Channel Myanmar

Rudhraksh Jaiswal

Extraction 2 (2023) 8.2
Extraction 2 (2023) Extraction 2 (2023)Extraction (2020) ရဲ့ အဆက် Extraction 2 လာပါပြီ။ မင်းသားက Chris Hemsworth ပဲဖြစ်သလို ဒါရိုက်တာကလည်း Sam Hargrave ပါပဲ။Extraction (2020) ဟာ အတော်ကောင်းပါတယ်။ မဖြစ်နိုင်တဲ့ စစ်ဆင်ရေးကို အသေခံပြီး လုပ်သွားတဲ့ ကြေးစားကြီးတစ်ယောက်အကြောင်းပေါ့။ သေနတ်ဒဏ်ရာ ဗလပွနဲ့ မြစ်ထဲကိုကျသွားတာ မသေစရာတော့မရှိပါဘူး။ ဒါပေမဲ့ မသေပါဘူး။ မသေတော့ အငြိမ်းစားယူသွားပါတယ်။ အငြိမ်းစားဆိုကတည်းက သေချာပေါက် ပြန်ချရမယ်ဆိုတာ အားလုံးသိပြီးသားပါပဲ။ အခုလည်း သူ့အငြိမ်းစားဘဝကနေ မငြင်းနိုင်ဘဲ သေချာပေါက်ပြန်လုပ်ခိုင်းနိုင်တဲ့သူ ပေါ်လာပါတယ်။ သူ့မိန်းမပါ။ ဖြစ်တတ်ပါတယ်။ သူ့မိန်းမရဲ့ ညီမကို ဂျော်ဂျီယာရဲ့ အကြီးဆုံးလူဆိုးဂိုဏ်းကြီးလက်ကနေ သွားကယ်ထုတ်ရတာပါ။ ဒါပေမဲ့ လူဆိုးဂိုဏ်းက ရိုးရိုး သေနတ်နဲ့ကားအဆင့်မဟုတ်ပါဘူး။ ကျည်ကားကား၊ လက်နက်ကြီး၊ ရဟတ်ယာဉ်တွေအထိပါပြီး မိုးအဆုံးမြေအဆုံးလိုက်သတ်တာကြောင့် ၂ နာရီစာလောက် မနားတမ်း ချရပါတော့တယ်....ထုံးစံအတိုင်း ဇာတ်လမ်းရော အက်ရှင်ရော ကြည့်လို့ကောင်းပါတယ်။ ကြည့်လိုက်ကြပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Extraction 2 (2023)

2023
4K HEVC
Extraction (2020) 8.1
Extraction (2020) သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။ ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ ကြမ်းပြနိုင်တာ အားရစရာပါပဲ။ Combat ခန်းတွေ အရမ်းကြမ်းပါတယ်။ ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။ အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့ ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့ ကြိုးစားပါတော့တယ်။ ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့ တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။File size…(5.5 GB)/(1.9 GB)/ (850 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….TSK/Ka Naung Translated by Littleneo
movie

Extraction (2020)

2020
4K HEVC