Channel Myanmar

Rudy Ledbetter

Amityville Ripper (2023)
Amityville Ripper (2023)  အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့... အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး.... (Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ)မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ...
movie

Amityville Ripper (2023)

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

Craving (2023)
Craving (2023)  မူးယစ်ဆေးဝါးအရောင်းအဝယ်လုပ်ကြမဲ့ ကိစ္စက အမှားအယွင်းဖြစ်သွားလို့ ပစ်ခတ်မှုတွေဖြစ်သွားတာကြောင့် ဝယ်မဲ့သူလေးယောက်အဖွဲ့ဟာအနီးအနားမှာရှိတဲ့ ဘားတစ်ခုကိုဝင်စီးပြီး ဘားထဲမှာ ရှိနေကြတဲ့လူတွေကိုလည်း ဓားစာခံလုပ်ထားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရင်ဆိုင်နေရတဲ့ အပြင်ဘက်ကလူတွေက မူးယစ်ဂိုဏ်းမဟုတ်ဘဲ စိတ္တဇလူသတ်သမားတွေအဖွဲ့လိုမျိုး ဖြစ်နေတာပါ။ ‌ အပြင်ဘက်မှာရှိနေတဲ့လူတွေကလည်း ဘားကိုပိတ်ဆို့ထားလိုက်ကြပြီး သူတို့လေးယောက်ထဲကမှ လူအများကြီးကိုသတ်ခဲ့တဲ့ မကောင်းဆိုးဝါးလိုကောင်ကို အချိန်တစ်နာရီအတွင်းမှာ သူတို့လက်ထဲအပ်ဖို့ ပြောနေပါတယ်။ ဒီလိုနဲ့ အချိန်ပြည့်ခါနီးလာလေလေ ဓားစာခံတွေနဲ့ သူတို့ကြားကအခြေအနေတွေကပိုတင်းမာလာပြီး သူတို့အချင်းချင်းကြားက အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်။သူတို့အချင်းချင်းစကားများနေကြတုန်းမှာပဲ ဓားစာခံတစ်ယောက်က သေနတ်ကိုရသွားပြီး သူတို့ကို ဓားစာခံပြန်လုပ်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာပြီး ဘယ်သူတွေအသက်ရှင်ကျန်မလဲ၊ အပြင်ဘက်ကအဖွဲ့ကရော စိတ္တဇလူသတ်သမားတွေလား၊ သူတို့ပြောတဲ့ မကောင်းဆိုးဝါးဆိုတာကရော ဘာဖြစ်နေမလဲဆိုတာကို သည်းထိတ်ရင်ဖိုနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ သွေးထွက်သံယိုပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာကြောင့် အသက် (၁၈) အောက် ကလေးတွေတော့ မကြည့်ရှုသင့်ပါဘူး။ File size…(1.2 GB)/(592 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre...Crime, Horror, Thriller Subtitle….Myanmar Subtitle ...
movie

Craving (2023)

Yule Log (2023)
Yule Log (2023)  ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Yule Log (2023)

The Haunting at Saint Joseph’s (2023) 5.5
The Haunting at Saint Joseph’s (2023)  လီလီခေါ် လီလယ်နာဟာ အများကချစ်ခင်ကြတဲ့ဆရာဝန်မလေးတစ်ယောက်ပါ။ သူ့ရဲ့ချစ်သူ ကစ်တ်ဟာလည်းဆရာဝန်တစ်ယောက်ဖြစ်ပြီး သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပါတယ်။ကစ်တ်မှာတော့ ညီမတစ်ဦး ရှိပြီး ကစ်တ်ရဲ့ညီမဟာ သူ့အစ်ကိုရဲ့ရည်းစားတိုင်းနဲ့သူ့အစ်ကိုပြတ်အောင် လုပ်တတ်လို့ အခုလို လက်ထပ်ခါနီး ကျမှလက်ထပ်တော့မယ့်အကြောင်းကိုသိရသူပါ။ ဂျက်စ်ကတော့ လီလီရဲ့အခင်ဆုံးကောင်းတူဆိုးဖက် သူငယ်ချင်း ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့ ၄ယောက်နဲ့အတူတခြားသူငယ်ချင်း ၂ဦးကိုပါ ခေါ်လာပြီး ရှေးခေတ်က စိန့်ဂျိုးဆက်ပ်ဘုရားကျောင်းနားမှာရှိတဲ့ စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာကို အပျော်ခရီးထွက်လာကြပါတယ်။စိန့်ဂျိုးဆက်ပ်တည်းခိုရိပ်သာပတ်ဝန်းကျင်မှာကြောက်စရာကောင်းတဲ့ဇာတ်လမ်းတွေ ပုံပြင်တွေ မနည်း မနောရှိပေမယ့်သူတို့ကတော့ ဒါတွေကို သိပ်အယုံအကြည်မရှိပါဘူး။ ဒါပေမယ့်စိန့်ဂျိုးဆက်ပ်ကိုရောက်ပြီး သိပ် မကြာခင်မှာပဲ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ဝုန်းခနဲ ဒိုင်းခနဲ ခြောက်ခြားစရာတွေမဟုတ်ဘဲ တစိမ့်စိမ့်နဲ့ ကျောချမ်းစရာဖြစ်တဲ့ဇာတ်လမ်းမျိုးကို ကြိုက် နှစ်သက်တွေ သဘောကျမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။  File size…1.63GB / 813MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

The Haunting at Saint Joseph’s (2023)