Channel Myanmar

Ruby Faye

Juang (2022) 7.0
Juang (2022)  ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie

Juang (2022)