Channel Myanmar

Ruka Ishikawa

Ichiko (2023) 6.5
Ichiko (2023) Ichiko 2023 IMDb 6.6/10ဂျပန်နိုင်ငံမှာ ဥပဒေတစ်ခုရှိတယ် ယောကျာ်းနဲ့ကွာရှင်းပြီးရက်ပေါင်း ၃၀၀ အတွင်းမှာမွေးလာတဲ့ ကလေးကို နောက်ယောကျာ်းနဲ့အိမ်ထောင်မှာ စာရင်းသွင်းလို့မရဘူး အဲ့ဒီကလေးကို အရင်ယောကျာ်းရဲ့ မိသားစုဝင်လို့ပဲသတ်မှတ်တယ်ပေါ့ ဒါဆို အဖေဘယ်သူမှန်းမသိပဲ မွေးလာတဲ့ကလေးဆိုဘယ်လိုလုပ်ကြမလဲ....ဒီကားလေးကတော့ မွေးစာရင်းမရှိ မှတ်ပုံတင်လဲမရှိ တဲ့ အီချီကို ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဘဝကို ဘယ်လိုရှင်သန်နေထိုင်သွားလဲဆိုတာ ဇာတ်အိမ်ခိုင်ခိုင်လေးနဲ့ရိုက်ပြသွားမှာဖြစ်ပါတယ် သူ့ကို အရမ်းချစ်တဲ့ ကောင်လေးနှစ်ယောက်ကရော သူ့ကိုဘယ်လိုတွေကူညီသွားမှာလဲ ပထွေးဖြစ်သူကရော သူ့အပေါ်ဘယ်လိုတွေ ဆက်ဆံမလဲ ယောက်ကျားတွေတစ်ယောက်ပြီးတစ်ယောက်ယူနေတဲ့ မိခင်အရင်းကရော ဘာလို့သူ့ကို မကူညီနိုင်တာလဲဆိုတာနဲ့ အရမ်းချစ်ရတဲ့သူတစ်ယောက်ရုတ်တရက်ပျောက်ဆုံးသွားပြီး ပြန်မလာတော့ အသည်းအသန်လိုက်ရှာကြတဲ့ ကောင်လေးနှစ်ယောက်ရဲ့ ပူဆွေးမှုကလဲ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ် ဇာတ်လမ်းက ရှေ့ရောက်လိုက်နောက်ရောက်သွားလိုက်ဖြစ်နေပေမယ့် အောက်ထောင့်မှာ ရက်စွဲလေးနဲ့ ဖော်ပြထားတော့ အလွယ်တကူနားလည်နိုင်ပါတယ် မိသားစုနဲ့ အေးအေးဆေးဆေးကြည့်မယ်ဆိုလဲ အဆင်ပြေတဲ့ကားလေးပါ တစ်ကောင်ကြွက် FA ဆိုရင်တော့ ကြည့်ရင်းနဲ့ ကြိတ်ငိုပေါ့အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery Quality…. 1080p | 720p File size… 1.8GB | 876MB Format… mp4 Duration…. 2h ...
movie

Ichiko (2023)

2023
[18+] Colorless (2019)
[18+] Colorless (2019) Colorless (2019) (18+)IMDb - 6.4/10ဒီတစ်​ခေါက် မိတ်ဆက်​ပေးမယ့်ဇာတ်ကား​​လေးက​တော့ 2019 မှာထွက်ရှိထားတဲ့ ဂျပန် အချစ်ရိုမန့်ဒရမ်မာ ဇာတ်လမ်းလေး  Colorless ​​ပဲဖြစ်ပါတယ်။ အချစ်ရိုမန့်ဆိုပေမယ့် ဇာတ်ဝင်ခန်းတွေကိုပေါ်ပေါ်ထင်ထင်ရိုက်ကူးထားလို့ မိသားစုနဲ့တော့ကြည့်လို့မရပါဘူး....ဇာတ်လမ်းကတော့....အိုရာမာဒါဆိုတဲ့ ကောင်ချောလေးဟာ နာမည်ကျော်ဓါတ်ပုံဆရာဖြစ်ချင်တဲ့ အိမ်မက်​နောက်ကိုလိုက်​ရင်း ကြိုစား​ပေမယ့် ဘာတစ်ခုမှမအောင်မြင်ဘဲ လူငယ်ဘာဝ ထုံးစံအတိုင်း ကျရှူံးမှုတွေပဲ ရင်ဆိုင်နေရသူလေးပါ။တာနာကာယူကာဆိုတဲ့ ​ချစ်စရာ မော်ဒယ်မ​လေးကလဲ ဇာတိ​တောမြို့​လေးက​နေ ​မော်ဒယ်တစ်​ယောက်ဖြစ်ရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ တိုကျိုမြို့​ပေါ်တက်လာ​ပေမယ့် မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ အ​ကြွေး​တွေပုံလာပြီး သူမဘဝတစ်ခုလုံးကို အလိမ်အညာ​တွေနဲ့ပဲ ဖုံးကွယ်ဟန်​ဆောင်​နေရတဲ့ သနားစရာကောင်မလေးတစ်ယောက်ပါ။ဒီလို လူငယ်ဘာဝ ကျရှူံးမှုတွေနဲ့ နာကျင်နေကြရတဲ့ သူတို့နှစ်ဦး တစ်နေ့မှာ ဓာတ်ပုံရိုက်ရင်းဆုံကြရာကနေ လူငယ်ဘာဝ တစ်ယောက်ကိုတစ်ယောက် ငြိတွယ်မိကြတယ်ပေါ့.....ဒါပေမယ့် မဖြစ်လာတဲ့အိမ်မက်တွေကိုယ်စီနဲ့သူတို့နှစ်ယောက်ကြား ဖုံးကွယ်ထားတဲ့အလိမ်အညာတွေနဲ့ ပွင်းလင့်တဲ့အထိအတွေ့တွေက နူးညံ့တဲ့နှလုံးသားကို ဘယ်လောက်ထိရိုက်ခတ်လာကြမလဲဆိုတာ.......။ File size…(1.5 GB)/(680 MB) Quality….WEB-DL 1080p /720p Format…mp4 Duration….02:02:10 Subtitle….Myanmar Subtitle (Hardsub) Encoder….RGB Translated by DB
movie

[18+] Colorless (2019)

[18+]A Girl on the Shore(2021) 6.7
[18+]A Girl on the Shore(2021) [18+]A Girl on the Shore(2021)*****************************18+ ဖြစ်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါကြောင်းကျောင်းသူလေးခိုအုမဲဟာ စီနီယာကျောင်းသား မိဆုခိနဲ့ ဒိတ်နေတယ်လို့ကျောင်းမှာသတင်းထွက်နေပေမယ့် မိဆိုခိဟာ ခိုအုမဲကို အပျော်ပဲကြံတယ်။စိတ်အလိုရှိရင်ခဏသုံးပြီးပစ်ထားလိုက်တယ်။ ဒါပေမယ့် ရုပ်ချောချောကောင်လေးတွေကိုသဘောကျတဲ့ ခိုအုမဲဟာ စိတ်မနာပါဘူး တစ်ဖက်မှာလည်း ပထမနှစ်ကတည်းတစ်တန်းတည်းအတူတူတက်တဲ့အိဆိုဘဲဆိုတဲ့ ကောင်လေးက တစ်သီးတစ်ခြားနေတတ်တော့ကျောင်းမှာသူငယ်ချင်းဆိုတာမရှိဘူး ဒါပေမယ့် အိုခုမဲတစ်ယောက်တည်းသာသူ့အတွက်သူငယ်ချင်းလို ဖြစ်နေတယ်။ အိဆိုဘဲကို အိုခုမဲတစ်ယောက်မကြိုက်ပေမယ့် ဆယ်ကျော်သက်တို့သဘာဝ လက်တည့်စမ်းရင်းနဲ့ပဲ....File Size :(1.4 GB) and (582 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:48:00 Genre : Adult,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS     
movie

[18+]A Girl on the Shore(2021)