Channel Myanmar

Rowan Chapman

Ticket to Paradise (2022) 6.2
Ticket to Paradise (2022) Ticket to Paradise (2022)ဟောလိဝုဒ်ရဲ့ ရွှေခေတ်နှောင်းကာလလောက်မှာမှ ဒီကို ဟောလိဝုဒ်ရွှေခေတ်လောက်ကကားတွေ ရောက်လာပြီးနောက် ကြည့်ခဲ့ကြတဲ့သူတွေကတော့ ဂျော့ကလူးနေးနဲ့ ဂျူလီ‌ယာရောဘတ်တို့ကို ကောင်းကောင်းကြီး ရင်းနှီးကြမှာပါ။ ကလူနေးက‌တော့ သူ့ခေတ်က ထိပ်တန်းမင်းသားတစ်လက်ဖြစ်ခဲ့သလို လူကြိုက်များတဲ့ကားကောင်းတွေ ရိုက်ခဲ့တာလည်း မနည်းမနောပါပဲ။ Batman & Robin နားဝန်းကျင်မှာ စချာလာခဲ့ပေမဲ့လည်း အစဉ်အလာကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက် မင်းသားကြီးအဖြစ်ကနေတော့ မရွေ့လျောသွားဘူးဆိုရမှာပါပဲ။ ဒီကားကတော့ သူနဲ့ သူ့လိုပဲ အစဉ်အလာကြီးတဲ့ မင်းသမီးကြီးဖြစ်တဲ့ ငယ်ဘဝရဲ့ Celebrity Crush မမစာရင်းထဲအပါအဝင်ဖြစ်တဲ့ ဂျူလီယာရောဘတ်နဲ့အတူ တွဲဖက်ပါဝင်ထားတဲ့ ရုပ်ရှင်အသစ်တစ်ကားပါပဲ။ဒေးဗစ်နဲ့ ဂျော်ဂျီယာက ကောလိပ်အပြီးမှာပဲ လက်ထပ်ယူခဲ့ကြတဲ့ ငယ်ချစ်တွေပေမဲ့ ကံမပါခဲ့တော့ သမီးလေးလီလီကိုမွေးပြီး အိမ်ထောင်သက်ငါးနှစ် အရောက်မှာပဲ ခွာပြဲခဲ့ကြတယ်။ အဲဒီကနေ ၁၄ နှစ်အကြာမှာတော့ ဆုံလိုက်တိုင်း တဗျစ်တောက်တောက် ဖြစ်တတ်ကြတဲ့ အဖေနဲ့အမေရဲ့ အုပ်ထိန်းမှုကြားမှာ လီလီတစ်ယောက် ဥပဒေဘွဲ့နဲ့ ကျောင်းပြီးသွားခဲ့တယ်။ ...
movie

Ticket to Paradise (2022)

2022
The Curious Case of Dolphin Bay(2022) 5.4
The Curious Case of Dolphin Bay(2022)   Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ်File size…(1.88GB) ...
movie

The Curious Case of Dolphin Bay(2022)