Channel Myanmar

Rupert Penry-Jones

The Four Feathers (2002) 6.5
The Four Feathers (2002) The Four Feathers (2002)ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့... ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth... နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age... သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ...
movie

The Four Feathers (2002)

A Little Chaos (2014) 6.5
A Little Chaos (2014)  ဒီရုပ်ရှင်ကတော့ ပြင်သစ်ဘုရင်ခေတ်မှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဒရာမရုပ်ရှင်တကားဖြစ်ပါတယ်။ပြင်သစ်ဘုရင်ကြီး Louis XIV ဟာ ဗာဆိုင်းလ်နန်းတော်ကြီးမှာ ဘုရင့်ဥယျာဉ်တော်တစ်ခု တည်ဆောက်ဖို့အတွက် မိန့်ကြားလိုက်ပါတယ်။ဆဘင်းဒီဘာရာကတော့ ဥယျာဉ်ခြံအစရှိတဲ့ ဗိသုကာအဆောက်အအုံတွေကို ဆောက်လုပ်ရင်း အသက်မွေးနေတဲ့ အမျိုးသမီးတဦးဖြစ်ပါတယ်။ ဒီဘာရာဟာ ဘုရင်ကြီးလူး၀စ်အတွက် ဥယျာဉ်ကိုဆောက်လုပ်ပေးဖို့ လီနော်ထရာလို့အမည်ရတဲ့ ဗိသုကာပညာရှင်တဦးနဲ့ အတူ တာ၀န်ပေးခံလိုက်ရပါတယ်။ဘုရင့်ဥယျာဉ်တော်ကို တည်ဆောက်ပေးရင်း ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်သံယောဇဉ်ဟာလည်း ပိုမိုခိုင်မြဲလာခဲ့ပါတယ်။ ဒီဘာရာနဲ့ လီနော်ထရာတို့ရဲ့ ချစ်ဇာတ်လမ်း ၊ ဒီဘာရာရဲ့ အတိတ်က ဒဏ်ရာတွေ အပြင် ရှေးပြင်သစ်တို့ရဲ့ ဘုရင့်တိုင်းပြည်မှာကျင့်သုံးခဲ့တဲ့ အစဉ်ပလာတွေ အထက်တန်းလွှာတွေရဲ့ ယဉ်ကျေးမှုတွေကို ကြည့်ရှုရမှာမလို့ ပြင်သစ်ယဉ်ကျေးမှုကို ချစ်မြတ်နိုးသူတွေအနေနဲ့တော့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားလေးတကားဖြစ်ပါတယ်။အမျိုးသမီးသရုပ်ဆောင်တွေထဲမှာလည်း ကိတ်ဝင်းစလက်တို့ ကွယ်လွန်သွားပြီဖြစ်တဲ့ ပီကီဘလိုင်ဒါ မင်းသမီးကြီး ဟင်လင်မက်ခရိုရီတို့က ပါ၀င်အားဖြည့် သရုပ်ဆောင်ထားပါတယ်။ File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:57:00 Genre...Drama, Romance Subtitle….Myanmar ...
movie

A Little Chaos (2014)

Red Tails (2012) 5.9
Red Tails (2012) Red Tails (2012) ================ Red Tailsဟာ STARWAR , Indiana Jonesတို့ရဲ့ ပဲ့ကိုရှင် LEGENDကြီး ဂျော့လူးကပ်စ်ရဲ့ lucas filmကို ဒစ္စနေးကို မရောင်းပစ်ခင် လူးကပ်စ် နောက်ဆုံး လွတ်လွတ်လပ်လပ် စီစဉ်ထုတ်ဝေခဲ့တဲ့ ရုပ်ရှင်ပါ။ သူကိုယ်တိုင် ဒီဇာတ်ကို အစပြုခဲ့တာလည်း ဟုတ်ပါတယ်။ Red Tailsကို လူးကပ်စ်ဟာ ၁၉၈၈လောက်မှာ သူ့သူငယ်ချင်းဆီကနေ Tuskegee လေတပ်သားတွေအကြောင်းကြားရတော့ စပြီး ရိုက်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဟိုလုပ် ဒီလုပ်နဲ့ ၂၀၁၂မှ ထွက်လာပါတယ်။ ဂျော့လူးကပ်စ်လည်း တစ်ချို့နေရာတွေရိုက်ခဲ့ပေမဲ့ အများစုကိုတော့ Anthony Hemingway ကိုပဲ လွှဲပေးထားခဲ့ပါတယ်။ဇာတ်ကြောင်းကတော့ Tuskegee airmenလို့ခေါ်တဲ့ အာဖရိကန် အမေရိကန်ပိုင်းလော့ တွေရဲ့ ဒုတိယကမ္ဘာစစ်အတွင်း လေသူရဲလုပ်ခဲ့တဲ့အကြောင်းကို ရိုက်ထားတာပါ။ လူမဲတွေကိုနေရာမပေးချင်တာတွေ လူမျိုးရေးတွေကြားကနေ လေသူရဲအစစ်တွေ ဖြစ်လာပြီး ဘာလင်ကိုပါ ဗုံးကြဲရာမှာ ပါဝင်ခဲ့တဲ့ ပထမဆုံးလူမဲပိုင်းလော့တွေအကြောင်းပါ။တကယ့်ဖြစ်ရပ်ပေါ်အခြေတည်ပြီး စိတ်ကူးယဉ်ဇာတ်ကောင်တွေနဲ့ ပေါင်းစပ်ရိုက်ကူးထားပါတယ်။ ကောင်းကွက်နဲ့ဆိုးကွက်တော့ရှိပါတယ်။ ဆိုးကွက်ကတော့ ဒီရုပ်ရှင်ကိုဝေဖန်တဲ့ သူတော် တော်များများက saving the private ryanလို ဒရာမာပိုထည့်သင့်တယ်ပြောကြပါတယ်။ လေကြောင်းတိုက်ခိုက်ခန်း ...
movie

Red Tails (2012)

2012
The Batman (2022) 8.3
The Batman (2022) ဒါလည်း အားလုံးကြည့်ချင်နေမယ့် ရုပ်ရှင်ပါပဲ။ Rating 8.3 ထိ ရထားတဲ့ တစ်မျိုးဆန်းသစ်တဲ့ ဇာတ်လမ်းပါပဲ။ မင်းသားကလည်း တွိုင်းလိုက်ရုပ်ရှင်တွေနဲ့ နာမည်ကြီးခဲ့တဲ့ ဒါမှမဟုတ်နာမည်ကျခဲ့တဲ့ ရောဘတ် ပတ်တီဆန်ပါပဲ။ ဒီအထဲမှာ catwoman ကိုလည်း မိတ်ဆက်ထားပြီး အဓိက ဗီလိန်ကတော့ ရစ်ဒလာ ဆိုတဲ့ နာမည်ကျော်ဘတ်မန်းဗီလိန်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကလည်း စုံထောက်ဆန်ဆန် ပဟေဠိတွေနဲ့ တည်ဆောက်ထားတာမို့ ထိုင်ရမထ ကြည့်ချင်မယ့် ရုပ်ရှင်မျိုးပါပဲ။ ကိုယ်တိုင်ခံစားကြည့်လိုက်ကြပါဦး။File size…(4.4 GB)/(1.8 GB)/(1 Gb)/( 500 Mb) Quality….WEB-DL 4K HEVC / 1080p / 720p / 480p Format…mp4 Duration….02:56:00 Genre...Drama, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson, Nyeinsaeya Aung Translated by Mr. Anderson 
movie

The Batman (2022)

4K HEVC Web-DL
Match Point (2005) 7.6
Match Point (2005) Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie

Match Point (2005)