Channel Myanmar

Ruby Ashbourne Serkis

The Greatest Beer Run Ever (2022) 6.7
The Greatest Beer Run Ever (2022) The Greatest Beer Run Ever (2022)ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ ဇက်အက်ဖရွန်၊ ဘီလီမူရေး နဲ့ ရက်ဆဲခရိုးတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဖြစ်ရပ်မှန် စစ်ပွဲ ဒရာမာ ဟာသ အမျိုးအစားပါ။ အစအဆုံး ရုပ်တည်ကြီးတွေနဲ့ ပြောနေသရုပ်ဆောင်နေပေမဲ့ အတော်ကိုရယ်ရပါတယ်။ ဖြစ်ရပ်မှန်ဖြစ်နေတော့ ပိုရယ်လို့တောင်ကောင်းပါသေးတယ်။အဓိကမင်းသားကတော့ ချစ်ကီဒိုနိုဟူးဆိုတဲ့ အမေရိကန်တပ်ထွက်မျိုးချစ်တစ်ယောက်ဖြစ်ပါတယ်။ သင်္ဘောသားအလုပ်လုပ်ပြီး သင်္ဘောမတက်ရတဲ့အချိန်ဆိုရင် ညတိုင်း အရက်ဆိုင်မှာမူးပြီး မိဘအိမ်မှာ နေဖင်ထိုးတဲ့အထိ အိပ်ပါတယ်။ ဗီယက်နမ်စစ်ပွဲကာလဖြစ်ပြီး အမေရိကန်မှာ ထောက်ခံသူနဲ့ ကန့်ကွက်ဆန္ဒပြသူတွေ နှစ်ပိုင်းကွဲနေတဲ့အချိန်ဖြစ်ပါတယ်။ ချစ်ကီရဲ့ညီမကတော့ ဆန္ဒပြသူဖြစ်ပြီး ချစ်ကီကတော့ ဆန္ဒပြသူတွေကို မုန်းတီးနေပြီး ဗီယက်နမ်စစ်ပွဲကို နိုင်ငံအတွက်လို့ ယုံကြည်အားပေးနေသူဖြစ်ပါတယ်။ တစ်ညတော့ ဘားမှာ စုသောက်ကြရင်းနဲ့ သူတို့ရပ်ကွက်ထဲကနေ ရှေ့တန်းကိုရောက်နေတဲ့ စစ်သားလေးတွေကိုသာ ဒီနယူးယောက်က ဘီယာတွေ သွားပေးနိုင်ရင်ဘယ်လောက်ပျော်ကြမလဲ၊ သူတို့ကိုထောက်ခံသူတွေရှိသေးကြောင်းသိပြီးဘယ်လောက်အားတက်မလဲဆိုပြီး ပြောမိသွားပါတယ်။ ချစ်ကီကိုမယုံသူတွေကလှောင်ပြောကြပေမဲ့ စစ်သားမိသားစုဝင်တွေကတော့ မျှော်လင့်ချက်တစ်မျှင်လေးအဖြစ် ပစ္စည်းလေးတွေလူကြုံလာထည့်ပေးကြပါတော့တယ်။ ချစ်ကီကလည်းမသွားချင်သွားချင်နဲ့ သွားဖို့ စုံစမ်းပေမဲ့ အကြောင်းအားလုံးတိုက်ဆိုင်ပြီး ဗီယက်နမ်စစ်မြေပြင်ကိုရောက်သွားတဲ့အခါ တီဗွီထဲမှာ ဝါဒဖြန့်နေတဲ့သတင်းတွေနဲ့မတူဘဲ အရာရာကွဲပြားနေတာကိုတွေ့ပြီး စစ်သားတွေ ဗီယက်နမ်တွေ သတင်းထောက်တွေကြားမှာ အလွဲမျိုးစုံနဲ့ အသက်မသေအောင် ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ...
movie

The Greatest Beer Run Ever (2022)

2022
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: An Unexpected Journey (2012)

2012
4K HEVCHDR