Channel Myanmar

Russ McKamey

Monster Inside: America’s Most Extreme Haunted House (2023) 5.5
Monster Inside: America’s Most Extreme Haunted House (2023)  ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ရုပ်ရှင်မဟုတ်ပဲအမေရိကရဲ့ကြောက်စရာ အကောင်းဆုံးအိမ်ကြီးထဲက မကောင်းဆိုးဝါးတစ်ကောင်အကြောင်း ဖြစ်ရပ်မှန်တီဗီအစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။Monster Inside America's Most Extreme Haunted House ဆိုတဲ့နာမည်နဲ့ထွက်ရှိထားတာဖြစ်ပြီး သည်းထိပ်ရင်ဖိုဆိုကြိုက်မှကြိုက်ဆိုတဲ့လူတွေ လက်လွတ်မခံကြည့်သင့်တဲ့ အစီအစဉ်တစ်ခုပဲဖြစ်ပါတယ်။၂၀၁၇ ခုနှစ်လောက်တုန်းက အမေရိကမှာဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့မက်ကေမီအိမ်ကြီးဆိုတဲ့ နေရာတစ်ခုရှိပါတယ်။အဲ့ဒီနေရာကို ရက်စ်မက်ကေမီဆိုတဲ့လူက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အဲ့ဒီနေရာကိုအဓိကကြီးကြပ်ဦးစီးနေသူလည်းဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးက ဘာလို့နာမည်ကြီးသွားရလဲဆိုရင် အဲ့ဒီအိမ်ကြီးထဲကိုလာတဲ့ လူတိုင်းကို စစ်မှန်တဲ့ပြင်းထန်တဲ့ အလွန်အမင်းဖြစ်တဲ့သည်းထိတ်ရင်ဖိုအတွေ့အကြုံတွေကို ပေးစွမ်းနိုင်လို့ပဲဖြစ်ပါတယ်။အဲ့ဒီအိမ်ကြီးထဲကို ဝင်ချင်တိုင်းလည်းဝင်လို့မရပါဘူး။ကျန်းမာရေးစစ်ဆေးချက်တွေလုပ်ပြီး သင့်တော်တယ်ဆိုမှသူတို့ရဲ့ စာချုပ်မှာပါတဲ့ အချက်အလက်တွေကိုသဘောတူလက်မှတ်ထိုးပြီးမှဝင်ခွင့်ရှိတာပါ။အဲ့ဒါကြောင့်မလို့ လည်း ယနေ့ထိတိုင်စိတ်ဝင်စားနေတဲ့လူအများအပြားရှိနေသေးတာဖြစ်ပါတယ်။အဲ့ဒီထဲမှာကိုယ့်ကိုနှိပ်စက်မယ် ရိုက်နှက်မယ် ရေနှစ်မယ်သွားတွေဆွဲထုတ်မယ် မသေရုံတမယ်နှိပ်စက်မယ်ဆိုတဲ့ ၈ နာရီကြာဝန်ဆောင်မှုတွေအများကြီးရပါတယ်။ဒီတော့ကိုယ့်သတ္တိကိုယ်ယုံကြည်ပြီးတော့ သည်းထိပ်ရင်ဖို အစစ်အမှန်ကိုမှခံစားချင်တယ်ဆိုရင်တော့ အဲ့ဒီကိုသွားကြဖို့အကြံပေးချင်ပါတယ်။ဒါပေမယ့်လူတွေဆိုတာသိတဲ့အတိုင်း ကောင်းတာလုပ်ရင်တောင် ဝိုင်းပြောချင်နေကြတာဆိုတော့ဒီလိုဆိုးဝါးတဲ့ အရာတစ်ခုအပေါ်မှာလည်း သဘောထားတွေကွဲလွဲလာခဲ့ကြပါတော့တယ်။ထောက်ခံသူတွေက ထောက်ခံ ဆန့်ကျင်သူတွေကဆန့်ကျင်ပြီးတော့ ပွဲတွေဖြစ်ခဲ့ကြတာဆိုရင်ယနေ့ထိတိုင်ပါပဲ။ဒီထဲမှာ အဲ့ဒီအိမ်ကိုသွားခဲ့ဖူးတဲ့ လူသုံးယောက်ကသူတို့ရဲ့အတွေ့အကြုံတွေအထင်အမြင်တွေကို ပြောပြထားတာကိုအဓိကထား ရိုက်ကူးထားပါတယ်။ဒီတော့ကိုယ်လဲစိတ်ဝင်စားလို့ သွားချင်တယ်ဆိုရင်တော့ မသွားခင် ဒီအစီအစဉ်လေးကိုကြည့်သွားဖို့အတွက်အကြံပေးလိုက်ချင်ပါတယ်။ File size…1.60GB / 681MB Quality…WEB-DL 1080p 5.1 ...
movie

Monster Inside: America’s Most Extreme Haunted House (2023)