Channel Myanmar

Rosalind Halstead

Virgin Territory (2007)
Virgin Territory (2007) Virgin Territory (2007) Genre – Adventure, Comedy, Romanceနာမည်ကျော် Star Wars ရုပ်ရှင်တွေမှာ Darth Vader မဖြစ်ခင်ဘဝAnakin Skywalker နေရာကို သရုပ်ဆောင်ခဲ့တဲ့ မင်းသားHayden Christensen ငယ်ရွယ်နုပျိုစဉ်တုန်းကကောင်မလေးတသိုက်နဲ့ ပျော်ပိုက်ကြတဲ့အချစ်ဟာသ စွန့်စားခန်းကားလေး ဖြစ်ပါတယ်။အပေါ်ပိုင်း ဗလာကျင်းမှုတွေ တော်တော်များများ ပါဝင်တာရယ်လိင်ပိုင်းဆိုင်ရာ ပြကွက်တွေ ပါဝင်တာကြောင့်မိသားစုနဲ့ ကြည့်ရှုဖို့ဆို အထူးသတိချပ်စေလိုပါတယ်။ MCU မှာ Abomination လုပ်တဲ့ မင်းသားကြီး Tim Roth လည်းဗီလိန်နေရာပါ ပါဝင်ထားပါသေးတယ်။ကျန်တာတော့ နာမည်မသိပေမဲ့ အတော်ကိုချောမောလှပကြတဲ့မင်းသမီးတွေ အုပ်လိုက်ပါပါတယ် ဆက်စီလည်းဆန်ပါတယ်။ဇာတ်လမ်းကတော့ ရှေးခေတ် အီတလီကို ပလိပ်ရောဂါတွေဖြစ်နေတဲ့အချိန်အရ အခြေခံထားပါတယ်။ လိုရန်ဇိုဆိုတဲ့ကောင်ချောလေးတစ်ယောက်ဟာ လောင်းကစားလုပ်ရင်းလူဆိုးသူဌေးဖြစ်တဲ့ ဂျာဘီနိုကို အနိုင်ရပေမဲ့ ဟိုကအကျင့်ယုတ်ပြီးလိုက်သတ်ဖြတ်နေတဲ့အတွက် မြို့ကနေ ရှောင်ပြေးရာကနေအပျိုစင်တွေချည်း ရှိတဲ့ သီလရှင်ကျောင်းထဲကိုပရမ်းပတာနဲ့ ရောက်သွားပါတော့တယ်။ သူချစ်တဲ့ သူဌေးမလေးဆိုတာကျ မိဘသဘောအရရုရှားမြို့စားတစ်ယောက်နဲ့ လက်ထပ်ရမယ်ဆိုပေမဲ့လည်းလူဆိုးသူဌေး ဂျာဘီနိုကလည်း သိမ်းပိုက်ဖို့ချောင်းနေတာပါ။ဒီမှာတင် သူဌေးမလေးကလည်း ...
movie

Virgin Territory (2007)

Elizabeth: The Golden Age (2007) 6.8
Elizabeth: The Golden Age (2007) အနုပညာ ကဗျာစာပေတွေ တစ်ခေတ်ပြန်လည်ထွန်းကားလာတဲ့ ၁၅၅၈-၁၆၀၃ ခုနှစ် ကာလကိုThe Golden Age လို့ ခေါ်ကြပါတယ်။အင်္ဂလန်ပြည်ကို Queen Elizabeth I အုပ်စိုးခဲ့စဉ်မှာထွန်းကားခဲ့တဲ့ ကာလဖြစ်လို့ Elizabethan era လို့လည်းတင်စားကြပါသေးတယ်။Queen Elizabeth I ဟာဆိုရင်ဖြင့် တခြားသောဘုရင်မတွေလို ကြင်ယာဖက်နဲ့အတူ ချစ်ကြည်နူးတစ်တီတူးတတ်တဲ့မိန်းမ‌တစ်ယောက်တော့ မဟုတ်ပါဘူး။သူဟာ နိုင်ငံ့အရေးကို သူတစ်ယောက်တည်း အစွမ်းအစနဲ့ဦးဆောင်နိုင်တယ်လို့ ခံယူချက်ရှိတဲ့ တစ်ကိုယ်တည်းအပျိုကြီးလုပ်ကာ အုပ်ချုပ်သူပါ။ဒါကြောင့်လည်း သူဟာ Virgin Queen လို့ နာမည်ကြီးပါတယ်။ ဒီဇာတ်လမ်းကတော့ Queen Elizabeth ရဲ့ သူအုပ်စိုးစဉ်ကာလအတွင်းမှာသူ့ရဲ့စကားကိုတည်အောင် ဘယ်လိုတွေစွမ်းဆောင်သွားခဲ့လဲ၊ The Golden Age, Elizabethan era လို့တင်စားရလောက်အောင် သူဘာတွေစွမ်းဆောင်ခဲ့လဲဆိုတာ ကြည့်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ File size…    2.2 GB /  1 GB Quality… BluRay 1080p / 720p Format… ...
movie

Elizabeth: The Golden Age (2007)

Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004