English နာမည်ကျော်comedy မင်းသမီးကြီး Catherine Tate ရဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ Nan အတွက် ရုပ်ရှင်ထွက်ရှိလာပါပြီ။အရင် series ထဲကလိုပဲ အပေါက်ဆိုးပြီး သောင်းကျန်းတတ်တဲ့အဘွားကြီး Nan ရဲ့ဇာတ်လမ်းပါ။Nan ရဲ့ကွဲကွာနေတဲ့ညီမဖြစ်သူ Nellက သူသေခါနီးဖြစ်နေလို့ Nan ကိုလာတွေ့‌ဖို့ခေါ်ပါတယ်။ညီမဖြစ်သူနဲ့လွန်ခဲ့တဲ့နှစ်ပေါင်းများစွကရည်းစားလုဖက်ဖြစ်ပြီးရန်ဖြစ်ခဲ့လို့Nanကအဆက်အသွယ်ဖြတ်ထားတာပါ။Nan ကမသွားချင်ပေမယ့်မြေးဖြစ်သူကအတင်းတိုက်တွန်းတာကြောင့် မြေးအဖွားနှစ်ယောက် ခရီးထွက်ကြရင်း လမ်းမှာရယ်စရာ ပေါက်ကရတွေဖြစ်ပုံကို ရိုက်ကူးထားပါတယ်။ Catherine Tate အပြင် Katherine Parkinson (IT crowd),Mathew Horne တို့လည်းပါ၀င်ထားပါတယ်File size…(2.17GB)/(1.06GB)/(584MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP
movie

The Nan Movie(2022)