Channel Myanmar

Ruocheng Ying

The Last Emperor (1987) 7.7
The Last Emperor (1987) The Last Emperor (1987)===================IMDb Rating - 7.7/10#Unicodeနောက်ဆုံး ဧကရာဇ်တဲ့ . . .နှစ်ပေါင်းနှစ်ထောင်ကျော်သက်တန်းကြာခဲ့တဲ့ တရုတ်ပြည်ကြီးရဲ့ သက်ဦးဆံပိုင် အုပ်ချုပ်ရေးမှာကျိန်မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ပုယီ၊ အသက် ၃နစ်သားကတည်းက နောက်ကွယ်က ကြိုးကိုင်ချင်တဲ့လူတွေကြောင့် ရင်ခွင်ပိုက် ဧကရာဇ်ဖြစ်လာခဲ့တယ် ။ နောက်တော့ သမ္မတနိုင်ငံခေတ်မှာအဆောင်အယောင်တွေ မစွန့်လွှတ်ရပေမယ့် ထီးနန်းတော့ စွန့်လွှတ်ခဲ့ရပြီ ။  အချိန်ကတော့တရုတ်ပြည်တခုလုံး စစ်ဘုရင်တွေ အာဏာပြိုင်လုနေတဲ့အချိန်ပေါ့ ။ တရုတ်ပြည်ကြီးရဲ့အကြောင်းတော့ မဆိုထားနဲ့ နန်းတော်အပြင်ဘက်လေးမှာတောင် ဘာဖြစ်လို့ ဖြစ်မှန်း သိခွင့်မရတဲ့ ပုယီ ။ဆရာ ရယ်ဂျီနယ်ဖလီးမင်းဂျွန်စတန် ရဲ့ အဆုံးအမတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ပုယီ ။ ကိုယ့်ကြင်ယာတော်ကိုတောင် ကိုယ်ရွေးခွင့် မရှိတဲ့ပုယီ။ ဂျပန့်လက်အောက်ခံ မန်ချူးကိုး ဧကရာဇ် ပုယီ ။ ၁၉၅၀အလွန်မော်စီတုန်းခေတ်ရဲ့ ပြန်လည်ထူထောင်ရေး စခန်းက အကျဥ်းသား ...
movie

The Last Emperor (1987)

1987
Little Buddha (1993) 6.0
Little Buddha (1993) IMDb Rating (6/10)/Rotten Tomatoes (68%)Little BuddhaUnicodeဒီဇာတ်ကားလေးက အနောက်နိုင်ငံ(အမေရိကန်နိုင်ငံ)သားတွေမှ ကျွန်တော်တို့"ဗုဒ္ဓမြတ်စွာ"ရဲ့ "ဗုဒ္ဓဝင်"ကို စနစ်တကျလေ့လာပြီး ရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို ပြောပြရရင်တော့--- ဒီဇာတ်လမ်းမှာ အခန်းကဏ္ဍ၂ခုပါဝင်နေပါတယ်တခုကတော့ "ဗုဒ္ဓမြတ်စွာ"ရဲ့ သိဒ္ဓတ္ထမင်းသားဘဝကနေ သစ္စာလေးပါးသိမြင်ပြီး ဗုဒ္ဓဖြစ်တဲ့အချိန်အထိ ဗုဒ္ဓဝင်ကို လေးစားအတုယူဖွယ် ရိုက်ပြထားပြီး သိဒ္ဓတ္ထမင်းသားအဖြစ် Keanu Reeve ကီနူးရိဗ်က သရုပ်ဆောင်ထားပါတယ်...နောက်တခုကတော့ တိဗက်လူမျိုးတို့ရဲ့ "လူပြန်ဝင်စားခြင်း" သက်ဝင်ယုံကြည်မှုအရ ဆရာဖြစ်သူ "ဆရာတော်လာမာဒေါ်ဂျီ" ပြန်ဝင်စားသည်ဟု ယုံကြည်ဖွယ်ရှိသည့် အမေရိကန်လူမျိုးကလေးငယ် "ဂျက်ဆီ" ထံသို့ တိဗက်ဗုဒ္ဓဘာသာဘုန်းကြီးများမှ လာရောက်တွေ့ဆုံပြီး ဘူတန်နိုင်ငံသို့လိုက်ခဲ့ရန် မိဘများထံ ခွင့်ပန်တဲ့ဇာတ်လမ်းကို ရိုက်ပြထားပါတယ်။တိဗက်ဆရာတော်များရဲ့ နောက်ဘဝရှိသည် ဆိုတာကို အယုံအကြည်မရှိသူ ဂျက်ဆီရဲ့ဖခင်က အထင်အမြင်လွဲမှုတွေရှိနေပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်း အက်စီးဒင့်ဖြင့် သေဆုံးသွားတဲ့အခါ စိတ်ပြေလက်ပျောက်သဘောဖြင့် သားဖြစ်သူနှင့် ဘူတန်နိုင်ငံသို့ လိုက်သွားခဲ့ရာမှ...ဘူတန်နိုင်ငံရှိ စေတီအကြောင်းတွေ တိဗက်ဘုန်းတော်ကြီးများရဲ့ ဘာသာရေးအယူအဆများအကြောင်းတွေကို ဗဟုသုတရဖွယ် ရိုက်ပြထားပါတယ်....ဒီဇာတ်ကားမှာ ကျွန်တော်တို့နိုင်ငံရဲ့ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာများနဲ့ တိဗက်ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာတို့၏ အနည်းငယ်ကွဲပြားမှုများကိုလည်း ဗဟုသုတဖြစ်ဖွယ် လေ့လာခွင့်ရမှာ ဖြစ်ပါတယ်..ဒါ့အပြင် ဗုဒ္ဓဘာသာ တိဗက်ဘုန်းကြီးများရဲ့ "မမြဲခြင်းသဘော"ကို နက်ရှိုင်းစွာ နှလုံးသွင်းတတ်ပုံနဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်းကင်းစွာ "သေခြင်းတရား"ကို ရင်ဆိုင်နိုင်တဲ့ စိတ်ဓာတ်ကိုလဲ ချီးကျူးဂုဏ်ယူ တွေ့မြင်ရမှာပါ...ဗုဒ္ဓဘာသာရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ သေခြင်းတရားကို မကြောက်လန့်ဘဲ ရင်ဆိုင်နိုင်တဲ့ နှလုံးသွင်းမှန်မှုသဘောကို အနောက်နိုင်ငံသားများကပါ လေးစားချီးကျူ းရတာ အမှန်ပါပဲ....ဒီဇာတ်ကားရဲ့ ...
movie

Little Buddha (1993)

1993