Channel Myanmar

Roy Horan

Snake in the Eagle’s Shadow (1978) 7.3
Snake in the Eagle’s Shadow (1978)   ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် 1978 ခုနှစ်လောက်ကထွက်ခဲ့တဲ့ jackie chan ရဲ့ကွန်ဖူးဇာတ်လမ်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... လင်းယုန်လက်သည်းသိုင်းနဲ့ မြွေလက်သီးသိုင်းပညာတွေဆိုတာ ရှေးနှစ်ပေါင်းများစွာကတည်းက ပြိုင်ဘက်သိုင်းပညာတွေဖြစ်ပြီး ဂိုဏ်းအချင်းချင်းက နှစ်ပေါင်းများစွာယှဉ်ပြိုင်တိုက်ခိုက်ခဲ့ကြပါတယ်။တစ်နေ့မှာတော့ လင်းယုန်လက်သည်းသိုင်းကို တဖက်ကမ်းခတ်ကျွမ်းကျင်တတ်မြောက်ထားတဲ့သူ ရှန့်ခွင်းရီယွမ်တစ်ယောက် မြွေလက်သီးသိုင်းကို အဆုံးသတ်နိုင်တဲ့အခွင့်အရေးရလာခဲ့ပါတယ်။ မြွေလက်သီးဂိုဏ်းရဲ့တပည့်ပေါင်း ၃၀၀၀ ကျော်ကို သတ်ပစ်ခဲ့ပြီးနောက်ဆုံး ဆက်ခံသူ ၃ ယောက်ကိုသာရှင်းပစ်ဖို့ကျန်ပါတော့တယ်။ အဲဒီ ၃ ယောက်ထဲမှာ အတော်ဆုံးတပည့်ဖြစ်တဲ့ ပိုင်ချန်ထင်ဟာ ထွက်ပြေးတိမ်းရှောင်နေရင်း ဝေ့ဝူကျောင်းတော်က စိတ်ရင်းကောင်းပြီး လေ့ကျင့်ရေးထိုးအိတ်အဖြစ် အမြဲအနိုင်ကျင့်ခံနေရတဲ့ လီချန်တွေ့သွားတဲ့အချိန်မှာတော့...လင်းယုန်လက်သည်းဂိုဏ်းက မြွေလက်သီးသိုင်းကို အမြစ်ပြတ်ချေမှုန်းသွားနိုင်မှာလား.. တခြားဘယ်လိုဇာတ်ကွက်တွေနဲ့ဇာတ်လမ်းကိုစိတ်ဝင်စားဖွယ်ဆွဲခေါ်သွားမလဲဆိုတာကိုကြည့်ရှူရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။File size…(1.95 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe yee
movie

Snake in the Eagle’s Shadow (1978)

Game of Death II (1981) 7.8
Game of Death II (1981) Bruce Lee fan တိုင်းကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားမှာ Bruce Lee ဟာ ဘီလီလိုဆိုတဲ့ ဇာတ်ရုပ်နဲ့ပါ၀င်သရုပ်ဆောင်ထားပြီး မိတ်ဆွေတစ်ယောက်ရဲ့ ထူးဆန်းတဲ့သေဆုံးမှုကို လိုက်စုံစမ်းနေတဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် သူဟာလည်း အသတ်ခံလိုက်ရပြီးနောက်မှာ သူ့ရဲ့ညီက သူ့အတွက်ကလဲ့စားချေတဲ့ပုံစံကိုတွေမြင်ရမှာပါ။ ဇာတ်လမ်းလေးကဒါပါပဲ။ Bruce Lee ပါတာမှ နည်းနည်းလေး။ ဒါဆိုဘာလို့ Burce Lee fan တိုင်းကြည့်သင့်တယ်လို့ပြောတာလဲ။ ဘာလို့ဆို ဒီဇာတ်ကားက သူနောက်ဆုံးရိုက်ခဲ့တဲ့ဇာတ်ကားမလို့ပါ။ ပြီးတော့ သူအသတ်ခံလိုက်ရတဲ့အခန်းဟာ အပြင်မှာလည်း တကယ်သေသွားခဲ့တာပါ။ ထူးခြားဆန်းကြယ်တဲ့ Bruce ရဲ့သေဆုံးမှုကို မျက်မြင်ခံစားရမှာပါ။ ပြီးတော့ ဒီရုပ်ရှင်မှာ သူ့ရဲ့စည်ကားသိုက်မြိုက်ပြီးခမ်းနားတဲ့ တကယ့်အသုဘအခမ်းအနားက ပုံရိပ်တွေကိုထည့်သွင်းအသုံးပြုထားတဲ့အတွက် Burce ဟာ ဘယ်လိုလူလဲဆိုတာ လူတွေသူ့ကိုဘယ်လောက်လေးစားကြတယ် ချစ်ခင်ကြတယ်ဆိုတာ နားလည်လာပါလိမ့်မယ်။ ကဲအားလုံးပဲ။ ကြီးကျယ်ခမ်းနားတဲ့အက်ရှင်မင်းသားကြီးအတွက် အလွမ်းပြေလေး ကြည့်ရှုခံစားလိုက်ကြပါဦး။File Size -  1.1 gb Quality - 1080p Subtitle -  burmese Translator - Nay Myo Thu Encoder - Thit San Khant
movie

Game of Death II (1981)

1981