Channel Myanmar

Rose Williams

Locked In (2023) 5.5
Locked In (2023)  X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကိုထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ....။ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်...။လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံးအကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ....။ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့.....ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကိုလက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့....‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲသားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်...။ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့....။အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့်အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ....။အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကိုပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်....။ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါထပ်ရလာတဲ့အခါမှာတော့....အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ....။မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်ကအမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့်Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်...။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Locked In (2023)

Mrs. Harris Goes to Paris (2022) 7.2
Mrs. Harris Goes to Paris (2022) ပြင်သစ်လို့ပြောလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဘုရင်ကြီးလို့ တင်စားရလောက်အောင်ကို ဖက်ရှင်တွေ အစုံအလင်ရှိတဲ့ မြို့ကြီးတစ်မြို့ဆိုတာ လူတိုင်းသိမှာပါ ဒီရုပ်ရှင်ကားလေးထဲ မှာတော့ လန်ဒန်မှာရှိတဲ့ သန့်ရှင်းရေးသမား မုဆိုးမကြီး ဟားရစ် ဟာ ပြင်သစ်ရဲ့ နာမည်ကြီး ဒီရော တံဆိပ် ဝတ်စုံကိုမှ လိုချင်တပ်မက်လွန်းလို့ ပြင်သစ်အထိ သွားဝယ်တဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ ဒီရောတံဆိပ် ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာရယ် ကံဆိုးမှုတွေပြီးရင် ကံကောင်းတာတွေ လည်းရောက်လာနိုင်တယ်ဆိုတာရယ် လူတစ်ယောက်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မှတ်ချက်ပေးနိုင်လောက်အောင် လူ့ဘဝကြီးက မရိုးရှင်းဘူးဆိုတာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာရယ်ကို ဇာတ်အိမ် ကောင်းကောင်လေးနဲ့ လှလှပပ လေးရိုက်ပြသွားတာပါ ဘဝအမောတွေပြေစေဖို့နဲ့ ပြုံးစိစိ လေးကြည့်နိုင်ဖို့အတွက် အမြန်းဆုံးသာ ဒေါင်းပြီးကြည့်လိုက်ပါတော့လို့ပဲ တိုက်တွန်း ချင်ပါတော့တယ်File size…(2.18GB)/(1014MB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama / ...
movie

Mrs. Harris Goes to Paris (2022)

Changeland (2019) 5.6
Changeland (2019) ဒီဇာတ်လမ်းလေးကတော့ ဘရန်ဒန်တစ်ယောက် မိန်းမယူပီး ၂နှစ်ကြာတော့ မိန်းမကဖောက်ပြန်နေတယ်သိလာခဲ့တယ်... မိန်းမကိုလည်းခံစားရတာတွေမပြောချင် စိတ်ထဲမှာလည်း မွန်းကြပ်လာတာနဲ့ Anniversary နေ့ကြီးမှာ မိန်းမကိုမပြောပဲ ထိုင်းကိုအပျော်ခရီး ခိုးထွက်လာရာက သူငယ်ချင်း လူပျိုကြီး ဒန်နဲ့တွေ့ပီး နှစ်ယောက်သား ကဲကြတဲ့ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပုံစံလေးပါပဲ။ ဒီဇာတ်လမ်းမှာ ထိုင်းနိုင်ငံရဲ့ tour အပန်းဖြေနေရာတွေရဲ့ အလှအပတွေနဲ့ သူငယ်ချင်းတွေ ခရီးထွက်ရင် ပျော်စရာအလွဲတွေကိုလည်း ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်။ ဘရန်ဒန်နဲ့ဒန်တို့ ဘယ်လိုအလွဲတွေလုပ်ပီး ဘယ်လိုပျော်ကြမလဲဆိုတာတော့ ဇာတ်ကားလေးကိုပဲ ဆက်ကြည့်လိုက်ရအောင်..... ဇတ်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ May Thu Kyaw ဖြစ်ပါတယ်။
movie

Changeland (2019)

2019