Channel Myanmar

Roy Sungkono

Dear Jo: Almost is Never Enough (2023) 8.4
Dear Jo: Almost is Never Enough (2023) Dear Jo: Almost is Never Enough (2023)ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ....... အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ်အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်....အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Drama, Romance Quality…. 1080p ...
movie

Dear Jo: Almost is Never Enough (2023)

2023
Buya Hamka Vol. 1 (2023) 6.8
Buya Hamka Vol. 1 (2023) Buya Hamka Vol. 1 (2023)ဒီကားလေးကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် နိုင်ငံရေးသမား စာရေးဆရာ ဂျာနယ်လစ် ဒဿနိကပညာရှင်တစ်ဦးဖြစ်တဲ့ အဘ်ဒူလ်မာလစ်ကာရန်အမ်ရူလာလ်ရဲ့ ဘ၀ဇာတ်ကြောင်း အတ္ထုပ္ပတ္တိလေးဖြစ်ပါတယ်။ ကလောင်နာမည် ဟမ်ကာဆိုတဲ့နာမည်နဲ့ကျော်ကြားပြီး ဂျာကာတာမြို့မှာ တက္ကသိုလ်တစ်ခုကို သူ့နာမည်ပေးရတဲ့အထိ လေးစားခံပုဂ္ဂိုလ်ကြီးဖြစ်တဲ့အပြင် အင်ဒိုနီးရှားနိုင်ငံရဲ့ ပြည်သူ့သူရဲကောင်းဘွဲ့ရထားသူပါ။ ဒီကားလေးထဲမှာ ဟမ်ကာရဲ့ ဘ၀ဇာတ်ကြောင်း အနိမ့်အမြင့် အချိုးအကွေ့ပေါင်းစုံကို စိတ်၀င်တစားကြည့်ရှုရမှာပါ။ဇာတ်လမ်းအစကို ဟမ်ကာထောင်ချခံရတဲ့အခန်းနဲ့စတင်ထားပြီး ဘ၀ဇာတ်ကြောင်းတစ်လျှောက်လုံး နောက်ကြောင်းပြန်ပြထားတာကိုက စိတ်၀င်စားဖို့ကောင်းပါတယ်။ ဟမ်ကာရဲ့ ဂျာနယ်လစ်သမားဘ၀ အယ်ဒီတာဘ၀ကနေ နိုင်ငံရေးသမားဘ၀ရောက်ရှိသွားပုံကို ကြည့်ရှုရင်း မြန်မာ့သမိုင်းနဲ့သိပ်မကွာခြားတဲ့ ဒတ်ခ်ျကိုလိုနီလက်အောက်ခံဘ၀ အင်ဒိုနီးရှားနိုင်ငံရဲ့သမိုင်းနဲ့ အစ္စလာမ်ဘာသာအကြောင်းကိုပါ လေ့လာနိုင်ဦးမှာဖြစ်ပါတယ်။ ဒီကားက အပိုင်း(၁)ဖြစ်ပြီး အပိုင်း(၂)လည်း ထွက်ရှိလာဦးမှာပါ။ အားလုံးပဲ IMDb မှာ ရိတ်တင် 6.8/10 ရထားတဲ့ Drama, Biography ဇာတ်ကားလေးကို ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ...
movie

Buya Hamka Vol. 1 (2023)

2023
Dilan 1991 (2019) 6.5
Dilan 1991 (2019) Dilan 1991(2019)IMDb~ 6.5/10အင်ဒိုနီးရှားနိုင်ငံရဲ့ ရိုမန့်တစ်အဆန်ဆုံး အချစ်ဇာတ်လမ်းလို့ ပြောလိုက်ရင် စာရေးဆရာ Pidi Baiq ရဲ့ Dilan စီးရီးက မပါမဖြစ်ပါDilan 1990(2018)၊ Dilan 1991(2019) နဲ့ Milae(2020) ဆိုပြီး ဇာတ်ကား သုံးကား ထွက်ရှိထားပါတယ်အခု တင်ဆက်ပေးမှာကတော့ 2019 မှာ ထွက်ခဲ့တဲ့ Dilan 1991 ပဲ ဖြစ်ပါတယ် (ကျန်တဲ့ နှစ်ကားကိုလည်း CM မှာ ဝင်ရောက်ကြည့်ရှူနိုင်ပါတယ်)ဒါကတော့ Dilan 1990 (2018) ပါ https://channelmyanmar.org/dilan-1990-2018/ဒါကတော့ Milae (2020) ပါ https://channelmyanmar.org/milea-2020/Dilan 1990(2018) မှာတုန်းက ဒီလန် နဲ့ မီလယ်ရာတို့ ချစ်သူတွေ ဖြစ်သွားခဲ့ကြပါတယ်ချစ်သူတွေဖြစ်ပြီးတဲ့နောက် ပေပေတေတေနေတတ်တဲ့ ဆိုင်ကယ်ဂန်းစတားလေး ဒီလန် နဲ့ ဆိုင်ကယ်အဖွဲ့နဲ့ မပတ်သက်စေချင်တဲ့ မီလယ်ရာတို့အကြား ပဋိပက္ခတွေ၊ အထင်အမြင်လွဲမှားမှုတွေ ပေါ်ပေါက်လာပါတော့တယ်အဲဒီပဋိပက္ခတွေ ကြားထဲမှာ ဒီလန် နဲ့ မီလယ်ရာတို့ ချစ်ခြင်းမေတ္တာကို ဆက်လက် ပုံဖော်နိုင်ပါ့မလားဆိုတာကတော့....အချစ်ဇာတ်လမ်းကောင်းကောင်းလေးတွေကို ...
movie

Dilan 1991 (2019)

2019